ရောမမြို့၏ နွေရာသီ ပူပြင်းသော ဒဏ်ကို ခံစားနေရသည့် ရောမအကျဉ်းထောင်ရှိ့ ထောင်သားများ အတွက် ရဟန်းမင်းကြီးဖရန်စစ်မှ ရေခဲမုန့် (၁၅၀၀၀) ခုပေးပို့ခဲ့

ရောမမြို့၏ နွေရာသီ ပူပြင်းသော ဒဏ်ကို ခံစားနေရသည့် ရောမအကျဉ်းထောင်ရှိ့ ထောင်သားများ အတွက် ရဟန်းမင်းကြီးဖရန်စစ်မှ ရေခဲမုန့် (၁၅၀၀၀) ခုပေးပို့ခဲ့

            ရဟန်းမင်းကြီးဖရန်စစ်သည် ရောမမြို့ရှိ Regina Coeli နှင့် Rebibbia အကျဉ်း ထောင်သို့ ရေခဲ မုန့် (၁၅၀၀၀) ခုပေးပို့လှူဒါန်းခဲ့ကြောင်း စက်တင်ဘာလ (၇) ရက်နေ့၊ ဗာတီကန်ကသတင်းထုတ် ပြန်ခဲ့ ပါသည်။ အဘယ်ကြောင့်ဆိုသော် ရာသီဥတုအလွန်ပူပြင်းသောကြောင့်ဖြစ်သည်။

 

ဤပေးပို့လှူဒါန်းမှုကိုရဟန်းမင်းကြီး၏ကရုဏာ ရေးလုပ်ငန်းတာ၀န်ခံ ကာဒီနယ် Konrad Krajewski ကစီစဉ်ပေးခဲ့သည်။ နှစ်စဉ် ပူပြင်းသောနွေရာသီ၌ မည်သည့် နေရာ၌မျှသွားရောက်၍ အပူ ရှောင်ခွင့်မရှိသော အကျဉ်းသား ထောင်ကျော်တို့အားဧ၀ံဂေလိကရုဏာရေးလုပ်ငန်း အသေးအဖွဲကို ဆောင်ရွက်၍ မျှော်လင့်ချက်ပေးလေ့ရှိကြောင်း၊

ယခုလုပ်ဆောင်ချက်သည် ဧ၀ံဂေလိကျမ်းစာလာ ကာယဆိုင်ရာကရုဏာရေးလုပ်ငန်းများ အနက် နွေရာသီ၌လုပ်ဆောင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ နွေရာသီ၌ ရာသီဥတုပူပြင်းသည်က တစ်ကြောင်း၊ အားလပ်ရက်များသွားကြ သည်ကတစ်ကြောင်း၊ စားသောက်ဆိုင်ကြီးငယ်များပိတ်သော ကာလ စသည့်အကြောင်းများကြောင့် နှစ်စဉ် အိုးမဲ့အိမ်မဲ့များ၊ မည်သည့် နေရာ၌မျှမသွားနိုင်ဘဲအိမ်၌သာ နေနေကြရသူများ အားလည်း Castel Gandolfoရှိ ပင်လယ် (သို့) ကန်သို့ တစ်နေ့တာ အပန်းဖြေခရီး အဖြစ်ခေါ်ဆောင်သွားပေးလေ့ရှိကြောင်း၊ ထို့နောက်ညစာအဖြင့် ‘ပီဇာ’ ကျွေးမွေးလေ့ရှိ ကြောင်းရှင်းပြ ခဲ့သည်။

            ပြည်တွင်းကရုဏာရေးလုပ်ငန်းများအပြင် ရဟန်းမင်းကြီး၏ ကရုဏာရေးရုံးတော်မှ ဖွံ့ဖြိုးမူနှေး ကွေးနေသောနိုင်ငံများသို့ဆေး၀ါးအကူအညီများကိုလည်းပေးပို့လှူဒါန်းလေ့ရှိကြောင်း၊ ပြီးခဲ့သော ဩဂုတ်လ က မာဒါဂစ် ကားနိုင်ငံအတွက်လိုအပ်သော  အမေရိကန်ဒေါ်လာ (၆၀၀၀၀၀) တန်သည့် tomograph စက်ကိုလှူဒါန်းပေးခဲ့ ကြောင်း၊ ထို့အတူဆေးခန်းများဖွင့်ရန်၊ ဆေးခန်းများပြန်လည် ပြင် ဆင်မွှမ်းမံရန်၊ အသစ်ဖွင့်လှစ်ရန်လိုအပ်ကြောင်း လျှောက်လွှာအပြည့်အစုံဖြင့်တောင်းခံလာပါက ကူညီ ပေးကြောင်း၊ အာဖရိက၌အဆင်းရဲဆုံးသုံးနိုင်ငံသို့ အထက်က ဆိုခဲ့သောအခြေအနေများအတွက် ယူရို (၂.၄) သန်းကူညီပံ့ပိုးပေးခဲ့ကြောင်း၊

            ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၅) ခုနှစ် ကြာသပနေးနေ့ကြီးညနေပိုင်း၀တ်ပြုခြင်းကို Rebibbia အကျဉ်းထောင်တွင်ကျင်းပခဲ့ပြီး၊ ယေဇူးသခင်တပည့်တော်ကြီးတို့၏ ခြေကိုဆေးသည့်        အခမ်းအနားကိုပြန်လည်အောက်မေ့ရန် အကျဉ်းသားများ၏ခြေကိုဆေးပေးခဲ့သည်။ သုံးနှစ်အကြာ၌ Regina Coeli အကျဉ်းထောင်တွင်အဆိုပါအခမ်းအနားထပ်မံကျင်းပခဲ့ပြန်သည်။

            ယခုနှစ်ဇွန်လ၌လည်း ရဟန်းမင်းကြီးသည် အကျဉ်းသား (၂၀)ဦးကိုသူသီတင်းသုံးရာကျောင်း တိုက်သို့လက်ခံတွေ့ဆုံခဲ့သည်။ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံသောအကျဉ်းသားများမှာလုံခြုံ
ရေးတင်းကြပ်ချထားရန်မလိုသောသူများဖြစ်ပြီး၊ ၄င်းတို့သည်ရောမမြို့၏အရှေ့ဖက်ရှိ Rebibbia အကျဉ်းထောင်မှဖြစ်ကြသည်။ ၄င်းတို့သည်ဗာတီကန်ပြတိုက်သို့ကြည့်ရူရန်အစောင့်အကြပ်များ၊ ၄င်းတို့၏၀ိညာဉ်ရေးလမ်းညွှန်ဘုန်းတော်ကြီးနှင့်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

            (၂၀၂၀) အီတလီနိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ်စတင်ကူးစက်ဖြစ်ပွားချိန်၌အကျဉ်းထောင်များ သို့ထောင်၀င်စာမပေးဘဲပိတ်ထားခဲ့ သည်။ ထို့ကြောင့်Rebibbia မှအကျဉ်းသားအချို့သည် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။ အီတလီနိုင်ငံ၏အချို့အကျဉ်းထောင်များ၌မူ မီးရှို့မူများလည်းဖြစ်ပွားခဲ့ပြီး၊ ၀န်ထမ်းများအားဓားစာခံအဖြစ်ဖမ်းဆီးခြင်း၊အကျဉ်းထောင်၏ဆေးခန်းများကိုဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်။ ထိုရုန်းရင်းဆန်ခတ်ဖြစ်ပွားမူကြောင့် နိုင်ငံတစ်၀ှမ်း၌ သုံးရက်အတွင်း အကျဉ်းသား (၁၂) ဦး အသက် ဆုံးရှုံးခဲ့သည်။

            ယခုနှစ်နွေရာသီသည် အီတလီ၏အပူချိန်မှတ်တမ်း၌ ဆိုးရွားဆုံးဖြစ်သည်။ အပူလွန်ကဲမှုကြောင့် အီတလီတောင်ပိုင်း၌ တောမီးလောင်ကျွမ်းမှုများရှိခဲ့သည်။ မြေထဲပင်လယ်ထဲတွင်ကျရောက်သော စီစီလီ ကျွန်း၌ ပြီးခဲ့သော ဩဂုတ်လ (၁၁) ရက်နေ့၌ အပူချိန် (၁၁၉.၈၄) ဖရင်ဟိုက် (၄၈.၈)ဆဲလ်စီရက်စ်ရှိနေ သည်။ ဤအပူချိန်သည် ဥရောပ၌ပင်လျှင်အမြင့်ဆုံးဖြစ်ခဲ့သည်။

 

ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Ref: CAN, https://bit.ly/3jZiEZd

Add new comment

2 + 7 =