လက်နက်ကိုင် အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အမေရိက (United States) ဆရာတော်ကြီးများ တောင်းဆို

သေဆုံးသွားသူများအတွက် အမှတ်တရလေးများ

လက်နက်ကိုင် အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အမေရိက (United States) ဆရာတော်ကြီးများ တောင်းဆို
ဇူလိုင်လ ၃၁၊ ၂၀၁၉

ပြီးခဲ့သော တနင်္ဂနွေနေ့က ကယ်လီဖိုးနီးယား ပြည်နယ်တွင် Gilroy Garlic Food Festival အစားအသောက် ပွဲတစ်ခု ကျင်းပနေစဉ် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး မှ စက်သေနတ်ဖြင့် ဦးတည်ရာမဲ့ ပြစ်ခတ်ခဲ့ပါသည်။ ယင်းပြစ်ခတ်မှုကြောင့် အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ဦး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါ အဝင် သုံးဦး သေဆုံးခဲ့ရပြီး လူ ၁၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း၊ ပြစ်ခတ်သူလူငယ်အား ရဲအရာရှိမှ အသေပြစ်ခတ်ခဲ့ကြောင်းလည်း ဖော်ပြထားပါသည်။

အိမ်တွင်းတရာမျှတမှုနှင့် လူမူ့ဘဝ မြှင့်တင်ရေးတာဝန်ခံ အမေရိက ဆရာတော်ကြီများ အဖွဲ့ဝင် ဖလောရီဒါ မှ ဆရာတော် Frank Dewane မှ ဒဏ်ရာရသူများကို ထောက်ပံ့ပေးကြဖို့ လက်နက်​ကိုင် အကြမ်းဖက်လုပ်ရပ်များကို လူခုလှုပ်ရှာမှုများ ပြုလုပ်ပြီး ဆန့်ကျင်ကြဖို့ တိုက်တွန်းစာတစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

လူအများဒဏ်ရာရစေပြီး အပြစ်မဲ့သူတို့၏ အသက်ကို နှုတ်ယူသွားသော ပြစ်ခတ်မှု​ကြောင့် လွန်စွာကြေကွဲဝမ်းနည်းရကြောင်း၊ သခင်ခရစ်တော်က ငိုကြွေးညီတွားနေသူတွေကိုနှစ်သိမ့်ပေးဖို့၊ နဲ့ အကြမ်းဖက်မှု​တွေနဲ့ပြည့်နှက်နေတဲ့ကမ္ဘာကြီးမှာ ငြိမ်းချမ်းရေးတည်ဆောက်သူများဖြစ်ဖို့ တို့ကို ခေါ်နေတယ်။
ယင်းကဲ့သို့ အကြမ်းဖက်မူ့များကြောင့် သေဆုံးကြသူများ၊ ဒုက္ခရောက်ကြရသူများ ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များအတွက် ဆုတောင်းပေးကြပါဟု၍ ထည့်သွင်းဖော်ပြခဲ့ပါသည်။

ဆက်လက်ပြီး ဆရာတော်ကြီး Dewane မှ ယခုကဲ့သို့ အကြမ်းဖက်ခံရမူ့မျိုးများမှာ ဒုက္ခရောက်သူများကို နှစ်သိမ့်ပေးရုံနှင့်မလုံလောက်ကြောင်း၊ ဥပဒေပြဌန်းသူများအနေနှင့် လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို ပြုပြင်ပြောင်းလည်းရန် နှင့် အပြစ်မဲ့သူများအသက်ဆုံးရှုံးမှူကို ကာကွယ်ရန် လိုအပ်ကြောင်း လည်းပြောကြားခဲ့ပါသည်။ တို့တတွေရဲ့ကြားမှာလက်နက်​ကိုင်ဆောင် အကြမ်းဖက်မှူ့များ ရှိနေခြင်းဟာ ရောဂါတစ်ခုလိုခံစားရတယ်၊ ခရစ်ယာန်တွေ ယခုကဲ့သိုသော လူမဆန်​သည့်လုပ်ရပ်မျိုးကို စွန့်လွတ်ကြဖို့၊ အကြမ်းဖက်မူ့မျိုးစုံကို ကာကွယ် ဆန်ကျင်ကြပြီး တည်ငြိမ်အေးချမ်းမူကို တည်ဆောက်ကြရမည် ဟု နိဂုဏ်ချုပ် ဖော်ပြထားပါသည်။
By Kyi Maung
Photo credit to Vatican News

https://bit.ly/2Znxegb

Add new comment

1 + 0 =