ရွေ့ပြောင်းများအားကြိုဆိုလက်ခံလျှင် လူ့အသိုင်းအ၀ိုင်းနှင့်သာသနာတော်ကြီးထွားလာသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ရွေ့ပြောင်းများအားကြိုဆိုလက်ခံလျှင် လူ့အသိုင်းအ၀ိုင်းနှင့်သာသနာတော်ကြီးထွားလာသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

ရွေ့ပြောင်းများအားကြိုဆိုလက်ခံလျှင် လူ့အသိုင်းအ၀ိုင်းနှင့်သာသနာတော်ကြီးထွားလာသည်ဟု ပုပ်ဖရန်စစ်မိန့်ကြား

            ‘လာတင်းအမေရိကား၌ရလိုက်သောအတွေ့အကြုံအရ ရွေ့ပြောင်းများကို ထိရောက်စွာကြိုဆိုကူညီပေးခြင်း သည်ကောင်းကြီးတော်တစ်ပါးဖြစ်သည်။ ကြွယ်၀လာစေခြင်း၏အရင်းအမြစ်ဖြစ်သည်။ ထို့အတူလူမူအသိုင်းအ၀ိုင်း ကိုလည်း ကြီးထွားလာအောင်အားပေးရာလည်းရောက်သည်’ ဟုပြောဆို၀ကြောင်း ရဟန်းမင်းကြီးဖရန်စစ်သည် သူ ၏ ‘Fratelli tutti’ စာချွန်တော်အားကိုးကား၍ ‘ရွေ့ပြောင်းများအားကူညီထောက်ပံ့ပေးသောအဖွဲ့အစည်းများ’ ၏အ စည်းအ‌ဝေး၌တက်ရောက်လာသောသူ (၂၀၀) ဦးတို့ကိုမိန့်ကြားခဲ့သည်။ ဤအဖွဲ့သည် အီတလီနိုင်ငံ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့ချုပ်၏စီမံမှုအောက်၌ရှိသည်။

နို၀င်ဘာ (၉-၁၂) အထိ ရောမမြို့၌ ‘ဥရောပရှိအီတလီလူမျိုး များနှင့်ခရစ်ယာန်သာသနာပြုများ’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။

            ရဟန်းမင်းကြီးဖရန်စစ်သည် ရွေ့ပြောင်းများအားကြိုဆိုလက်ခံခြင်းနှင့်ပတ်သက်၍ အချက် (၄) ချက်ကို ပြန် လည်မိန့်ကြားခဲ့သည်။ ထိုအချက် (၄) ချက်ကိုလစ်လျူရူပါက ကြီးမားသောပြဿနာဆီသို့ဦးတည်သွားစေသည်။ (မတ်လ၊ ၂၂၊ ၂၀၁၆) ခုနှစ်က ဘရာဆဲလ်၊ ဘဲလ်ဂျီယံ၊ Zaventem လေဆိပ်၌ဗုံးဆက်တိုက် (၃) ကြိမ်ပေါက်ကွဲခဲ့သည်။ ထိုလုပ်ရပ်၏လက်သည်မှာ လူမှုအသိုင်းအ၀ိုင်း၏နွေးထွေးစွာကြိုဆိုမှုမခံရသော ရွေ့ပြောင်းမိသားစုများ၏ကလေး များဖြစ်သည်။

            ရွေ့ပြောင်းများသည် ဥရောပနှင့်သူတို့ခိုလှုံသော သာသနာအတွက်ကောင်းကြီးတစ်ခုဖြစ်သည်။ အကယ်၍ ၄င်းတို့အားနွေးထွေးပျူဌာစွာလက်ခံယူနိုင်လျှင် စည်းလုံးခြင်းကိုမွေးဖွားပေးသည်။ ထိုအခါ ‘ကက်သလစ်’ ဖြစ်ခြင်း (လူသားတိုင်းနှင့်သက်ဆိုင်မူ) ကိုပြသသည်။ တမန်တော်ကြီးတို့မှဆင်းသက်လာခြင်းကိုပြသသည်။ သန့်ရှင်းခြင်းကို ပြသနိုင်သည်။

ရဟန်းမင်းကြီးဖရန်စစ်က စိန့်ဖရန်ဆက်ဇေးဗီးယားဘရီးနီအားပမာပြထားသည်။ အဆိုပါရဟန္တာ သည် (၁၉၄၆) ခုနှစ်၌ရဟန္တာအဖြစ် တင်မြောက်ခံရသော ပထမဦးဆုံးအမေရိကန်နိုင်ငံသားဖြစ်သည်။ သူသည်အမေ ရိကားသို့ပြောင်းရွေ့သွားသော အီတလီလူမျိုးများ၏၀ိညာဉ်ရေးအတွက်သာသနာပြုသီလရှင်အသင်းဖြစ်သည့် ‘ယေဇူးရွှေနှလုံးတော်သီလရှင်’ အသင်းကိုတည်ထောင်ခဲ့သည်။ ယခုအစည်းအ‌ဝေးကြီးသည် ဥရောပ၌ရွေ့ပြောင်း သွားလာသောအီတလီလူမျိုးများအနေဖြင့် သာသနာပြုစိတ်ဓာတ်များမွေးမြူရန်၊ သို့မှသာ ဧ၀ံဂေလိသတင်းကောင်း ကိုနည်းလမ်းသစ်ဖြင့်ဟောကြားရရောက်မည်။ ထို့ကြောင့် ရွေ့ပြောင်းသွားလာသောလူ့အသိုင်းအ၀ိုင်းအား ‘ကျွန်ုပ် တို့’ ဟုနားလည်ရန်၊ ဥရောပသည် အားလုံးအတွက်လုံခြုံစွာခိုနားရာအိမ်တော်ဖြစ်စေရန်၊ ယုံကြည်ခြင်းမျိုးစေကို လည်း ရောက်လေရာရာ၌ကြဲကြရန်တိုက်တွန်းခဲ့သည်။  

 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3Fobaqe

Add new comment

1 + 13 =