ရှေးဟောင်းလက်ရေးမူများကို ကာကွယ်ခဲ့သူ ဆရာတော်အား ရှာခရော့ဖ်ဆုအတွက်လျာထား

ရှေးဟောင်းလက်ရေးမူများကို ကာကွယ်ခဲ့သူ ဆရာတော်အား ရှာခရော့ဖ်ဆုအတွက်လျာထား

ရှေးဟောင်းလက်ရေးမူများကို ကာကွယ်ခဲ့သူ ဆရာတော်အား ရှာခရော့ဖ်ဆုအတွက်လျာထား

မိုဆူးလ်မြို့မှ ရှေးဟောင်းဘာသာရေးလက်ရေးမူ ၈၀၀   ကျော် အား စစ်ဘေးအတွင်း ထိန်းသိမ်းခဲ့သူ ဒေါ် မိနီကန်ဘုန်းတော်ကြီးအား ရှာခရော့ဖ်ဆုအတွက် လျာထားသည်ဟုသိရသည်။ ထိုရှာခရော့ဖ်ဆုသည် ၁၉၈၈မှစတင်ပေးအပ်ခဲ့သော ဆုဖြစ်သည်။ ထိုဆုကို လူ့အခွင့်အရေးသမားများနှင့်အဖွဲ့အစည်းများအတွက် နှစ်တိုင်းပေးအပ်ခဲ့သည်။

၂၀၁၄ နွေရာသီတွင် မိုဆူးမြို့အတွင်းသို့ အစ္စလာမစ်စစ်သွေးကြွများဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ ဖာသာရ် Najeed Michael သည် လူနည်းစုခရစ်ယာန်များကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးပြီး အမွေအနှစ်လက်ရေးမူများကို ထိန်းသိမ်းခဲ့သည်။ ထိုအချိန်တွင်သူသည် ဘာဘယ်ကောလိပ်တွင် စာချပုဂ္ဂိုလ်အဖြစ် ဝိညာဥ်ရေးအကြောင်းများ သင်ကြားနေချိန်ဖြစ်သည်။ ၂၀၁၈တွင်မူ သူသည် ဆရာတော်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

ဆရာတော်သည် မိုဆူးတွင်ပင်မွေးဖွားသည်။ ဆီလုပ်ငန်းလုပ်ခဲ့သော်လည်း ဒေါ်မီနီကန်အသင်းသို့ဝင်ရောက်ကာ ရဟန်းသိက္ခာခံယူပြီးနော် ဇာတိသိုပြန်လာကာ သာသနာပြုခဲ့သည်။အာရဗီ၊ဆီးရီးယား၊ပြင်သစ်နှင့်အင်္ဂလိပ်စကားတို့ကို ပြောဆိုနိုင်သည်ဟုဆိုသည်။ စစ်ပွဲအတွင်း သိမ်းဆည်းခဲ့သော စာမူများမှာ ၁၃ရာစုမှ ၁၉ရာစုအတွင်း​ရေးသော ရှားပါးစာမူများဖြစ်သည်။

၂၀၁၇တွင် အစ္စလာမစ်တပ်ဖွဲ့များလက်မှ မြို့ကိုပြန်လည်ရယူသည့်အခါ သူ၏ဘုရားကျောင်းသည် အုတ်ပုံသာသာရှိနေပြီး ဘုရားစင်တွင်လည်း ဗုံးနှင့်မိုင်းစများဖြင့်ပျက်စီးနေကြောင်းတွေ့ရပြီး အလွန်စိတ်ထိခိုက်ခဲ့ကြောင်း ဆရာတော်က ပြန်ပြောင်းပြောဆိုခဲ့သည်။

ဆိုဗီယက်ဆရာဝန်နှင့်လှုပ်ရှားသူ ရှာခရေ့ာဖ်ကိုရည်ရွယ်ပေးအပ်သော ၂၀၂၀ခုနှစ်အတွက် ရှာခရော့ဖ်ဆုကို သမိုင်းအမွေအနှစ်အတွက် လှုပ်ရှားခဲ့သူဆရာတော်ကြီးကိုလျာထားသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: AFP

https://bit.ly/3ofzlQ9

Add new comment

14 + 2 =