လက်ဗနွန်မှ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir) ပျံလွန်တော်မူခြင်း အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့

လက်ဗနွန်မှ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir)

လက်ဗနွန်မှ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir) ပျံလွန်တော်မူခြင်း အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့
မေလ ၁၄၊ ၂၀၁၉

အသက်တော် ၉၉ နှစ် ရှိပြီဖြစ်သော လက်ဗနွန်မှ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir) သည် လစ်ဗနွန် နိုင်ငံ လစ်ဗနွန် တောင်ကြောတွင် နေထိုင်ကြသော အန်တီရော သာသနာနယ်ကို ၁၉၈၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ နှစ်ပေါင်းများစွား နူးညံသိမ်မွေ့မှု၊ စိတ်ဓာတ်ကြံ့ခိုင် သိုးထိမ်း ဖခင်ကြီး အဖြစ်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir) ၂၀၁၉ မေလ ၁၁ ရက် စနေနေ့က ပျံလွန်တော်မူသွားသည့်အတွက် သူ၏ မိသားစုဝင်များ၊ သူ၏ သာသနာနယ်မှ ဘာသာဝင်ညီကိုယ်မောင်နှများထံသို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ် ဝမ်းနည်းသဝဏ်လွှာပေးပို့ခဲ့ပါသည်။

ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir)သည် လွတ်လပ်ပြီး ရဲရင့်သောသူဖြစ်ကြောင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ကြားဝင်ဖြန်ခြေရေးတို့တွင် အဓိက အရေးပါသူတစ်ဦးဖြစ်ကြောင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံ၏ လွတ်လပ်ရေးကို အခိုင်အမာကာကွယ်ခဲ့သူဖြစ်ပြီး လစ်ဗနွန် နိုင်ငံ၏ သမိုင်းတွင်ထင်ရှာစွာတည်ရှိနေမည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း။ ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir)သည် လစ်ဗနွန် နိုင်ငံ လစ်ဗနွန် တောင်ကြောတွင် နေထိုင်ကြသော အန်တီရော သာသနာနယ်ကို ဝိညာဉ်ရေး ဖခင်အဖြစ် ၁၉၇၅-၁၉၉၀ ခုနှစ်ထိ ပြည်တွင်းစစ်ကာလ တစ်လျှောက်လုံးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။ အဖ မိမိဘဝတစ်လျှောက်လုံး ပေးဆပ်အနစ်နာခံလုပ်ဆောင်ခဲ့သော သူ၏ ချစ်သား ရဟန်းမင်းအမတ် ကာဒီနယ် နာဆာအာလာ ဘာတရက် ဆက်ဖ် (Nasarallah Boutros Sfeir)ကို ဘုရားသခင်သည် သနားကြင်နာမှုအပြည့်ဖြင့် ရွေရင်ခွင်တော်မှာကြိုဆိုတော်မူပါစေ။

https://www.vaticannews.va/en/pope/news/2019-05/pope-francis-telegram-condolences-cardinal-nasrallah-boutros.html

#condolences, #card.nasrallah, #passaway, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

Add new comment

10 + 2 =