Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လက်ဘနွန်သို့ ကက်သလစ်အရေးပေါ်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာ များ ပေးပို့
လက်ဘနွန်သို့ ကက်သလစ်အရေးပေါ်ကူညီရေးအဖွဲ့မှ စားနပ်ရိက္ခာ များ ပေးပို့
နိုင်ငံတကာ ကက်သလစ်များ၏ကရုဏာရေးနှင့် အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့(အေစီအန်)သည် ယူရို ၂၅၀၀၀၀တန်ဖိုးရှိ အစားအသောက်များကို သြဂုတ်လ၄ရက်က ပေါက်ကွဲမှုဖြစ်ခဲ့သော လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့သို့ ပေးပို့ခဲ့သည်။
ထိုအဖွဲ့သည် ပေါက်ကွဲမှုကို ပြင်းစွာခံစားရသော ဆင်းရဲသားမိသားစုများကို အဓိက ဦးတည်ပြီး ဘေရွတ်ဆိပ်ကမ်းတွင်နေထိုင်သော မိသားစုများကိုလည်း အလေးပေးကူညီမည်ဟုဆိုသည်။ထိုဖြစ်စဥ်ကြောင့် လူ၁၃၅ဦးသေဆုံးပြီး လူ၅ထောင်ကျော် ဒဏ်ရာရခဲ့သည်။ဆိပ်ကမ်းရှိ သိုလှောင်ရုံမှ အမိုနီယမ် နိုက်ထရိတ် တန်ချိန် ၂၇၅၀ ပေါက်ကွဲသောကြောင့်ဟု ကြေညာထားသည်။
လက်ဘနွန်လူမျိုး FrSaner Nassiteက ဘုရားကျောင်း၁၀ခုကျော် ပျက်စီးခဲ့ပြီး သုညမှပြန်စရမည့်အခြေအနေဖြစ်နေကြောင်း။လက်ဘနွန်၏စီးပွားပျက်ကပ်ကြောင့် အခြေအနေကို ပို၍ကျပ်တည်းစေကြောင်းပြောကြားသည်။
ပေါက်ကွဲမှုကြောင့် လူသုံးသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လက်ဘနွန်သည် ဆီးရီးယားနှင့်အီရတ် ဒုက္ခသည်များကို လက်ခံပေးထားပြီး ခရစ်ယာန်များလည်းပါဝင်သည်။စီးပွားပျက်ကပ်၊ကိုရိုနာရောဂါတို့ကြောင့် နိုင်ငံသည် ခက်ခဲကျပ်တည်းမှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရသည်။
ဘာသာပြန် - Agnes Lawh Lun
Photo courtesy of : Erich Karnberger/Shutterstock
Add new comment