ရောမမြို့၏ အီစတာ ဝါကျွတ်ပွဲ ယခင်နှင့်လုံးဝခြားနားသည်

ရောမမြို့၏ အီစတာ ဝါကျွတ်ပွဲ ယခင်နှင့်လုံးဝခြားနားသည်

ရောမမြို့၏ အီစတာ ဝါကျွတ်ပွဲ ယခင်နှင့်လုံးဝခြားနားသည်

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၂၀ ခုနှစ်ရဲ့ အီစတာအခါကြီးရက်ကြီးများဟာ ကမ္ဘာတလွှားရှိ ကက်သလစ်များအတွက် ခါတိုင်းနဲ့မတူ တမူထူးစွာနဲ့ အင်တာနက် အွန်လိုင်း မှတဆင့် တီဗီချာနယ် များမှတဆင့် ကွန်ပြူတာ ဖုန်းများကို မျက်နှာမူလို့ နာယူကြရခြင်းမှာ ရောမမြို့သည်လည်း အတူတူပင်ဖြစ်ပါသည်။

သခင်ခရစ်တော်၏ ဒုက္ခခံထမ်းခြင်း၊ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းကို ကမ္မဌာန်းရှုကြတဲ့ ခရစ်ယာန်များနဲ့အတူ ရောမမြို့ ရှိ ကက်သလစ်ခရစ်ယာန်များကလည်း ထာဝရမြို့တော်ဟု ခေါ်ဝေါ်တဲ့ ၄င်းတို့ရောမမြို့တော်မှာ ယခင်က အီစတာ ကျင်းပပုံများကို အောက်မေ့သတိယကာ အခြားသော ကမ္ဘာပေါ်မှ ကက်သလစ်ခရစ်ယာန် ညီအကိုမောင်နှမများနည်းတူ အွန်လိုင်း မစ္ဆားဝတ်ပြုခြင်းများကို တက်ရောက်ခဲ့ကြကြောင်းနှင့် အချို့သော ဘာသာ၀င်များကလည်း ၄င်းတို့၏ ခံစားချက်များကို ယခင်က အီစတာပွဲတော် ကျင်းပ ပုံနှင့်ယှဉ်ကာ ဝေငှ ပြောကြားခဲ့ကြကြောင်းကို CNA သတင်းအရ သိရှိရပါတယ်။

By Sr Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

 

https://bit.ly/2V69Bcv

Photo Credit: Daniel Ibanez/CNA

Add new comment

8 + 6 =