Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရောမရောက်မြန်မာကက်သလစ် များ မြန်မာပြည်အတွက် ခြေလျင်ဘုရားဖူးခရီးပြုကာပူဇော်ဆုတောင်း
ရောမရောက်မြန်မာကက်သလစ် များ မြန်မာပြည်အတွက် ခြေလျင်ဘုရားဖူးခရီးပြုကာပူဇော်ဆုတောင်း
မြန်မာပြည်အတွက် အထူးပူဇော်ဆုတောင်းပေးနိုင်ပါရန် ရောမမြို့တွင်ရောက်ရှိနေကြသော မြန်မာကက်သလစ် ဘုန်းတော်ကြီးများ၊ ကိုရင်၊ သီလရှင် ၃၂ ပါးတို့ဟာ ဂျွန်လ ( ၂၆ ရက် ) နေ့မှာ တော့ "Pilgrims for Peace in the Seven States and Seven Divisions of Myanmar through the Seven Churches of Rome." “ပြည်နယ် ၇ ခု တိုင်း ၇ ခု အတွက် ရောမမြို့မှ ဘုရားကျောင်း ၇ ခု သို့ ခြေလျှင်ဘုရားဖူးများ” ဆိုတဲ့ စာတမ်းကြီးများကို ကိုင်ဆောင်ကာ ဘုရားဖူးခြေလျင်ခရီးဖြင့် အပ်နှံဆုတောင်းခြင်းများပြုခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ ရောမရောက် အဖွဲ့ဟာ ၎င်းတို့ရဲ့ခြေလျင်ဘုရားဖူးခရီးစဉ်ကို နံနက် ၈း၀၀ နာရီမှ ည ၈း၀၀နာရီအထိပြုလုပ်ခဲ့ကြတာဖြစ်ပြီး စုစုပေါင်း ၂၅ ကီလိုမီတာ လမ်းလျှောက်ခဲ့ကြတာဖြစ်ကြောင်း
၎င်းတို့ဟာ ဘုရားကျောင်းတကျောင်းဆီရောက်တိုင်း ပြည်နယ်၊ သို့မဟုတ် တိုင်း ၁ ခု အတွက် အထူးပူဇော်ကာ စိတ်ပုတီး ၁၀ စိပ်ခြင်း ကို မြန်မာပြည်ရဲ့ တိုင်းရင်းသားဘာသာစကား အသီးသီးအားဖြင့်၎င်း၊ မြန်မာ၊ အဂ်လိပ်၊ အီတလီ ဘာသာစကားတို့နဲ့ ဆုတောင်းခဲ့ကြသလို၊ ကျမ်းစာ သို့မဟုတ် ရောက်ရှိသည့် ဘုရားကျောင်းရဲ့ ရဟန္တာ အကြောင်းများကိုဖတ်ရှုကာ ၇ မိနစ်ခန့် တရားမှတ်ထောက်ရှုခဲ့ကြတယ်လို့ဆိုပါတယ်။
မစ္ဆားတရားပူဇော်ခြင်းအစီအစဉ်ကိုတော့ စိန့်လောရင့်စ် ဘာဆီးလိကာ ဘုရားကျောင်းမှာ ပူဇော်ခဲ့ကြတာပါ။
“အချိန်အားဖြင့်စုစုပေါင်း ၁၂ နာရီခန့်ကြာမြင့်ခဲ့တဲ့ အဆိုပါ ခြေလျင်ဘုရားဖူးခရီးစဉ်တွင် ခန္တာကိုယ်ပင်ပန်းပေမယ့် ဝိညာဉ်ရွှင်လန်းရပါကြောင်း နဲ့ ဝိညာဉ်ရေးအသက်တာ ဆန်းသစ်ကာ ဘုရားရှင်၏ကောင်းကြီးမဂ်လာရရှိမည်မှာ သေချာပါတယ်” လို့ ယေဇူးအသင်းဂိုဏ်းမှ Bro.PV Joseph Buan Sing က ၎င်းရဲ့ အတွေ့အကြုံကို ဝေငှခဲ့ပါတယ်။
စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Add new comment