ရွှေ့ပြောင်းအခြေချသူများကို မလုံခြုံသည့်နိုင်ငံများဆီသို့ ပြန်ပို့ခြင်းကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပုပ်ဖရန်စစ်တောင်းဆိုခဲ့

ရွှေ့ပြောင်းအခြေချသူများကို မလုံခြုံသည့်နိုင်ငံများဆီသို့ ပြန်ပို့ခြင်းကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပုပ်ဖရန်စစ်တောင်းဆိုခဲ့

ရွှေ့ပြောင်းအခြေချသူများကို မလုံခြုံသည့်နိုင်ငံများဆီသို့ ပြန်ပို့ခြင်းကို ရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ပုပ်ဖရန်စစ်တောင်းဆိုခဲ့

“လစ်ဗျား၌ အကာအကွယ်လိုအပ်နေသော ထောင်နဲ့ချီရှိသည့် ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များနှင့် တခြားသူများ၏ ဆင်းရဲခြင်းနှင့်အတူ ပုပ်ရဟန်းမင်းကြီးသည် ရပ်တည်လျက်ရှိပြီး သူတို့အား အစဉ်အောက်မေ့လျက်ရှိကြောင်း သူတို့၏ ငိုကြွေးသံကိုလည်း ကြားရပြီး သူတို့အတွက် ဆုတောင်းပေးလျက်ရှိကြောင်း” ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ရွှေ့ပြောင်းနေထိုင်သူများအား ဘေးကင်းလုံခြုံမှုမရှိသည့် နိုင်ငံများဆီ ပြန်ပို့ခြင်းကို အဆုံးသတ်ပြီး ပင်လယ်ပြင်များ၌ သူတို့၏ အသက်ကို ကယ်ဆယ်ရန် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်‌ကြောင်း မိန့် ကြားခဲ့သည်။

လူထုကို တွေ့ဆုံနှုတ်ဆက်သည့် ပြတင်းပေါက်မှနေ၍ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်တွင် စုဝေးရောက်ရှိနေသော ကက်သလစ်ဘုရားဖူးများအား ရွှေ့ပြောင်းနေထိုင်သူများအတွက် တိတ်ဆိတ်ငြိမ်သက်စွာ ဆုတောင်းပေးရန် တောင်းဆိုခဲ့ပြီး အများစုမှာ “လူမဆန်စွာ အကြမ်းဖက်ခြင်း” ခံခဲ့ရကြောင်း မိန့်ကြားခဲ့သည်။

“နောက်တဖန် လစ်ဗျားနဲ့ မြေထဲပင်လယ်တစ်လျှောက် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဘုံသဘောတူညီချက်၊ ခိုင်မာပြီး ရေရှည်တည်တံ့သည့် ဖြေရှင်းချက်များကို ရှာဖွေရန် နိုင်ငံတကာအသိုက်အဝန်းကို ထပ်မံတောင်းဆိုလိုက်ကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားခဲ့သည်။

“ထိုသို့ ဝေးကွာသွားသော သူတို့သည် မည်ကဲ့သို့ ဒုက္ခရောက်ကြသနည်း။ ၎င်းအထဲ၌ တကယ့်ဒုက္ခသည်စခန်းတွေရှိကြောင်းကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဆက်လက်မိန့်ကြားခဲ့သည်။

လစ်ဗျားသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူများ အတွက် အဓိက ဖြတ်သန်းရာ နေရာဖြစ်ပြီး ဥရောပတွင် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို ရှာဖွေသော နေရာဖြစ်သည်။

လစ်ဗျားအာဏာပိုင်များသည် ၂၀၁၆ ခုနှစ်မှစတင်၍ ရွှေ့ပြောင်းနေထိုင်သူ ၈၇,၀၀၀ ခန့်ကို ကြားဖြတ်ဟန့်တားခဲ့ပြီး ယင်းရွှေ့ပြောင်းနေထိုင်သူ ၇,၀၀၀ ခန့်သည် လစ်ဗျားရှိ ထိန်းသိမ်းရေးစခန်းများတွင် ကျန်ရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာအရ သိရသည်။

လစ်ဗျားအာဏာပိုင်များသည် မကြာသေးမီက ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းခဲ့ပြီး ရက်အနည်းငယ်အတွင်း လူပေါင်း ၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း Associated Press ၏အဆိုအရ ထိန်းသိမ်းရေးစခန်းများသည် “မတော်မတရားမှုများ ပြည့်နှက်နေသည်” ဟု ဖော်ပြခဲ့ကြောင်းကိုလည်း ထပ်ဆင့် မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ၏ တောင်းဆိုချက်ထဲ၌ "အထူးသဖြင့် ဘေးကင်းပြီး ယုံကြည်စိတ်ချရသော ကယ်ဆယ်ရေးနှင့် သင်္ဘောပေါ်မှ စက်ကိရိယာများ" နှင့် သင့်တင့်လျောက်ပတ်သော နေထိုင်မှုအခြေအနေဖြင့် ထိန်းသိမ်းခြင်းဆိုင်ရာ အခြားနည်းလမ်းများကို ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က “ခိုလှုံခွင့် လုပ်ငန်းစဉ်များ” နှင့် ပုံမှန် ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းများ ထူထောင်ခြင်း၏ အရေးပါမှုကို အလေးပေးဖော်ပြခဲ့သည်။

“နှစ်ပေါင်းများစွာ ဤသို့ပြင်းထန်သည့်အခြေအနေများ၌ သားကောင်ဖြစ်ခဲ့ကြသော ညီအစ်ကို၊ညီအစ်မများအတွက် ကျွန်တော်တို့အားလုံး၌ တာဝန်ရှိကြောင်း

ပုပ်ရဟန်းမင်းကြီးသည် လမ်းဘေးတွင် တောင်းရမ်းနေသော မျက်မမြင်တစ်ဦးဖြစ်သော "Bartimaeus" အား သခင်ခရစ်တော်က မြင်နိုင်စွမ်းကို ပြန်လည်ရရှိစေသည့် ဧဝံဂေလိကျမ်းကို ပြန်လည်သုံးသပ်ခဲ့သည်။

ရှင်မာကုရေးသားသောကျမ်းအရ၊ ဗာတီမဲဦး သည် “ဒါဝိဒ်၏သားတော်ယေဇူး၊ အကျွန်ုပ်ကိုသနားတော်မူပါ။”ဟူ၍ သခင်ယေဇူးကိုအားကျယ်လောင်သောအသံဖြင့် ခေါ်ခဲ့ကြောင်း မိန့်ကြားခဲ့သည်။

“သူ၏မျက်စိကွယ်ခြင်းသည် ကုသမ၍မရအောင် အထွဋ်အထိပ်သို့ရောက်ရှိနေသော်လည်း သူ၏နှလုံးသားထဲ၌မူ ဒဏ်ရာများ၊ အရှက်တရားများ၊ ပျက်စီကြေမွခဲ့သည့် အိပ်မက်များ၊ အမှားများ၊ နောင်တရမှုများလည်း ရှိခဲ့ကြောင်း ပုပ်ရဟန်းမင်းကြီဖရန်စစ်အရှင်သူမြတ်က မိန့်ကြားခဲ့သည်။

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3EyhDhZ

Add new comment

2 + 0 =