Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လက်ကိုင်ဖုန်းသုံးသူများအတွက် မင်္ဂလာတရား (၁၀) ပါး
လက်ကိုင်ဖုန်းသုံးသူများအတွက် မင်္ဂလာတရား (၁၀) ပါး
*******************************
အမှန်မှာ သမ္မာကျမ်းလာ မင်္ဂလာတရားမှာ (၈) ပါးသာဖြစ်ပါသည်။ သို့သော် ယခုဆောင်းပါးရှင်က ထူးခြားစွာ ချဲ့ကား၍ တရားရစရာ မင်္ဂလာတရား (၁၀) ဟု (၂) ပါးအပိုဆောင်း၍ လက်ကိုင်ဖုံးအသုံးပြုသူများအားေ၀မျှထား ပါသည်။
သူ၏ဆောင်းပါးကိုလည်း အလွန်စိတ်၀င်စားစရာကောင်းအောင် ‘ကောင်းကင်နိုင်ငံတော်သည် မိမိ၏လက် ကိုင်ဖုန်းကိုစိတ်မ ၀င်စားဘဲပစ်ထားကာ ရှင်သန်သူနှင့်တူ၏’ ဟု ခြေဆင်းထားပါသည်။ ဆက်လက်၍လည်း ‘သင်တို့ အားငါအမှန်ဆိုသည်ကား ကောင်းကင် နိုင်ငံသည် မိမိလက်ကိုင်ဖုန်းကို မိမိ၏ဘ၀လှေမှပစ်ထုတ်ထားပြီး၊ ရှင်သန် သောသူနှင့်တူ၏။ လက်ရှိအချိန်သည် သူ့အတွက်သံလိုက်အိမ် မြှောင်ဖြစ်မည်။ သူ၏စိတ်စွမ်းအားသည်သူ့အားထိန်း ကျောင်းပေးမည်။ သူ၏ညီအစ်ကိုရင်းစိတ်ဓာတ်သည် သူ့အားခရီးသွင်စေမည်။
၁။ လက်ကိုင်ဖုန်း၏ကျွန် မဖြစ်အောင်သုံးစွဲသူများသည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ဘ၀ကိုထိန်းချုပ်နိုင်လိမ့်မည်။
၂။ မိမိတို့၏မိသားစု၊ သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများကိုအချိန်ပေးရန်အတွက် မိမိတို့၏လက်ကိုင်ဖုန်းကို ပိတ်ထားနိုင်သူတို့သည် မင်္ဂလာရှိကြ၏။ ဘ၀၏အပျော်ရွှင်ဆုံးအချိန်ကိုအမှန်တကယ်ထိတွေ့ခံစားရလိမ့်မည်။
၃။ အလုပ်လုပ်နေစဉ်၌ မိမိတို့၏လက်ကိုင်ဖုန်းကိုပိတ်ထားနိုင်သူသည် မင်္ဂလာရှိကြ၏။ သူတို့သည် အမှန်တကယ် အလုပ်လုပ်ဖြစ်ကြ လိမ့်မည်။
၄။ ခရီးသွားနေစဉ်၌ မိမိတို့၏လက်ကိုင်ဖုန်းကိုပိတ်ထားနိုင်သူသည် မင်္ဂလာရှိ၏။ သူတို့သည်မရေမတွက်နိုင်သော အခွင့်အရေးများဖြစ်သည့် စာဖတ်ခြင်း၊ အိပ်စက်ခြင်း၊ ဆုတောင်းခြင်း၊ စာရေးခြင်း၊ ဆင်ခြင်ခြင်း၊ သူစိမ်းများနှင့် တွေ့ဆုံခြင်း၊ ရှု့ခင်းများကိုရှု့စားနိုင်ခြင်း၊ သို့မဟုတ် မည်သည့်အရှုပ်အထွေးမျှမရှိဘဲ လွှတ်လပ်စွာရှိနေခြင်းကိုခံစား ရပေလိမ့်မည်။
၅။ မိမိအားမလှုပ်မရှက်နိုင်အောင် အာရုံကိုဖမ်းစားနိုင်လွန်းသော အကြောင်းအရာများ၊ ရုပ်သံအစီအစဉ်များ၊ တီဗွီဂိမ်း များကို ဖျက်ပစ်နိုင် သောသူများသည် မင်္ဂလာရှိ၏။ သူတို့သည် ငွေယိုပေါက်၊ အချိန်ဖြုန်းတီးခြင်း၊ အာရုံစူးစိုက်လွန်းခြင်းတို့မှသက်သာမည်။
၆။ လူမူကွန်ရက်များမှ ပေးပို့လာသော ကြေညာများ၊ စာများ၊ သတင်းအချက်အလက်များပေးပို့သည်ကို လက်မခံဘဲ ပိတ်ထားရဲသောသူ သည် မင်္ဂလာရှိ၏။ သူတို့သည် အများကကြိုးဆွဲရာကသောလူစားမျိုးမဟုတ်ဘဲ မိမိတို့၏ကိုယ် ပိုင်အချိန်ကို ကိုယ်ပိုင်အစီအစဉ်များဖြင့် စီမံဆုံးဖြတ်နိုင်ပေမည်။
၇။ ဆုတောင်းချိန်များ၌ မိမိတို့၏လက်ကိုင်ဖုန်းများကိုပိတ်ထားနိုင်သူများသည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆို သော် သူတို့သည် အမှန်တကယ်အနှောက်အယှက်ကင်းစွာ ဆုတောင်းကြလိမ့်မည်။
၈။ မိမိတို့ငြီးငွေ့ချိန်၊ စိတ်ဖိစီးချိန်၊ စောင့်ဆိုင်းရချိန်မျိုး၌ လက်ကိုင်ဖုန်းကို အိတ်ထဲ၌ထားခဲ့သူများသည် မင်္ဂလာရှိကြ၏။ သူတို့အဘယ် ကြောင့်ငြီးငွေ့လာရသည်၊ စိတ်ဖိစီးနေရသည်၊ ထိုအခြေအနေမှ အဘယ်သို့ရုန်းထွက်ရမည်၊ တစ်ဦး တည်းနေ၍သော်လည်းကောင်း၊ အခြားသူများနှင့်နေ၍သော်လည်းကောင်း ကုစားခြင်း၊ မိမိတို့မိတ်ဆွေများ၏ရင်ဖွင့် သည်ကိုနားထောင်ပေးခြင်း၊ ၀ါသနာပါရာကိုယ် လက်လှုပ်ရှားမူတစ်ခုခုပြုလုပ်ခြင်း၊ နေသာထိုင်သာဖြစ်အောင်နေ ခြင်းတို့ကိုရှာဖွေတွေ့ရှိလာလိမ့်မည်။
၉။ မိမိတို့၏လက်ကိုင်ဖုန်းကို မဆင်မခြင်၊ စနစ်တကျအသုံးမပြုနိုင်ခဲ့၍ ဖြုန်းတီးမိခဲ့သောအချိန်များ၊ ဘုရားသခင်ပေးထားသော စက္ခုအာရုံ ကောင်းကို ပျက်ဆီးအောင်လုပ်ခဲ့မိခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် ယခင်ရှိခဲ့သောခင်မင်ရင်းနှီးမူပြတ်တောက်အေးစက်သွားခဲ့ခြင်း စသည် တို့အတွက် ခွင့်လွှတ်တော်မူပါရန် ဘုရားသခင်ကိုတောင်းပန်ရဲသူ သည် မဂ်လာရှိ၏။ ဘုရားသခင်၏သနားခြင်းနှင့် အင်အားကိုခံယူရလိမ့် မည်။
၁၀။ ရှင်သန်နေထိုင်ရဲသူများသည် မဂ်လာရှိကြ၏။ သူတို့သည် လက်ကိုင်ဖုန်ကိုပတ်ထားကြလိမ့်မည်။
Ref: Aletaia.org
ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်
#RVAMyanmar #RVAPastoralcare #CellPhone #မင်္ဂလာတရားဆယ်ပါး
Add new comment