ရွှေ့ပြောင်းများအရေးနှင့်ပတ်သက်၍  ပုပ်ဖရန်စစ်နှင့်ကုလ၏ဒုက္ခသည်များဆိုင်ရာအကြီးတန်းအရာရှိဆွေးနွေး

ရွှေ့ပြောင်းများအရေးနှင့်ပတ်သက်၍  ပုပ်ဖရန်စစ်နှင့်ကုလ၏ဒုက္ခသည်များဆိုင်ရာအကြီးတန်းအရာရှိဆွေးနွေး

ရွှေ့ပြောင်းများအရေးနှင့်ပတ်သက်၍  ပုပ်ဖရန်စစ်နှင့်ကုလ၏ဒုက္ခသည်များဆိုင်ရာအကြီးတန်းအရာရှိဆွေးနွေး

            ကုလ၏ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် မကြာမီနှစ်များကတွေ့ကြုံရသော ပြဿနာများလောက် ရှုပ်ထွေးမှုကို မကြုံတွေ့ခဲ့ဖူးပေး။ ထိုပြဿနာများကြား၌ ကိုးဗစ် (၁၉) လည်း ကြားညှပ်ပါလာသောကြောင့် အခြေအနေကို ပိုမိုဆိုးရွားလာစေသည်။ အထူးသဖြင့် အကာအကွယ်မဲ့သူများသည် ပို၍ဆိုးရွားခဲ့သည်။ ကုလ၏ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး၏ အကြီးတန်းအရာရှိဖြစ်သော Filippo Grandi က ဤအကြောင်းအရာများနှင့်စပ်လျင်း၍ ဆွေးနွေးရန်  တောင်းခံသည်ကို ရဟန်းမင်းကြီးက ပြီးခဲ့သော သောကြာနေ့က လက်ခံတွေ့ဆုံခဲ့သည်။   

            အကြီးတန်းအရာရှိသည် ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံဆွေးအပြီး ကမ္ဘာတစ်၀ှမ်း ရွေ့ပြောင်းဒုက္ခသည် ပြဿနာနှင့်စပ်လျင်း၍ ရဟန်းမင်းကြီး၏ အလုံးစုံလွှမ်းခြုံသော ချဉ်းကပ်မူနှင့်အထူးသဖြင့် အခြေအနေမဲ့သူတို့၏ အထူးလို အပ်ချက်များအကြောင်း၊ နိုင်ငံရေးအခြေအနေများကြောင့် မိမိတို့အိုးအိမ်စွန့်၍ ထွက်ပြေးရသူများနှင့်ပတ်သက်၍ ‘Fratelli tutti’ စာချွန်တော်၌ ဖော်ပြထားသည့်အတိုင်းပင်ဖြစ်ကြောင်းကို ထုတ်ဖော်ချီးကျူးထားသည်။ ယခုတွေ့ဆုံခြင်း သည် အလွန်အရေးကြီးသောတွေ့ဆုံခြင်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် အထူးသဖြင့် ယနေ့မျက်မှောက်၏အရေး ဖြစ်သော အခြေအနေမဲ့သူများအရေးနှင့်ပတ်သက်၍ အလွန်တက်ကြွလှုပ်ရှားသောသူများအနက် အလွန်ကြီးမြတ်သူဖြစ် ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များနှင့်ပြောင်းရွေ့များအရေးကိစ္စများဖြစ်ကြောင်း ရဟန်းမင်းကြီးနှင့်တွေ့ဆုံအပြီး ဗာတီသတင်းဌာန၏မေးမြန်းချက်ကို ဖြေကြားခဲ့သည်။ ရဟန်းမင်းကြီးထံမှ အင်အားများ၊ အတွေးသစ်အမြင်သစ်များရရှိ လိုက်ကြောင်း၊ ယနေ့တွေ့ဆုံခြင်းကိုလည်း ကောင်းကြီးတော်အဖြစ်ရေတွက်ကြောင်း သူ၏လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

            ၄င်းတို့နှစ်ဦး ဆွေးနွေးခဲ့သောအကြောင်းအရာများမှာ ကမ္ဘာတစ်၀ှမ်းလုံး ရင်ဆိုင်နေရသော ဒုက္ခသည်များကို အကာအကွယ်‌ပေးခြင်းဆိုင်ရာ စိန်ခေါ်ချက်များဖြစ်သည့် ပဋိပက္ခများတိုးလာ‌နေခြင်းနှင့်အခြားသောအကြောင်းကိစ္စများ ကြောင့် မိမိတို့နေရပ်စွန့်ခွာခြင်းတို့ဖြစ်သည်။ ဤသို့ဆွေးနွေးရာတွင် အထူးလိုအပ်နေသော အရေးပေါ်ဒေသများဖြစ် သည့် အမေရိကန်အလယ်ပိုင်း၊ ဗင်နီဇွဲလားနှင့်လေဘာနွန်နိုင်ငံတို့ဖြစ်သည်။ ဤပြဿနာကိုကိုင်တွယ်နိုင်ရန်မှာ အီးယူသမ္မဂ္ဂအနေဖြင့်လည်း ဤအခြေအနေကိုအဘယ်သို့ကိုင်တွယ်ရန် ကြိုတင်၍ပြင်ဆင်ထားသင့်ကြောင်း၊ ရဟန်းမင်းကြီး ၏မိန့်ခွန်းမှ ထပ်မံရလိုက်သောအသိတစ်ခုမှာ ကျွန်ုပ်တို့သည် အခြားသူများနှင့်ထိတွေ့ဆက်ဆံသည့်အခါ ပိုမိုကောင်းမွန် အောင်ကြိုးစားရမည်ဖြစ်ကြောင်း၊ အထူးသဖြင့်နွမ်းပါးချို့တဲ့သူများအပေါ်၌ဖြစ်ပါသည်။          

            ဗာတီကန်နှင့်ကုလဆိုင်ရာဒုက္ခသည်များရုံးအနေဖြင့် ပူးပေါင်းလုပ်ဆောင်၍ အထက်ကဆိုခဲ့သောအခြေအနေကို ကိုင်တွယ်ဖြေရှင်းရန်  အားပေးရမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် အစွန့်ပစ်ခံ၊ အပယ်ခံ၊ အမေ့ခံများ၏အသံဖြစ် ကြောင်း၊ ဒုက္ခသည်များသည် အုံနှင့်ကျင်းနှင့်ပြောင်းရွေ့နေကြကြောင်း၊ ရဟန်းမင်းကြီး၏ မမောမပန်းနိုင်သော အားထုတ်မှုသည် ပြောင်းရွေ့များ၊ ဒုက္ခသည်များအပေါ် စောင့်ရှောက်မူပေးရာတွင် သိသာမြင်သာသော ပြောင်းလဲတိုးတက် မူကိုမြင်တွေ့ရကြောင်း ဥပမာအားဖြင့် လုံခြုံသောနေရာများ၌ နေရာချထားပေးခြင်း၊ အိမ်ရှင်နိုင်ငံများမှ ဒုက္ခသည်များ ထိရောက်သော အကူအညီများပေးနေသည်များကိုတွေ့နေရသည်။       

            ကုလဆိုင်ရာ ဒုက္ခသည်များမဟာမင်းကြီးရုံးအနေဖြင့် ရှိနေပြီဖြစ်သော ဗာတီကန်နှင့်အတူမိတ်ဖွဲ့လုပ်ဆောင် ခြင်းကို ဆက်လက်ထားရှိလုပ်ဆောင်သွားမည်ဖြစ်ကြာင်း၊ ဤသို့ဖြင့် တာ၀န်ယူမူများကိုလည်း ‌ဒုက္ခသည်များအား လက် ခံပေးသော အိမ်ရှင်နိုင်ငံများနှင့်လက်တွဲ၍ အလုံးအရင်းနှင့်ပြောင်းရွေ့လာသော ပြောင်းရွေ့များကိုကူညီရန်မျှော်လင့်၍ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်သည် ၄င်းတို့၏တွေ့ဆုံမူအပြီး၌ သူကိုယ်တိုင်လက် မှတ်ရေးထိုးထားသော (၂၀၂၁) ‘ကမ္ဘာ့ငြိမ်းချမ်းနေ့’ သ၀တ်လွှာကို ကုလ၏ဒုက္ခသည်များ မဟာမင်းကြီးရုံး၏ထိပ်တန်း အရာရှိအား လက်ဆောင်ပေးခဲ့သည်။ ထိုသ၀ဏ်လွှာ၌ ကမ္ဘာတစ်၀ှမ်းလုံး၌ လူသားချင်းဆိုင်ရာအကူအညီ အရေးတ ကြီးလိုအပ်ချက်ကို အသားပေးဖော်ပြထားသည်။ ကမ္ဘာပေါ်၌ လူသန်း (၈၀) ကျော် ဒေသအတွင်းဖြစ်ပွားသော မတည်မငြိမ်မှုများ၊ ညှဉ်းပမ်းနှိပ်စက်ခြင်းများ၊ အကြမ်းဖက်ခြင်းများကြောင့်နေရပ်စွန့်၍ထွက်ပြေးရန် အကြောင်းဖန်နေသည်။

           ရဟန်းမင်းကြီးသည် ဒုက္ခသည်များ၊ ပြောင်းရွေ့များအတွက် မားမားမတ်မတ်ရပ်တည်ပေးနေသော အာဂသူရဲကောင်း ဖြစ်ကြောင်း၊ အကြောင်းအရာများစွာကို ကမ္ဘာ့စာမျက်နှာက်များတွင် မေ့မေ့ပျောက်ပျောက်ထားရှိရန် အာထုတ်လုပ် ဆောင်နေချိန်၌ ကျွန်ုပ်အနေဖြင့် သူ (ရဟန်းမင်းကြီးဖရန်စစ်) အား သွားရောက်တွေ့ဆုံပြီး၊ ခွန်အားနှင့်အကြံဉာဏ်များ ရရှိရန် သွားရောက်တွေ့ဆုံခဲံပါသည်။ သူနှင့်တွေ့ဆုံပြီးနောက် အကူအညီလိုအပ်နေသောသူများကို ဆက်လက်၍ကူညီ နိုင်ရန်လုပ်ဆောင်မည်ဟု ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ကျွန်ုပ်သည် သူ့ထံမှထွက်ခွာလာခဲ့ပါသည် ဟုသူ၏တွီ တာတွင်ရေးသားထားပါသည်။   

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3tSZOFL

 

Add new comment

5 + 2 =