Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လက်ဘနွန်ပေါက်ကွဲမှု ကြောင့် ထိခိုက်သူများအတွက် ပုပ်ဖရန်စစ် ဆုတောင်း
Wednesday, August 05, 2020
လက်ဘနွန်ပေါက်ကွဲမှု ကြောင့် ထိခိုက်သူများအတွက် ပုပ်ဖရန်စစ် ဆုတောင်း
လက်ဘနွန်နိုင်ငံ Beirut တွင် အင်္ဂါနေ့က ကြီးမားသော ဓာတ်အိုးပေါက်ကွဲမှုကြီးကြောင့် ဒုက္ခတွေ့နေရသူများအတွက် ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်နှင့် တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဆုတောင်းပေးခဲ့ပါတယ်။
ဆိပ်ကမ်းအနီးက ဒီပေါက်ကွဲမှုမှာ ပျက်ဆီးမှုပေါင်းများစွာ လူရာကျော် သေဆုံးခြင်းနှင့် ထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် လက်ဘနွန်ဟာ ဝမ်းနည်းကြေကွဲနေရပါတယ်။
လက်ဘနွန်၏ မြို့တော် ဆိပ်ကမ်းဂိုဒေါင်မှာသိုလှောင်ထားတဲ့ အမိုနီယမ် ဓာတ်ပေါင်း တန် များစွာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ရတယ်လို့ အာဏာပိုင်များက ပြောကြားခဲ့သည်ကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of: AFP or licensors
 
         လက်ဘနွန်ပေါက်ကွဲမှု ကြောင့် ထိခိုက်သူများအတွက် ပုပ်ဖရန်စစ် ဆုတောင်း
လက်ဘနွန်ပေါက်ကွဲမှု ကြောင့် ထိခိုက်သူများအတွက် ပုပ်ဖရန်စစ် ဆုတောင်း 
      
      
Add new comment