ရွှေဘိုမြို့နယ် ၊ရွာတော်စံပြကျေးရွာမှ မိသားစု (၇၀) အား ဆန် (၃)ပြည်နှင့် ဆီ (၂၀) ကျပ်သား ပေးဝေခြင်း။

ရွှေဘိုမြို့နယ် ၊ရွာတော်စံပြကျေးရွာမှ မိသားစု (၇၀) အား ဆန် (၃)ပြည်နှင့် ဆီ (၂၀) ကျပ်သား ပေးဝေခြင်း။

မန္တလေး ကက်သလစ် ဂိုဏ်းချုပ်သာသနာ ရွှေဘိုမြို့နယ် ၊ရွာတော်စံပြကျေးရွာမှ မိသားစု (၇၀) အား ဆန် (၃)ပြည်နှင့် ဆီ (၂၀) ကျပ်သား ပေးဝေခြင်း။
(10.4.2020)

(10.4.2020) ရက်နေ့က ရွာတော်စံပြကျေးရွာမှ ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Solomon မှ မိသားစု (၇၀) အား ဆန် (၃) ပြည် နှင့် ဆီ (၂၀) ကျပ်သား ပေးဝေခဲ့တယ်လို့ ဟု ရွာတော်ကျေးရွာမှ မဌေးဌေးခိုင်မှ အာဗီအေသို့ ပြောပြချက်အရ သိရှိရပါသည်။

COVID-19 ကပ်ရောဂါဆိုးကြောင့် အလုပ်လက်မဲ့ဖြစ်နေချိန်တွင် စားဝတ်နေရေး ခက်ခဲ သော အခြေခံလူတန်းစားများအား ရွေးချယ်၍ ပေးခဲ့သည်ဟုလည်း သိရှိရပါသည်။

ဆက်လက်ပြီး ရွာတော်စံပြကျေးရွာတွင် KMSS-MDY မှ COVID-19 အသိပညာပေးဆိုင်ရာ ဗီနိုင်းများ ကပ်ပေးခြင်း ၊ကိုလည်း လုပ်ဆောင်ခဲ့ တယ်လို့သိရှိရပါသည်။

ယခုလက်ရှိ ကျေးရွာများအတွင်း အလှူခံများ ၊ လှည့်လည်၍ ရောင်းသော ဈေးသည်များ ကို လာရောက်ခွင့်မပြုကြောင်း၊ ည အိပ် ဧည့်သည်များ လက်မခံကြောင်း၊ ကျေးရွာသူ၊ကျေးရွာသားများနှင့် ဧည့်သည်များ ဆေးစစ်မှုခံယူပေးရမည်ဖြစ်ကြောင်း၊ ကျေးရွာတွင် မည်သည့်နိုင်ငံမှ ပြန်လာသည်ဖြစ်စေ ကျေးရွာအုပ်ချုပ်ရေးမှုး (သိုံ့) ကျန်းမာရေး ဌာနသို့ သတင်းပေးပို့ရမည်ဖြစ်ကြောင်း၊ ငွေစု /ငွေချေး အသင်းများမှ ဝန်ထမ်းများသည်လည်း ကျေးရွာအတွင်း ငွေကောက်ခံခြင်းနှင့် အစည်းအဝေးပြုလုပ်ခြင်းများကို လုပ်ဆောင်ခွင့်မပြုကြောင်း ကြေငြာထားသည်ကို သိရှိရပါသည်။

ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကျေးရွာများအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါအား ကြိုတင်ကာကွယ်ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
Photo - Ma Htay Htay Khaing
News By- Pinky

#RVAMMCovid19Act
#CoronaVirus
#Covid19Program
#MDYdioCovidResponse
#MyanmarChurchMedia
#KMSSMDY

Add new comment

8 + 4 =