လက်ထပ် ထိမ်းမြားမည့် ဇနီးမောင်နှံများနှင့် ဖေးကူလျောက်လှမ်း ရမည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

လက်ထပ် ထိမ်းမြားမည့် ဇနီးမောင်နှံများနှင့် ဖေးကူလျောက်လှမ်း ရမည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

လက်ထပ် ထိမ်းမြားမည့် ဇနီးမောင်နှံများနှင့် ဖေးကူလျောက်လှမ်း ရမည်ဟု ပုပ်ဖရန်စစ် မြွက်ကြား

အိမ်ထောင်သည်ဘဝ အတွက် ဘာသာ တရားသွန်သင်ချက်ဆိုင်ရာ အချက် အလက်များ ကိုသင်ကြားလမ်းညွှန်ပေးနိုင်မှုအစပြုဖန်တီးပေးနိုင်ရန် ပါပါးဖရန်စစ်က ရေးသားထုတ်ဖော်ခဲ့ပါတယ်။

အိမ်ထောင်ကွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဝေဒနာဆိုးကျိူးများကို ရှောင်ရှားနိုင်စေရန်အလို့ငှာ လက်ထပ်ထိန်းမြားရန် ပြင်ဆင်နေကြသည့် အနာဂါတ်ဇနီးမောင်နှံများကို ပို၍ကောင်းမွန်စွာ ပြင်ဆင် နိုင်ရန်အတွက် အသင်းတော်မှ ကူညီသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

မိသားစုနှင့်သာမန်လူဝတ်ကြောင်များဘဝဆိုင်ရာ အဖွဲ့ မှ ဒေသတွင်းအသင်းတော်များအတွက် ဘာသာတရားဆိုင်ရာ လမ်းညွှန်မှု အသစ်များကို ထုတ်ဝေခဲ့ပြီး ထိုအထဲတွင် အိမ်ထောင်သည်ဘဝအတွက် ဘာသာရေးဆိုင်ရာ လုပ်ဆောင်ရမည့်အရားများကို ဖန်တီးရန်အတွက်လမ်း ကြောင်း ကိုခင်းကျင်းပြထားတာပါ။

ပုပ်ဖရန်စစ်မှ ထိုစာစောင်အတွက် အမှာစာရေးသားရာ တွင် " ဤအရာသည် သူ​၏ မိသားစုဘဝ အပေါ် အလေးအနက်တိုက် တွန်းအားပေးထားသည့် "The Amoris Laetitia Family Year" ပြုလုပ်ခြင်း​၏ အသီးအပွင့် ကို ကိုယ်စားပြုပါကြောင်း " ရေးသားထားပါတယ်။

ထိမ်းမြားမှုတရားမဝင်ခြင်းနှင့် ကျရှုံးရခြင်း အရေအတွက်ကို လျော့ချခြင်း

ဤစာတမ်းသည် လက်ထပ်ထိမ်းမြားခြင်းကို ယုံကြည်ခြင်း ကျောက်ဆောင်ပေါ်တွင် တည်ဆောက်နိုင်ရန် ရှေးဘိုးဘေးတို့​၏ အရွယ်ရောက်ပြီးသူများအတွက် ဆေး ကြောခြင်းနှင့်ဆိုင်ရာ ဘုရားစကားသင်ကြားမှု စံပြပုံစံပေါ်တွင် အခြေခံထားပြီး စစ်မှန်သောလမ်းကြောင်း စီသို့ ညွှန်ပြပေးနေပါကြောင်း ပုပ်ရဟန်းမင်းကြီးက​ မ​ြွက်ကြား ခဲ့ပါတယ်။

ရဟန်းမင်းကြီး ထောက်ပြတာကတော့ " များစွာသော ဇနီးမောင်နှံတို့ဟာ လက်ထပ်ထိမ်းမြားခြင်းမပြုမီ အပေါ်ယံပြင်ဆင်မှုကိုသာ ရရှိခဲ့ကြသောကြောင့် ထိုအားနည်းသောပြင်ဆင်မှုသည် ထိမ်းမြားခြင်းအပေါ် အန္တရာယ်ကျရောက်စေပြီး အချိန်တိုအတွင်းပင် လမ်းခွဲခြင်း နှင့် ရှောင်လွှဲမရ နိုင်သည့် ပဋိပက္ခများ ဖြစ်လာလျှင် ပထမဆုံးအကြိမ်မှာပင် ခံနိုင်ရည်စွမ်းမရှိမှုများ ဖြစ်လာရပါတယ်" လို့ဆိုပါတယ်။

အမိအသင်းတော်သည် ဇနီးမောင်နှံများနှင့်အတူ အဖော်ပြုလျောက်လှမ်းလျက်ရှိ

တုန်ပြန်မှု့ပြုရာတွင် ,တရားမျှတမှုကိုတမ်းတသည့်စိတ်​၏ လှုံ့ဆော်မှု့ကြောင့် သာသနာတော်အတွင်း၌ လက်ထပ် ထိမ်းမြားရန် ရှာဖွေနေသည့် ဇနီးမောင်နှံများနှင့်အတူ အမိအသင်းတော်က အတူတကွ လျောက်လှမ်းရမည် ဟု ပါပါးဖရန်စစ်က ပြောကြားခဲ့သည်။

မိခင်များသည် မိမိတို့​၏သားသမီးများပေါ် မည်သည့်အခါမှ ခွဲခြားဆက်ဆံမှုမရှိသကဲ့သို့ အမိအသင်းတော်သည်လည်း မိမိသားသမီးများအပေါ် ကွဲပြားစွာဆက်ဆံမှုလုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သာသနာ့ဘောင်သို့ဝင်ရောက်မည့် အမျိူးသား၊အမျိူးသမီးများနှင့်သာမက ရဟန်းဖြစ်လာရန် ရှာဖွေကြိုးစားနေသူများကဲ့သို့ပင် လက်ထပ်ထိမ်းမြားမည့်သူများ အတွက်လည်း လုံလောက်သည့် အချိန်နှင့် ခွန်အားများစိုက်ထုတ်ကာ ပေးဆပ်လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊

အိမ်ထောင်သည်များသည် လည်း အမှန်တကယ်ပင် ဘဝကို ဦးဆောင်လမ်းညွှန်သူများပင်ဖြစ်ကြကြောင်း၊ အကြောင်းမှာ သူတို့သည် သားသမီးရရှိခြင်း, ပြုစုပျိူးထောင်ပေးခြင်း နှင့်သားသမီးတို့ဖွံ့ဖြိုးရေး၌အတူတကွ ဖေးမလျှောက်လှမ်းခြင်းတို့ကြောင့်သာမကပဲ မိသားစုအတွင်းရှိ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ အတွက် ဘဝကို ပေးဆပ်ထားပြီး မကြာ ခဏဆိုသလို မိမိတို့နှင့်ထိတွေ့ဆက်ဆံရသည့် ဆင်းရဲခြင်းနှင့်နေထိုင်နေကြရသူများကိုလည်း စောင့်ရှောက်ပေးသော ကြောင့် ပင်ဖြစ်ကြောင်း

ခရီးလမ်းတလျောက် အတူတကွ လျောက်လှမ်းခြင်း

ဒေသဆိုင်ရာ အသင်းတော်များအနေနှင့် အနာဂါတ်ဇနီးမောင်နှံများအတွက် လက်ထပ်ထိမ်းမြားခြင်းစက္ကရင်မင်တူးဆိုင်ရာ အဆင်ဆင့်လုပ်ဆောင်ရမည်ဖြစ်သော ထိမ်းမြားခြင်းအတွက်ပြင်ဆင် ရမည့်အချိန်ပမာဏ ၊ အခမ်း အနားကျင်းပခြင်းနှင့် လက်ထပ်ပြီး နှောင်နှစ်ကာလများ အတွက် အချက်များပါဝင်သည့် စစ်မှန်သောဘာသာ တရား လမ်းညွှန်မှု့ များ ထူထောင်နိုင်ရန် ပါပါးဖရန်စစ်မှ သူ​၏ လိုအင်ဆန္ဒ ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။

မိမိ​၏ရည်ရွယ်ချက်မှာ လက်ထပ်ပြီးခါစနှင့် ဇနီးမောင်နှံများ​၏ဘဝခရီးလမ်း စဉ်တလျောက် အထူးသဖြင့် အကျပ် အတည်းအချိန်ကာလများနှင့် စိတ်ပျက်အားလျော့ချိန်များ တွင် ထိုသူတိုနှင့်အတူ ဖေးကူလျောက်လှမ်းရန်ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့ပါတယ်။

တာဝန်ဝတ္တရားနှင့် လက်ဆောင်မွန်

ဤစာစောင်သည် တာဝန်ဝတ္တရားများသာမက လက်ဆောင်မွန်လည်း ဖြစ်ပေသည်။ အကြောင်းမှာ ဒေသတွင်းဆိုင်ရာအသင်းတော်များအနေနှင့် မိမိဒေသယဉ်ကျေးမှု သိရှိခံစားမှုများကို အခြေခံလျက် လိုက် လျောညီထွေပြီး ခိုင်မာသည့် လမ်းညွှန်ချက် အစီစဉ်များကို ရေးဆွဲ ရန် လိုအပ်နေချိန်တွင် ဤစာစောင်မှ ပေါကြွယ်ဝသည့် အချက်လက်အကြောင်းအရာများကို ကမ်း လှမ်းပေးသောကြောင့်ပင်ဖြစ်သည်ဟု ပါပါးက ထပ်လောင်းပြေားကြားပါတယ်။

အဆုံးသတ်အနေနှင့် ပါပါးဖရန်စစ်က အသင်းတော်ကို ဦးဆောင်ဦးရွက်ပြုသူများအနေနှင့်ယခု ရင်ဆိုင်ရမည့် တာဝန်ခံမှု့အသစ်ကို သတ္တိရှိစွာ လုပ် ဆောင်ရန်တိုက်တွန်းကြောင်း သူ​၏ အမှာစာတွင် ရေးသားထားပါတယ်။

"အနာဂါတ်မိသားစုများကို အစေခံနိုင်ရန်အတွက် ကျွန်ုပ်တို့​၏ နှလုံးသားများနှင့် စိတ်ကို ပေးအပ်ကြပါစို့၊ အဖဘုရားရှင်ကလည်း ကျွန်ုပ်တို့ကို ထိန်း သိမ်းစောင့်ရှောက်ပြီး လိုအပ်သော ဉာဏ်ပညာနှင့် ခွန်အားကိုပေးမည်ဟု ကျွန်ုပ် အာမခံကြောင်း ၊ ကျွန်ုပ်တို့​၏ စိတ်အားထက်သန်မှုကိုလည်း တိုးပွားစေမည် သာမက ပျော်ရွှင်ခြင်းသတင်း ကောင်းကိုနှစ်သိမ့်ခံစားရရှိစေပြီး ဝမ်းမြောက်မှု့ကို ရရှိစေမည် ၊ အကြောင်းမှာ ကျွန်ုပ်တို့သည် မျိူးဆက်သစ်များ အား မိသားစုဆိုင်ရာ ဧဝံဂေလိ သတင်း ကောင်းကို ကြေငြာ ပေးနိုင် သော ကြောင့်ပင်ဖြစ်သည်ဟု " ပုပ်ရဟန်း မင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မြွက်ကြားထားပါတယ်။

အာဗီအေဘာသာပြန် -မာကုစ် ညီညီထွန်း

https://bit.ly/3beMEyj

Add new comment

1 + 0 =