ရောမသို့ဘုရားဖူးရောက်လာကြသော မက်ဆီကင်ဘုရားဖူးတို့ တချိူ့မှ ရင်တွင်းခံစားချက်ဖွင့်ဟ

ရောမသို့ဘုရားဖူးရောက်လာကြသော မက်ဆီကင်ဘုရားဖူးတို့ တချိူ့မှ ရင်တွင်းခံစားချက်ဖွင့်ဟ

ရောမသို့ဘုရားဖူးရောက်လာကြသော မက်ဆီကင်ဘုရားဖူးတို့ တချိူ့မှ ရင်တွင်းခံစားချက်ဖွင့်ဟ

 

            အီတလီနိုင်ငံ၌ ကပ်ရောဂါဆိုးကြီးကိုထိန်းသိမ်းနိုင်လိုက်သော အခြေအနေရှိနေသော်လည်း ဘုရားဖူးများ သည် ရဟန်းမင်းကြီးအနီးအပါးသို့ ကပ်ရောဂါဆိုးကြီးမဖြစ်ပွားမီအချိန်ကကဲ့သို့ နီးနီးကပ်ကပ် ချဉ်းကပ် ရန်မဖြစ်နိုင် သေးပေ။ နီးနီးကပ်ကပ်သွားရောက်ခွင့်မရှိသော်လည်း ရဟန်းမင်းကြီးအား အတော်အတန်နီးကပ် စွာဖူးတွေ့ခွင့်ရ ခြင်းသည်ပင် မက်ဆီကိုနိုင်ငံမှ Miguelangelo MACIEL ကဲ့သို့သော ဘုရားဖူးများအတွက်မှာမူ အလွန်စိတ်လှုပ်ရှား ကျေနပ်ခဲ့ရသည်။ သူသည် မက်ဆီကိုနိုင်ငံမှလာရောက်သောဘုရားဖူးတစ်ဦးဖြစ်ပြီး၊ ရဟန်းမင်းကြီး၏ ဗုဒ္ဓဟူးနေ့ တိုင်း ဘုရားဖူး များနှင့်တွေ့ဆုံသည့်အစီအစဉ်၌ပါ၀င်ခဲ့သူဖြစ်သည်။

ကက်သလစ်ဘာသာတူတစ်ဦးအနေဖြင့် သူ့အ တွက်မှာ ကက်သလစ်သာသနာတော်ကြီး၏ ဗဟိုချက်မရှိရာ နေရာသို့ ခြေချလည်ပတ်ဆုတောင်းခြင်းဖြစ်ပင်ဖြစ် သည်။ ထို့အတူ ရဟန်းမင်းကြီးနှင့်ရှိနေခြင်း ခံစားချက် ဖြစ်သည်။ ရဟန်းမင်းကြီးကိုဖူးတွေ့လိုက်ရသောအခါ ဘုရားဖူးလူ အုပ်ကြီးတို့မှ သန့်ရှင်းသော၀ိညာဉ်တော်၏ လှုပ်ဆော်မှုဖြင့် ကျယ်လောင်စွာအော်ခေါ်နှုတ်ဆက်နေသည့်ခံစားချက်  သည် ဖော်မပြနိုင်သည့် ပျော်ရွှင်မှုကြီးဖြစ်ပေါ်ခံစားရပြီး ဤအတွေ့အကြုံသည် အဖိုးမဖြတ်နိုင်ကြောင်းဆိုသည်။

 

            ထိုနေ့၌ အီတလီမြောက်ပိုင်း Faenza မြို့မှဘုရားဖူးများလည်း ‘ကျေးဇူးတော်အပေါင်း၏မယ်တော်’ ညီအစ်ကို အစ်ကိုမောင်နှမအသင်းဖွဲ့စည်းတည်ထောင်ခြင်း နှစ် (၆၀၀) ပြည့်နှစ်ပတ်လည်နေ့ကို လည်းကျင်းပရင်းရောက်ရှိနေ ကြသည်။ ၄င်းတို့သည် ရှေးဟောင်းမယ်တော်ပုံကိုသဒ္ဓါကြည်ညိုခြင်းရှိကြသည်။ ဘုရားဖူးများ၏ ကျောင်းထိုင်ဘုန်း တော်ကြီးက ‘ကျေးဇူးအပေါင်း၏မယ်တော်’ ရှေးဟောင်းပုံတူကို ရဟန်းမင်းကြီး အားလက်ဆောင်အဖြစ်ပေးနိုင်ခဲ့၍ ဘာသာတူများအနေဖြင့် အလွန်ကျေနပ်ပျော်ရွှင်နေကြသည်။

 

ဆောင်းတွင်းလည်း တစ်စတစ်စအေးလာပြီဖြစ်၍  ဘုရားဖူးများအနေဖြင့်ထူထဲသောအနွေးထည်များ ၀တ်ဆင်လာကြသည်ကိုလည်း အမြင်ဆန်းပြားစွာမြင်တွေ့လာနေရပါသည်။     

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32xHr00

Add new comment

4 + 2 =