ရွိုင်ရို ကမ္ဘာ့လူငယ်များနေ့ လူငယ်များမှ အမိအသင်းတော်အတွက် ရောမမှနေ၍ဆုတောင်း

ရွိုင်ရို ကမ္ဘာ့လူငယ်များနေ့ လူငယ်များမှ အမိအသင်းတော်အတွက် ရောမမှနေ၍ဆုတောင်း

ရွိုင်ရို ကမ္ဘာ့လူငယ်များနေ့ လူငယ်များမှ အမိအသင်းတော်အတွက် ရောမမှနေ၍ဆုတောင်း

 

သူတို့ဟာ ကိုယ်တော်မြတ်စက္ကရင်မင်တူးကို ပိုမိုပြီး ချီးမွမ်းကိုးကွယ် ချင်ကြပြီး စပိန်နိုင်ငံရဲ့ မြို့ ကြီးတွေဖြစ်တဲ့ မက်ဒရစ်,ဘာစီလိုနား တို့မှာ အပါတ်စဉ်ကျင်းပတဲ့ ကိုယ်တော်မြတ်ကို ဝတ်ပြုကိုး ကွယ်ခြင်း အစီစဉ်တွေမှာ ပါဝင်ခဲ့ကြ ပါတယ်။ ဝတ်ပြုကိုးကွယ်နေစဉ်အတွင်း သူတို့ကိုယ်တိုင် ရေးစပ်သီ ကုံးထားတဲ့ သီချင်းတွေကိုအများအားဖြင့်သုံးပါတယ်။

MARTA RODRIGUEZ (Hakuna,Madrid) ပြောတာကတော့ " ဤအရာဟာ ကျွန်ုပ် အတွက်တော့ လွတ်မြောက်စွာ ချစ်ခြင်းတခုပါ၊အခြားသူများကို ချစ်ခြင်း ကူညီခြင်းနဲ့ ရဟန္တာတွေဖြစ်လာဖို့ ဘုရားရှင်ကို ရှာဖွေ တွေ့ရှိဖို့ ပညာပေးရာလည်း ဖြစ်ပါတယ်"

JORDI CASSANY ( Hakuna ,Girona)ကတော့ " ကျွန်ုပ်တို့ဟာ အသစ်အဆန်းကို ထွင်တာ မဟုတ်ပါဖူး၊ ရှေးဦး ခရစ်ယာန်အသိုင်းအဝိုင်းတွေ ဟာခရစ်တော်သခင်နဲ့ နီးကပ်စွာ နေထိုင် နိုင်ခဲ့ကြလို့ ပျော်ရွှင် ဝမ်းမြောက် တဲ့ဘဝ ,ကိုယ်တော်မြတ်ကပေးတဲ့ ဆုလဒ်တွေ အပြည့်ဝ ခံစားခဲ့ရတာမို့ သူတို့ရဲ့ နေထိုင်မှု ပုံစံ နောက်ကို လိုက်ကျင့်နေထိုင်ခြင်းသာပါ"

INES ROSAL (Hakuna,Barcelona)ဝေမျှပြောဆိုတာကတော့ " အခုလို အသင်းသားတွေ အတူတ ကွလာ ရောက် စုရုံးကြပြီး အသင်းတော်ကြီး စည်းလုံးညီညွတ်ရေးအတွက် ဆုတောင်းပေးကြခြင်းဟာ ကြီးမားတဲ့ အခွင့်အလမ်းတခု ပါပဲ"

ရောမမှာ သူတို့တွေရှိနေကြစဉ်အတွင်း သူတို့ရဲ့ဂီတတွေကို တင်ဆက်ခြင်း ကိုယ်တော် မြတ်ကို ဝတ်ပြုကိုးကွယ်ခြင်း တွေကို နေရာအများပြားမှာ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့တွေဟာ ဆရာတော် ကြီး ရိုမဲယို နဲ့ Pope Paul VI တို့ရဲ့ ရဟန္တာ တင်မြှောက်ခြင်း အခမ်းအနားတွေမှာလည်း လာရောက်ပါဝင်ခဲ့ ကြပါတယ်။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3KlficI

 

Add new comment

9 + 3 =