ရောမမြို့သည် ကမ္ဘာ့ကပ်ရော ဂါအတွင်း ခရစ္စမတ်ပွဲတော်ကို အ ကောင်းဆုံးကျင်းပနိုင်ရန်အတွက် ပြင်ဆင်ခဲ့

ရောမမြို့သည် ကမ္ဘာ့ကပ်ရော ဂါအတွင်း ခရစ္စမတ်ပွဲတော်ကို အ ကောင်းဆုံးကျင်းပနိုင်ရန်အတွက် ပြင်ဆင်ခဲ့

ကမ္ဘာအနှံ့မှ တစ်ခြားသောနေ ရာများသည် ခရစ္စမတ်ပွဲတော်အတွက် ပြင်ဆင်ကြသကဲ့သို့ ရောမမြို့သည်လည်း ခရစ္စ မတ်ပွဲတော်အတွက် စိန်ပီတာရင်ပြင်ရောက်သည်နှင့်ခရစ္စ မတ်အရသာကို ခံစားနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

“ဒီဇင်ဘာ (၂၄)ရက် နှင့် (၂၅)ရက် တို့သည် အီတလီတစ်နိုင်ငံလုံးတွင် Lockdown ဖြစ်ပြီး ဒီဇင်ဘာ (၃၁)ရက်နှင့် ဇန်နဝါရီ (၁) ရက် တို့သည်လည်း ထိုကဲ့သို့ပင်ဖြစ် သည်။ အီတလီအစိုးရသည် လူများအား မစ္ဆားတွင်ပါ၀င်ရန် အပြင်ထွက်ခွင့်ပြုလိုက်သော်လည်း မြို့တွင်းသွားလာမှုမှာ အလွန်နည်းပါးသည်။”ဟု နိုင်ငံခြား ခရီး သွားများမှ ပြောကြားခဲ့သည်။

ရဟန်းဖြစ်သင်ကျောင်းသားတစ်ဦးမှလည်း “အသက်ရှင် သန်ခွင့်ရနေသည့်အတွက် ယခုနှစ်ခရစ္စမတ်ပွဲတော်ကို ကျေးဇူးတော်တစ်ခု အနေဖြင့် မြင်မိကြောင်း၊ ယခုကာလသည် အမှန်တကယ်ပင် ခက်ခဲသည့်ကာလဖြစ်သော်လည်း မိသားစုနှင့်အတူရှိနေနိုင်ခြင်းသည်လည်း အရေးကြီးသောအရာတစ်ခု ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။

ခရစ်ယာန်တိုင်း၏ နှလုံးသားတွင်ရှိသော ခရစ္စမတ်ပွဲတော်ကို မည်သည့်အရာ ကမျှ တား ဆီးနိုင်မည်မဟုတ်ပေ။ ဗာတီကန်သည်လည်း မစ္ဆားကျင်းပမည့် အချိန်ဇယားများကို ပြောင်းလဲခဲ့ရသကဲ့သို့ ကျန်း မာ ရေးနှင့်ကိုက်ညီမည့် ပြင် ဆင်မှုများကိုလည်း ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ(၂၅)ရက်နေ့တွင်ပုပ် ရဟန်းမင်းကြီးမှ တစ်ကမ္ဘာလုံးသို့ ခရစ္စမတ်အထူကောင်း ကြီးပေးခြင်းကို ပြုလုပ်ခဲ့ဖြစ် သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ် အေးရှိုင်းအောင်

Photo courtesy of: Metro

https://bit.ly/2KtCc9f

Add new comment

4 + 5 =