ရှင်ဇူဇယ် ကောင်းကင်ဘုံမှ အပြည့်အဝယုံကြည် အပ်နှင်းခြင်း ခံရသူ

ရှင်ဇူဇယ် ကောင်းကင်ဘုံမှ အပြည့်အဝယုံကြည် အပ်နှင်းခြင်း ခံရသူ

(၈-၁၂-၂၀၂၀) မှ (၈-၁၂-၂၀၂၁)အထိအား ‘‘စိန့်ဂျိုးဇက်၏နှစ်’’အဖြစ် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ ကြေညာခဲ့ပြီး ထိုနှစ်သည် (အင်ဒူဂျင်းသျှား) အထူးကျေးဇူးတော်များ ရရှိမည့်နှစ် ဖြစ်ပါသည် ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် (၈-၁၂-၂၀၂၀) မှ (၈-၁၂-၂၀၂၁)အထိ (၁)နှစ်တာကာလအား ‘‘စိန့်ဂျိုးဇက်၏နှစ်’’အဖြစ် သတ်မှတ်လိုက်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့၊ မယ်တော်သခင်မ အပြစ်မဲ့သန္ဓေယူတော်မူသောပွဲနေ့၌ ကြေညာခဲ့သည်။

အဖသံဇူဇယ်အား ‘‘အသင်းတော်ကို ကာကွယ်စောင့်ရှောက်သူ’’ အဖြစ် ပုပ်ရဟန်းမင်းကြီး ပီဦး(၉)က ၁၈၇၀ ခုနှစ်တွင် တရားဝင်ကြေညာခဲ့ရာ ယခုနှစ်တွင် ထိုသမိုင်းဝင်ဖြစ်ရပ်၏ နှစ်ပေါင်း(၁၅၀)ပြည့်သည့် အထိမ်းအမှတ်အနေဖြင့် ထိုသို့သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီးခံစားနေရသည့်အချိန်ကာလအတွင်းမှ၊ လူသားတို့အားအလင်းပေးခြင်း၊ စိတ်ရှိသည်းခံမှုနှင့်မျှော်လင့်ချက်များ ရရှိစေရေး၊ လူသားတို့၏ကယ်တင်ခြင်းသမိုင်းလမ်းကြောင်းတွင်၊ လူမသိသူမသိတိတ်ဆိတ်စွာပါဝင်လို့ဆောင်ခဲ့သော အဖသံဇူဇယ်ကို အတုယူလုပ်ဆောင်ကြဖို့။

ကယ်တင်ရှင်မက်ဆီးယားသခင်ကို ချစ်ခြင်း‌ မေတ္တာစိတ်အပြည့်ဖြင့် အစေခံခဲ့သူ။

အဖခမည်းတော်ဘုရားကိုနားခံရိုသေသောစိတ်အပြည့်အဝဖြင့်အမိမယ်တော်နှင့်သူငယ်‌ တော်ယေဇူးလေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပြီး၊ သူငယ်တော် ယေဇူးလေးကို အဖခမည်းတော်ဘုရား၏လိုတော်အတိုင်းရှင်သန်ကြီးထွားစေခဲ့လေသူ၊ သခင် ခရစ်တော်၏ကယ်တင်ခြင်းလုပ်ငန်းတွင်အဓိကအခန်းကဏ္ဍမှနေ၍ တိတ်ဆိတ်စွာပါဝင်လုပ်ဆောင်ခဲ့သူ အဖသံဇူဇယ်ကို အတုယူကြပါ။

အဖသံဇူဇယ်ဟာ လူဘဝရဲ့တန်ဖိုးများကိုသင်ကြားပေးသူ၊ ဂုဏ်သိက္ခာများ၊ အလုပ်၏တန်ဖိုးများ၊ အလုပ်လုပ်ခြင်း၌ပျော်ရွှင်ခြင်းများ၊ အလုပ်၏တန်ဖိုးအနှစ်သာရနှင့်အရေးကြီးကြောင်းကို ဖော်ပြသောသူဖြစ်တယ်၊ အမိမယ်တော်နှင့် သူငယ်တော်‌ ယေဇူးလေကို အရိပ်ပမာကာကွယ်စောင့်ရှောက်ပေးခဲ့သူ ဖြစ်တယ်ဒါ့ကြောင့် အဖ သံဇူဇယ် ကို အတုယူ ကြရမယ်။

အပြစ်ဒဏ်ဆပ်ဖြေခြင်းဆိုင်ရာ ပုပ်ရဟန်းမင်းရုံးတော် (The Apostolic Penitentiary) က ဤထူးခြားသောနှစ်အတွင်း အထူးသတ်မှတ်ထားသော အင်ဒူဂျင်းသျှားများခံယူနိုင်ကြောင်းကိုလည်း တစ်ဆက်တည်းထုတ်ပြန်ခဲ့ သည်။ အထက်ပါအင်ဒူဂျင်းသျှားများအပြင် ဘာသာဝင်များအနေဖြင့် ‘‘စိန့်ဂျိုးဇက်၏နှစ်’’အတွင်း၌ သန့်ရှင်းသောအိမ်ထောင်စု၏ဦးစီးဖြစ်သူ သံဇူဇယ်၏ကူညီစောင်မမှုကို အမှီပြု၍ ဆုတောင်းခြင်း၊​ ကုသိုလ်ကောင်းမှုပြုခြင်းတို့ဖြင့် မျက်မှောက်ကမ္ဘာ၌ ကြုံတွေ့နေရသည့် လူမှုစီးပွားဒုက္ခအမျိုးမျိုးမှ ဖြေလွှတ်နှစ်သိမ့်ခြင်းကိုလည်း ရရှိနိုင်မည်ဖြစ်လေသည်။

By Peter Kyi Maung

Photo credit to Vatican News

https://bit.ly/2VWNzZ7

https://bit.ly/3gtIPDH

Add new comment

8 + 1 =