ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးအသိအမှတ်ပြုထားသည့်တက္ကသိုလ်များလာမည့်ပညာသင်နှစ်၌ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးအသိအမှတ်ပြုထားသည့်တက္ကသိုလ်များလာမည့်ပညာသင်နှစ်၌ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

ရောမမြို့ရှိ ပုပ်ရဟန်းမင်းကြီးအသိအမှတ်ပြုထားသည့်တက္ကသိုလ်များလာမည့်ပညာသင်နှစ်၌ပုံမှန်ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေ

ယခုနှစ်ပညာသင်နှစ်၌ ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့် မတ်လမှစ၍ကျောင်းများသို့သွားခွင့်မပြုတော့ဘဲအွန် လိုင်းမှသင်ကြားခဲ့ သည်။ ပုံမှန်ကျောင်းမတက်ရောက်နိုင်ခဲ့ပေ။ သို့သော်လာမည့်ပညာ သင်နှစ် (၂၀၂၀-၂၀၂၁) ၌ကျောင်း သားများကိုယ်တိုင်ပုံမှန်ကျောင်း တက် ရောက်၍ပညာသင်ကြားနိုင်ရန် ရောမမြို့ရှိရဟန်း မင်းကြီး၏ လက်အောက်ရှိတက္က သိုလ်များအားလုံးကစီစဉ်လျှက်ရှိသည်။ ဤသို့ဆောင်ရွက်ရန် အတွက် ဇွန်လက ဗာတီကန်၏ပညာရေးဌာနမှညွှန်ကြား ထားခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ရာ၌ကျန်းမာရေးဆိုင်ရာဒေသ အာဏာပိုင်များ ၏ကိုဗစ် (၁၉) ကပ်ရောဂါဆိုးမကူး စက်စေရန် လိုက်နာရမည့်ညွှန်ကြားချက်များကိုအသေးစိပ်လိုက်နာရမည်ဖြစ်သည်။

အန်ဂျေးလီကွန်မ်ဟုလူသိများသောစိန့်သောမတ်စ်အကွီးနပ်စ်တက္က သိုလ် ၌တက်ရောက်ပညာသင်ကြားနေကြ သောကျောင်းသားများ သည်ရောမမြို့မှသာမဟုတ်ဘဲ အခြားသောမြို့မှသော်လည်း ကောင်း၊ အခြားသောနိုင်ငံများမှ သော်လည်းကောင်းတက်ရောက်နေကြသည်။

ကို ဗစ် (၁၉) ကပ်ရောဂါဆိုးကြောင့်ပညာကိုပုံမှန်ပြန်လည်သင်ကြားနိုင် ရန်အတွက်ကျောင်းစရိတ်၊ နေ၊ စားစရိတ်များနှင့်ပတ်သက်၍အကြပ် အ တည်းကြုံနေရသည်ဟုကျောင်းသားများထံမှ တင်ပြလာကြောင်း၊ ကျောင်းတော်ကြီးအနေဖြင့်ကျောင်းတက်ဆဲကျောင်းသားအချို့ လာမည့်ပညာသင်နှစ်၌ပြန်မလာ နိုင်တော့သည့်သတင်းကိုကြားသိနေခဲ့ကြောင်း၊ သို့သော်ပညာရေးထောက်ပံ့စရိတ်များထပ်ပိုးပေးလျှင်အများပိုင်းအ တွက် လာမည့်ပညာသင်နှစ်၌ကိုယ်တိုင်ကျောင်းပြန်လာတက်ရောက်ရန်ဖြစ်နိုင်ချေရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူတော်စင်အသင်း များနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများမှကျောင်းသားများအတွက်မှာမူ ကိုဗစ် (၁၉) ကြောင့်နိုင်ငံ၏စီးပွားရေးအ ကြပ်အတည်းများရင်ဆိုင်ကြုံ တွေ့နေရ ကြောင်း၊ ထို့အတူသူတော်စင်များမဟုတ်သောသာမန်ကျောင်းသားများလည်း ငွေကြေးအကြပ်အတည်းနှင့်ကြုံနေရကြောင်း၊ ကျောင်းတော် ကြီးမှထောက်ပံ့ပေးမည့်ပညာသင်စရိတ်သည် ကျောင်း သားအများစုအားကျောင်းပြန်လည်တက်ရောက်နိုင်စေမည်ဟုမျှော်လင့်ကြောင်း၊ ယခုနှစ် ပညာသင်နှစ်၌စာရင်းပေးသွင်းကြမည့်ကျောင်းသားသစ်များအတွက်ကိုမူ ကျောင်းစရိတ် ၂၅ မှ ၅၀ ရာ ခိုင်နှုန်းအထိလျော့ ကောက်ခံရန်ဆုံးဖြတ် ထားကြောင်း၊

ကျောင်းတော်ကြီးသည် ကိုဗစ် (၁၉) ၏အရေးပေါ်ရံပုံငွေကို လည်းထူထောင်ထားပြီး၊ ယူရိုတစ်သိန်း (၁၀၀၀၀၀) အထိအလှူ ငွေ များရှာဖွေ၍လက်ရှိကျောင်းတက်ရောက်နေသော ကျောင်းသားများအားပညာသင်ထောက်ပံ့ကြေးကူညီပေးရန် ရည်ရွယ်ထားကြောင်း၊ ကျောင်း တော်ကြီး၏ကျောင်း ကောင်စီသည် နိုင်ငံ (၉၀) ကိုကိုယ်စားပြုထားပြီး၊ ၄င်းတို့သည်မတူညီသောစီးပွား ရေးဖွံ့ ဖြိုးမှု၊ လူမှုရေးနောက်ခံမှားမှ လာရောက်ကြသူများဖြစ်ကြောင်း၊ အီတလီနိုင်ငံ၏အိမ်ပြင်မထွက်ရကာလကိုသတ်မှတ်လိုက် ချိန်၌ကျောင်းသား အတော် များများသည် မိမိတို့ ၏ကျောင်းစာများကိုအွန်လိုင်းမှလိုက်နိုင်ရန် ကွန်ပျူတာမရှိ၍ ကွန်ပျူတာရှာရ၊ အင်တာနက်ဆွဲအား ကောင်းသည့် လိုင်းများကိုရှာရဖြင့်အတော် ရုန်းကန်ခဲ့ကြရကြောင်း၊ သူတော်စင်များ၊ ဘုန်း တော်ကြီးများမဟုတ်သောသာ မန်အရပ်သားကျောင်းသားများ အတွက်မှာမူရောမမြို့၌နေထိုင်၍ စာလည်းသင်၊ ကျောင်းစရိတ်လည်းကိုယ်တိုင်ရှာဖွေရ လျှင်အလွန်ခက်ခဲပေမည်ဖြစ်ကြောင်း၊

အချို့သည် မိသားစုနှင့်သားသမီးများနှင့်ဖြစ် ကြောင်း၊ ၄င်းတို့အနေဖြင့်ဤမျှခက်ခဲ စွာပညာများကိုသင်ကြားရသော်လည်းကျိုးစား သင်ယူကြသည်မှာ ကျောင်းတော်ကြီး၏စနစ်ကျနပြီး၊ အရည်အသွေးကိုဦး စားပေးသောပညာရေးစနစ်ကြောင့်လည်းဖြစ်ကြောင်း၊ ပုံမှန်အတန်းတက်ရောက် မှုမျိုးဖြင့်ပညာသင်ကြားနေရာမှရုတ်တ ရက်အွန်လိုင်းမှသင်ကြားရေးသို့ပြောင်းလဲစီစဉ်ခဲ့ရသော (၂၀၁၉-၂၀၂၀) ပညာ သင်နှစ်၏အခြေအနေ ကိုသုံးသပ်ရမည်ဆိုပါလျှင်ရုတ်ချည်း ပြောင်းလဲလုပ်ဆောင်ရသည့်အခါမျိုး၌ ဘုရားသခင်၏အကူအညီနှင့်အတူ လုပ်ဆောင်လျှင်အရာ ရာဖြစ် နိုင်သည်ကိုသင်ကြားခဲ့မည်ဟုမျှော် လင့်ကြောင်း၊ အွန်လိုင်းသင်ခန်းစာများကိုပြုလုပ်ပေးနိုင်ခြင်းသည်ကျောင်းတော်ကြီး၏ ရည်မှန်းချက်ဖြစ် သည်တောင့်တင်းခိုင်မာသော ခရစ်ယာန်အဖွဲ့အစည်းကိုထုဆစ်ပုံဖော်နိုင်ခဲ့ကြောင်း၊

လာမည့်ပညာသစ် နှစ်၌ ကိုယ်တိုင်ကိုယ်တိုင်ကျောင်း တက်ရောက်၍ကျောင်းခန်းထဲတွင် ပညာသင်ကြားကြမည့်ကျောင်းသားများရှိသကဲ့သို့ အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်ကျောင်းမတက်နိုင်တော့ဘဲ ကျန်ရှိသောသင်ခန်းစာ များကိုပြီးဆုံးသည်အထိခေတ်သစ်နည်းပညာ၏အကူအညီဖြင့်အွန်လိုင်းမှသင်ကြားခွင့်ရသူများလည်းရှိမည်ဖြစ်ကြောင်း၊ မည်သို့ပင်ဖြစ်စေ ကျောင်းတော်ကြီးသို့ရောက်ရှိလာ ကြမည့်ကျောင်းသားများအားလုံးသည်ဝိညာဉ်ကယ်တင်ခြင်းအတွက် သန့်ရှင်းသောအမှန်တရားကိုအား ကြိုးမာန်တက်သင်ယူကြမည်ဟုမျှော်လင့်ပါကြောင်းဖြင့်တက္ကသိုလ်၏ဒါရိုက်တာ Fr. Benedict Croell, O.P. က CNA သို့အီးမေးလ်ဖြင့်သတင်း ပေးလာသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo Credit: Bohumil Petrik/CNA

https://bit.ly/32uXFVN

Add new comment

15 + 1 =