ရှင်ပေါလ်လူသည် အသင်းတော်အား ညှင်းပန်းနှိပ်စက်သူအဖြစ်မှလူမျိုးတကာအတွက်သတင်းကောင်းဖြန့်ဝေသော တမာန်တော်ဖြစ်ကြောင်း ပုပ်ဖရန်စစ်မြွက်ကြား

ကြောက်မက်ဖွယ်ရာညှင်းပန်းနှိပ်စက်သူအဖြစ်မှ လူမျိုးတကာအားသတင်းကောင်းကို ဟောပြောသက်သေခံသူအဖြစ် ပြောင်းလဲလာခဲ့သော ရှင်ပေါလ်လူး၏အကျင့်တရားပြောင်းလဲခြင်းဖြစ်စဉ်တွင် တွေ့မြင်ရသောဘုရားရှင်၏သနားကြင်နာခြင်းကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှလူထုပရိသတ်နှင့် တွေ့ဆုံချိန်တွင် ထုတ်ဖော်မြွက်ကြားခဲ့သည်။

ဘုရားရှင်၏ ကြင်နာသနားခြင်းကို ထိတွေ့ခံစားပြီးနောက် ရှင်ပေါလ်လူးသည်ကျွန်ုပ်တို့အား ဘုရားရှင်သည် ဝိညာဉ်တော်မြတ်ဘုရားအားဖြင့်ကျွန်ုပ်တို့ဘ၀ထဲသို့ မည်သို့မည်ပုံ၀င်လာပြီးမည်ကဲ့သို့အံ့သြဖွယ်ရာဖြစ်စေကာ မည်သို့အသစ်တစ်ဖန်ပြုပြင်ပြောင်းလဲစေကြောင်းကို စဉ်းစားထောက်ရှုရန် ဖိတ်ခေါ်နေကြောင်းမြွက်ကြားခဲ့သည်။ ဤသို့အားဖြင့် ဝိညာဉ်တော်ဘုရားသည် ကျွန်ုပ်တို့အား

ဧဝံ ဂေလိ သတင်းကောင်းကို ပိုမိုပျံ့နှံ့စေရန်အတွက်သတင်းကောင်းကိုဟောပြောသော သာသနာပြုများအဖြစ် ပြောင်းလဲပေးတော်မူသည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ လူထုပရိတ်သတ်အား “လာမည့် နွေရာသီအားလပ်ရက်သည် သင်တို့နှင့် သင်တို့မိသားစုများအား လန်းဆန်းတက်ကြွစေကာ၀ိညာဉ်ရေးအသက်တာကို ပြန်လည်ဆန်းသစ်ပေးသော အချိန်ကာလဖြစ်ပါစေကြောင်းဆုတောင်းမေတ္တာပို့သရင်း သင်တို့ အားလုံးအပေါ်သို့ဘုရားရှင်၏၀မ်းမြောက်ခြင်းနှင့်ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ။ ဘုရားရှင်သင်တို့ကို ကောင်းကြီးမင်္ဂလာပေးသနားတော်မူပါစေ”ဟု နှုတ်ခွန်းဆက်စကားမြွက်ကြားခဲ့သည်။

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3yfHF6A

Add new comment

2 + 7 =