ရောမရှိ သီလရှင်ကျောင်းများနှင့်သာသနာအုပ်စုများမှ ယူကရိန်းမှ စစ်ပြေးဒုက္ခသည် များကို လက်ခံပေးထားကြ

ရောမရှိ သီလရှင်ကျောင်းများနှင့်သာသနာအုပ်စုများမှ ယူကရိန်းမှ စစ်ပြေးဒုက္ခသည် များကို လက်ခံပေးထားကြ

ရောမရှိ သီလရှင်ကျောင်းများနှင့်သာသနာအုပ်စုများမှ ယူကရိန်းမှ စစ်ပြေးဒုက္ခသည် များကို လက်ခံပေးထားကြ

            ကျွန်ုပ်တို့သည်  ကားများ၊ ယာဉ်များသည် လက်နက်ကြီးငယ်များ ထိမှန်ဖောက်ထွက် သွားသည် ကိုမြင်တွေ့ခဲ့ရ သည်။ စစ်ပြေးဒုက္ခသည်များအားထိန်းချုပ်ထားသည်။ ဒုက္ခသည်များအား သယ်ဆောင် ထားသောကားများကိုလည်းပစ် ခွဲဖောက်ဖျက်ခဲ့ကြသည်ကိုလည်းမြင်တွေ့ခဲ့ရကြောင်း ယူကရိန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်သော Vita ဆိုသူ အမျိုးသမီးကရှင်းပြသည်။

ယူကရိန်းနိုင်ငံသားတို့၏လူသေအလောင်းများသည် သူထွက်ပြေးလာခဲ့သော ပိုလန်နိုင်ငံ၊ Kharkiv မြို့ အနီး Kremenchuk မှထွက်ပြေးလာစဉ် ရေမြောင်းများထဲတွင် အတုံးအရုန်းလဲ ကျသေဆုံး နေကြ သည်ကိုမြင် တွေ့ခဲ့ရကြောင်း၊ မွေးရပ်မြေကိုစွန့်ရန်မှာ အလွန်ခက်ခဲသောဆုံးဖြတ်ချက်ဖြစ်သည်။ ဤသို့ဆုံးဖြတ်ခဲ့ရ၍ သူ့အနေဖြင့် နောင်တမရ။ ၄င်းတို့အားပိုလန်နယ်စပ်ရှိ ဒုက္ခသည် စခန်းသို့ခေါ် ဆောင်လာခဲ့သည်။ မည်သည့်တိုင်းပြည်သို့သွားလို ကြောင်းမေး မြန်းသောခါ အီတလီသို့ သွားလို ကြောင်းဖြေကြားခဲ့၍ မှတ်တမ်းကောက်ယူသူများထံသို့ နာမည်စာရင်းပေး သွင်းခဲ့သည်။ နောက် တစ်နေ့၌ အီတလီသို့ပို့ဆောင်မည့်မီနီကားလေးစီးရောက်လာပြီးခေါ်တင်ဆောင်လာခဲ့ပါသည်။ ခရီး နာရီစုစုပေါင်း (၂၇) နာရီကြာအီတလီကြက်ခြေနီကားဖြင့် ရောမသို့ရောက်ရှိလာခဲ့သည်။  Vita သည် အဆိုပါအဖွဲ့နှင့်လိုက် ပါလာသော စစ်ပြေးဒုက္ခသည် (၁၀၂) တွင်ပါ၀င်ခဲ့ပြီး အများပိုင်းမှာ အမျိုးသမီး များနှင့်က လေးများပါသည်။ ၄င်းတို့အား ကာရီတာစ့် ရောမနှင့်ရောမအစိုးရတို့၏တာ၀န်ရှိသူများက စီစဉ်ပေးထားသော ယူကရိန်းစစ်ရှောင် များထားရှိရန် အိမ် (၂၃) လုံးပေးထားသော နေရာတွင် နေထိုင် စေသည်။ 

            တာ၀န်ရှိသူများက လူအရေအတွက်နှင့်မိသားစုအရေအတွက်ပါသည့် စာရင်းကို ကာရီတာစ့် ရောမ၏တာ၀န်ခံအားပေးခဲ့ ကြောင်း၊ ထို့နောက် ဒုက္ခသည်များအား ယာယီတည်းခိုနေရာမှ သီလရှင် ကျောင်းများ၊ သာသနာအုပ်စုများသို့ပို့ဆောင်ပေးခဲ့ကြ သည်။ ထိုအချိန်မှစ၍ အတူတကွဘ၀ကို လျှောက် လှမ်းခဲ့ကြောင်းဖြင့် LUIGI PETRUCCI ကရှင်းပြပါသည်။  ဤစီမံကိန်းသည် ဒုက္ခ သည်များအား နေစရာရှာပေးပြီးရုံဖြင့် ပြီးသွားသည်မဟုတ်။ နယ်ခံပြည်သူများနှင့်သဟဇာတဖြစ်စေရန်အတွက်လည်း ကူညီပေး သွားမည်ဖြစ်သည်။ 

            ဒုက္ခသည်အချို့သည် တာ၀န်ရှိသူတို့၏အားနည်းချက်ကြောင့် မိသားစု၀င်များနှင့် ကွဲနေသည် များကိုပြန်လည်စီစစ်၍ မိသား စုများပြန်လည်ဆုံဆည်းနိုင်ရန်လုပ်ဆောင်ပေးခဲ့သည်။ အချို့မိသားစု များသည် ယူကရိန်း၌စစ်ရေးတင်းမာမှုငြိမ်ကျသွားသည်နှင့်ဇာ တိမြေကိုပြန် လိုသောမိသားစု များလည်း ရှိနေကြသည်။ ထို့ကြောင့်လည်း ၄င်းတို့၏သားသမီးများအား ကျောင်းမထားလိုကြ။ ယူက ရိန်ပညာရေး ကိုသာအဝေးမှရသည့်နည်းဖြင့် ဆက်လက်သင်ကြားလိုသည်။ ဤစိတ်သည်အလွန်ကောင်းပါသည်။ အခြေအနေကြောင့်သာနေရပ်စွန့်ခဲ့ရသော်လည်း အခြေအနေပေးလာလျှင် ချက်ချင်းပြန် သွားရန် စိတ်အားထက်သန်နေကြသည်။  လက်တွေ့ကျ သောပြဿနာကိုကိုင်တွယ်ဖြေရှင်းရန်မှာ အလွန် ရှုပ်ထွေးသည်။ ဥပမာပြရသော် မိသားစုတစ်စုအား အိမ်တစ်လုံး၌ထားပေးထား၏။ သို့သော် ၄င်းတို့ အတွက်အဆင်မပြေလှ။ ရေမြောင်းရှိနေသည်ကို ကတုတ်ထဲနေခဲ့ရသောအဖြစ်ကိုစိတ်စွဲ၍ ကြောက်စိတ်များ၀င်ကာ မလုံမခြုံခံစားနေရ၍ ဖယ်ရှားပေးခဲ့ရသည့်အဖြစ်မျိုးလည်းကြုံခဲ့ရသည်။ ကာရီတာစ့်ရောမအနေဖြင့် ယူကရိန်းမှစစ်ပြေးဒုက္ခသည် များစီး၀င်လာသောနေမူကို မတ်လမှ စ၍စတင်ကိုင်တွယ်နေခဲ့ကြောင်းရှင်းပြခဲ့သည်။

            ကာရီတာစ့်ရောမ သည် ‘သွင်သွင်ကျယ်ကျယ်လက်ကမ်းကြို’ သည့်အဖွဲ့အစည်း၏ အစိတ် အပိုင်းဖြစ်ပြီး ရောမ သာသနာ သည် ယခုကဲ့သို့သော အခက်အခဲမျိုးကို ကိုင်တွယ် ဖြေရှင်း လာခဲ့ သည်မှာ (၂၀၁၅) မှစခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်း ကြီးက ကျွန်ုပ် တို့၏နေအိမ်များ၊ သီလရှင်ကျောင်းများ၊ ရသေ့ကျောင်းများ၊ ဘာသာရေး အသင်း အဖွဲ့၏အဆောက်အဦးများ၊ သာသ  နာအုပ်စုများအားဖွင့်ထားကြရန်တောင်းဆိုခဲ့သည်။ ဤတောင်းဆိုချက်သည် နှစ်ပေါင်း အတော်ကြာ ဆက်လက်အကျုံး၀င်နေခဲ့ သည်။ ဤဒုက္ခသည်များအားကြိုဆိုလက်ခံပြီး၊ နီးကပ်စွာ တွေ့ဆုံရင်း နှီးသွားသောအခါ အလွန်ကောင်းသောအကျိုးကိုရရှိလာသည်။ လက်ရှိ၌ သာသနာအုပ်စုများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မိသားစုများ၌ဤသို့သော လက်ခံကြိုဆိုမှုကိုမျိုးကိုကမ်းလှမ်းလျှက်ရှိ နေသည်။   

            စိန့် Corbinian သာသနာအုပ်စုသည် အဆိုပါလက်ကမ်းကြိုဆိုမှုကိုပေးနေသည်။ နေရာထိုင်ခင်းနှင့်ငွေကြေးအထောက်အပံ့ များကိုပေးသည်။ Vita သည်ထိုသာသနာအုပ်စု၌ နေထိုင်လျှက်ရှိပြီး သူ၏ကလေးများသည်လည်း ယူကရိန်းနိုင်ငံအားစွန့်လာခဲ့ သည့်နေ့မှစ၍ မျှော်မှန်းခဲ့သောငြိမ်းချမ်းရေးကိုရရှိနေကြသည်။ Vita ၏အမျိုးသားသည် စစ်စတင်သည့်နေ့မှစ၍ စစ်တိုက်ရန်လိုက် သွားခဲ့ရသည်။ ကလေးများနှင့်သူသည်တစ်ဦးတည်းကျန်ရစ်ခဲ့သည်။ အလွန် ကြောက်ရွံ့ခဲ့သည်။ စစ်သတိပေးသံများကိုနေညမဟူတ် ကြားနေခဲ့ရသည်။ အလုပ်လည်းမသွားနိုင်ခဲ့။ ကလေးများကိုလည်းချန်ထားခဲ့၍မဖြစ်။  သူမိဘများမှာလည်း အခြားတစ်နေရာ၌နေထိုင်ကြသည်။

အီတလီ၌ အလွန်သက်တောင့်သက်တာရှိလှပါသည်။ လက်ရှိနေထိုင်နေရသောအိမ်၌ အလွန် သက်တောင့်သက်သာရှိ ပါသည်။ ဤနေရာသို့ရောက်လာခဲ့ရ၍ နောင်တမရ။ ၀မ်းမနည်းပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်မနှင့်ကလေးများသည် လုံခြုံပြီး၊ အေးချမ်းစွာနေရသည်။ စိတ်မ ကောင်းဖြစ်ရသောတစ်ခုတည်းသောအကြောင်းတရားမှာ ယူကရိန်းနှင့်အနေဝေး၍ ယူကရိန်းကိုမ ကူညီနိုင်ပေ။ အမှန်ဆိုသော် သူသည်လည်း ယူကရိန်းနိုင်ငံအား တစ်ခုခုကူညီချင်နေမိသည်ဟုဆိုသည်။ 

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/38nFeHU

Add new comment

15 + 2 =