ရောမမြို့ရှိ ဆင်းရဲသားများအ တွက် COVID-19 ရောဂါပိုးစစ်ဆေးရန် Test Kit (၄၀၀၀) ကို ပုပ်ရဟန်းမင်း ကြီးလှူဒါန်း

ရောမမြို့ရှိ ဆင်းရဲသားများအ တွက် COVID-19 ရောဂါပိုးစစ်ဆေးရန် Test Kit (၄၀၀၀) ကို ပုပ်ရဟန်းမင်း ကြီးလှူဒါန်း

ဆလိုဗက်ကီးရီးယားနိုင်ငံမှ ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်အား ခရစ္စမတ်လက် ဆောင်အဖြစ် Test Kit (၄၀၀၀) ကို ပေးပို့ခဲ့ရာ ရဟန်းမင်းကြီးမှ Institute of Solidarity Mmedicine နှင့် IFO San Gallicano တို့ဖြင့်ပူးပေါင်း၍ ရောမမြို့ရှိ အိမ်ယာမဲ့ဆင်းရဲသားများအတွက် ပြန်လည် လှူဒါန်းခဲ့သည်။

ရောမမြို့နှင့် ပတ်၀န်းကျင်တွင် ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် ဆင်းရဲသားများအ တွက် ကျန်းမာရေး စောင့် ရှောက်မှုများ ရရှိရေးအတွက် အရည်အချင်းပြည့်မှီသော ဆေး၀န်ထမ်းများ၊ ကျန်းမာ ရေးလုပ်သားများ၊ လုပ်အား ပေးများဖြင့် (၁၆) နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့ကြသော Institute of Solidarity Medicine (IMES) မှပုပ် ရဟန်းမင်းကြီးအရှင်သူမြတ်

နှင့် ရဟန်းမင်းကြီးနှင့်ဆိုင်သော ဂရုဏာရေးရုံး၏ ခေါင်း ဆောင်ဖြစ်သူ Cardinal Konrad Krajewski တို့အား ယခုကဲ့သို့ မေတ္တာ၊ ဂရုဏာလုပ်ငန်းများ ပြုမူလုပ်ကိုင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

https://bit.ly/3aRi8Z8

Add new comment

10 + 0 =