လက်ဘနွန်တွင် ခရစ်တော်ဖွား မြင်ခန်းကို ဘေရွတ်မြို့ပေါက် ကွဲခြင်းမှ အပိုင်းအစများဖြင့် ပြုလုပ်ခဲ့

လက်ဘနွန်တွင် ခရစ်တော်ဖွား မြင်ခန်းကို ဘေရွတ်မြို့ပေါက် ကွဲခြင်းမှ အပိုင်းအစများဖြင့် ပြုလုပ်ခဲ့

ပေါက်ကွဲမှုများ ဖြစ်ပွားပြီး (၆)လအကြာတွင် ဘေရွတ်မြို့ရှိ ကက်သလစ်အဖွဲ့အစည်းမှ ထိုအပျက်အဆီးများကြားတွင် ခရစ္စမတ်ပွဲတော်ကျင်းပရန် ပြင်ဆင်ခဲ့သည်။

St. Savior နှင့် St. Basil သာသနာနယ်တို့သည် ပေါက် ကွဲမှုဖြစ်သော ဆိပ်ကမ်းနှင့်အနီးတွင် တည်ရှိပြီး ထိုနယ်ရှိ ကျောင်းထိုင်ဘုန်းတော်ကြီးမှ သူ၏ဘာသာတူများအား ခရစ္စမတ်ပွဲတော်ကို ယုံကြည်ခြင်းဖြင့် ကျင်းပရန် အားပေးခဲ့သည်။

ဘေရွတ်ရှိ ဂရိကက်သလစ်ဓလေ့ထုံးတမ်းအစဉ်အလာမှ ဘုန်းတော်ကြီးဖြစ်သူ သည် “ခရစ်တော်ဖွားမြင်ခြင်းပုံစံကို သြဂုတ်လ(၄)ရက်နေ့က ဘေရွတ်မြို့၏ဆိပ်ကမ်းတွင် ဖြစ် ပွားခဲ့သော ၀မ်းနည်းဖွယ်ရာပေါက်ကွဲမှု၏ အပျက်အဆီးအပိုင်းအစများဖြင့် ပြုလုပ်ခဲ့ပြီး ပျက်ဆီးခြင်းများ၏ အ လယ်၊ ပျက်ဆီးနေသော တံခါးများနှင့် ကြေမွနေသောအိမ်များကြားတွင် ခရစ်တော်သည် ကြွလာလျှက်ရှိပြီး ပျက်ဆီးခြင်းများကြားတွင် သခင်ခရစ်တော်သည် မျှော်လင့်ခြင်းများကို သယ်ဆောင်ပေးလျှက်ရှိကြောင်း” ပြောကြားခဲ့သည်။

သခင်ခရစ်တော် ဖွားမြင်ခြင်းကို စောင့်မျှော်သကဲ့သို့ ထိုနေ ရာတွင် မရှိတော့သောသူများအတွက် မျှော်လင့်ခြင်း၏ သင်္ကေတအဖြစ် အမိမယ် တော်နှင့် အဖသံဇူဇယ်၏ ဆင်းတုတော်များကို ဘုရားကျောင်းခေါင်မိုးအပျက်အစီးများအပေါ်တွင် ထားခဲ့သည်။

“သခင်ခရစ်တော်သည် မှောင် မိုက်နေချိန်တွင် အလင်ဆောင် ယူသူဖြစ်ပြီး ၀မ်းနည်းကြေကွဲနေချိန် အတွက် ၀မ်းမြောက်ပျော်ရွှင်ခြင်းကို ယူဆောင်သူဖြစ်ကြောင်း”လည်း ပြောဆိုခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: RomeReports

https://bit.ly/3hjov8E

Add new comment

3 + 0 =