ရှေးဦး MEP သာသနာပြုများအား ရဟန္တာတင်မြောက်ရန် လုပ်ငန်းစဉ် များကို ဗီယက်နမ် ဆရာတော်ကြီးများ စတင်လုပ်ဆောင်

ရှေးဦး MEP သာသနာပြုများအား ရဟန္တာတင်မြောက်ရန် လုပ်ငန်းစဉ် များကို ဗီယက်နမ် ဆရာတော်ကြီးများ စတင်လုပ်ဆောင်

ရှေးဦး MEP သာသနာပြုများအား ရဟန္တာတင်မြောက်ရန် လုပ်ငန်းစဉ် များကို ဗီယက်နမ် ဆရာတော်ကြီးများ စတင်လုပ်ဆောင်

ဧပြီလ ၂၅ မှ ၂၉ ထိ ဗိယက်နမ်နိုင်ငံ Thai Binh သာသနာ မှာ ကျင်းပသည့် ဆရာတော်ကြီးများ အစည်းဝေးသို့ ဗီယက်နမ်နိုင်ငံကက်သလစ်သာသနာ ၂၇ ခုမှ ဆရာတော်ကြီးများ ၊ စင်ကာပူနိုင်ငံအခြေစိုက် ဗီယက်နမ်နိုင်ငံ​၏ ရဟန်းမင်းကြီးကိုယ်စားလှယ်တော် ဂိုဏ်ချုပ်ဆရာတော်ကြီး Marek Zalewski ၊ မွန်စီညော် Miroslaw Stanislaw Wachowskai ဦးဆောင်သည့် ဗာတီကန် နိုင်ငံတကာဆက်ဆံရေးရုံးတော်မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

ထိုအစည်းဝေးတွင် ပြင်သစ်သာသနာပြု ဆရာတော်ကြီး၂ ပါးဖြစ်သည့် ဖရန်စွာ Pallu (၁၆၂၆-၁၆၈၄)နှင့် Pierre Lambert de La Motte (၁၆၂၄-၁၆၇၉) တို့ကို ရဟန္တာတင်မြှောက်ရေး လုပ်ငန်းစဉ်များ စတင်ရန်အတွက် ဗီယက်နမ်ဆရာတော်ကြီးများမှ ဆန္ဒပြု ဆွေးနွေးခဲ့ကြပါတယ်။

ဤဆရာတော် ၂ ပါးဟာ အာရှအရှေ့ဖျားဒေသများသို့ ,(အထူးသဖြင့် ဗီယက်နမ်နိုင်ငံနှင့် ကက်သလစ်သာသနာအတွက် ) ပထမဦးစွာရောက်ရှိလာသည့် MEP( ပါရီအခြေစိုက် နိုင်ငံ ရပ်ခြားသာသနာပြုအသင်းဖွဲ့) မှ သာသနာပြုများပင်ဖြစ်သည်။ ဆရာတော်ကြီးများသည် အာရှအရှေ့ဖျားဒေသ ကက်သလစ်သာသနာ တိုးတက်ဖွံ့ဖြိုးရန်နှင့် သတင်းကောင်းဝေမျှရန် များစွာ ကြိုးစား အားစိုက်ထုတ်ခဲ့ကြ သူတွေဖြစ်ပါတယ်။

ဆရာတော်ကြီး ဖရန်စွာ Pallu ကတော့ MEP ကိုထူထောင်သူအနေနှင့် အဓိကအသိမှတ်ပြုခံရသူဖြစ်ပြီး ပြင်သစ်နိုင်ငံ The Center-Val de Loireဒေသမှာတည်ရှိတဲ့ Tours မြို့ Saint-Saturnin သာသနာအုပ်စုတွင် ၁၆၂၆ခုနှစ် ဩဂုတ်လ၃၁ရက်နေ့မှာ ဖွားမြင်ခဲ့သူပါ၊ သူဟာ ဂုဏ်အသရေရှိ ဆွေကြီးမျိုးကြီး မိသားစုဝင်တယောက်ဖြစ်ပြီး သူ့ရဲ့အဖေကတော့ Tours မြို့ရဲ့ မြို့တော်ဝန်,အတိုင်ပင်ခံပုဂ္ဂိုလ် ရှေ့နေတယောက်ဖြစ်ပါတယ်။

ဆရာတော်ဟာ ၁၆၅၀ ခုနှစ်မှာ ရဟန်းသိက္ခာခံယူခဲ့ပြီး ၁၆၅၈ခုနှစ် ဇူလိုင်လ ၂၉ ရက်မှာတော့ Heliopolisဒေသ​၏အမည်ခံဆရာတော်,Tonkin ဒေသ​၏ သာသနာ့အတိုင်ပင်ခံ အဖြစ် ခန့်အပ်ခံရပါတယ်၊ (Tonkin ဒေသဟာ ဗီယက်နမ်မြောက်ပိုင်းဒေသ, Tonkin, လာအို နှင့် တရုတ် ပြည် အနောက်မြောက်ပိုင်း ပြည်နယ်ငါးခုကို ပေါင်းစပ်ဖွဲ့စည်းထားတဲ့ဒေသဖြစ်သည်) ။သူဟာ ၁၆၈၄ ခု အောက်တိုဘာ၂၉ ရက်နေ့မှာ ပြန်လွန်တော်မူခဲ့ပြီး ထိုအချိန်တွင် Fukienin Muyan,Fujian,China မှာ သာသနာရေးဆိုင်ရာ အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင် နေခဲ့ပါတယ်။

ဆရာတော် Pierre Lambert de La Motte ကတော့ MEP ကို တွဲဘက်ထူထောင်သူ ဖြစ်ပြီး ၁၆၂၄ခု ဇန္နဝါရီလ ၁၆ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ၁၆၅၅ ခု ဒီဇင်ဘာလ၂၇ ရက်မှာ ရဟန်းသိက္ခာကိုခံယူခဲ့ပါတယ် ။

၁၆၅၈ခု ဇူလိုင်၂၉မှာတော့ ရဟန်းမင်းကြီး အလက်ဇန်းဒြား (၇ ပါးမြောက်) က သူ့ကို Cochin or Cochin-China ( ဗီယက်နမ်တောင်ပိုင်းဒေသ) အတွက် ပထမဦးဆုံးသော Vicar Apostolic အဖြစ် ခန့်အပ်ခဲ့ပါတယ် ။

သူဟာ ဘုန်းတော်ကြီး၂ပါးဖြစ်တဲ့ Fr.Gabriel Bouchard နှင့် Fr.Jacques de Bourges တို့နှင့်အတူ Tonkin ဒေသမှာ အသင်းတော်တည်ထောင်ရန်အတွက် သွားရောက်ခဲ့ပါတယ်။ သူဟာ ၁၉၇၀ခုနှစ်မှာတော့ "လက်ဝါးကားတိုင်တော်ကို ချစ်မြတ်နိုးသူများ "ဟုခေါ်တွင်သည့် အမျိူးသမီးအသင်းအဖွဲ့ တခုကို တည်ထောင်ခဲ့ပါတယ်။ ၁၆၇၉ခုနှစ်မှာတော့ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ မှာ ကွယ်လွန်ခဲ့ပါတယ်။

ရဟန္တာဘွဲ့အဆင့်ဆင့် တင်မြှောက်ရန်အတွက် ကက်သလစ်အသင်းတော်မှာ လုပ်ငန်း ဆောင်တာ သုံးဆင့်ရှိပါတယ်၊ ပထမအဆင့်သည် Venerableအဆင့်( မွန်မြတ်သူအဆင့်) ဖြစ်၍ ရဟန်းမင်းကြီးက ကွယ်လွန်သူ​၏ မွန်မြတ်သောဘဝ, ဆက်ကပ်သောဘဝနှင့် ရဲရင့်မှု့တို့ကို အသိအမှတ်ပြုသည့် အဆင့်ဖြစ်ပေသည်။

ဒုတိယအဆင့်မှာ Blessed အဆင့် (အထူးအလွန်မွန်မြတ်သူ) ဖြစ်ပြီး ၊ ပထမအဆင့်ရရှိပြီးသူအတွက် ရဟန္တာတင်မြှောက်မှု့ လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ထိုမွန်မြတ်သူ​၏ ကြားဝင် ပန်ကြားမှု့အားဖြင့် အံ့ဘွယ်တန်ခိုး လက္ခဏာတခု ပြသ မှသာ ဒုတိယအဆင့်ဘွဲ့ကို ပေးအပ်သည်။

တတိယအဆင့်အဖြစ် Saint (ရဟန္တာ )ဘွဲ့ပေးအပ်ခြင်းဖြစ်ပြီး ဒုတိယ တန်ခိုးအံ့ဖွယ် လက္ခဏာပြသရန် လိုအပ်ပေသည်။ ယခုအချိန်၌ ဗီယက်နမ်နိုင်ငံတွင် ဂိုဏ်းချုပ်သာသနာ
၃ ခု ၊ ဂိုဏ်းအုပ်သာသနာ ၂၄ခု၊ အမှု့ဆောင်ဆရာတော်ကြီး၂၆ပါး ၊အနားယူထားသည့် ဆရာတော်ကြီး အပါး၂၀၊ သာသနာအုပ်စု၃၀၀၀ခန့်၊ ရဟန်းပေါင်း၆၀၀၀၊ အသင်းဂိုဏ်းပေါင်း ၂၀၀ ၊ သူတော်စင်အပါး ၃၁၀၀၀ နှင့် ကက်သလစ်ဘာသာဝင်လူဦးရေ ၇ သန်းကျော် ရှိပါတယ်။

အာဗီအေဘာသာပြန် -မာကုစ်ညီညီထွန်း

https://bit.ly/39uSPNF

Add new comment

3 + 0 =