ရောမမြို့ရှိအိုင်ယာလန်နိုင်ငံ၏ ပညာတော်သင်ကျောင်းသားများတည်းခိုဆောင်တွင် (၂၀၂၀-၂၀၂၁) ၌ရဟန်းလောင်း ကိုရင်အသစ်များလက်မခံသေး

ရောမမြို့ရှိအိုင်ယာလန်နိုင်ငံ၏ ပညာတော်သင်ကျောင်းသားများတည်းခိုဆောင်တွင် (၂၀၂၀-၂၀၂၁) ၌ရဟန်းလောင်း ကိုရင်အသစ်များလက်မခံသေး

ရောမမြို့ရှိအိုင်ယာလန်နိုင်ငံ၏ ပညာတော်သင်ကျောင်းသားများတည်းခိုဆောင်တွင် (၂၀၂၀-၂၀၂၁) ၌ရဟန်းလောင်း ကိုရင်အသစ်များလက်မခံသေး

အိုင်းရစ်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ (၂၀၂၀-၂၀၂၁) ပညာသင်နှစ်၌ ရောမမြို့တွင်ဖွင့်လှစ် ထား သောအိုင်ယာလန်နိုင်ငံပိုင်ပညာတော် သင်ရဟန်းလောင်းကျောင်းသားများအားလက်ခံရန်အစီအစဉ်မရှိသေးကြောင်း၊ နွေရာသီအထွေ ထွေအစည်းအ‌ဝေးကြီးအတွင်းအကြောင်းအရာများစွာဆွေးနွေးအပြီးထုတ်ပြန်ကြေငြာခဲ့သည်။ သို့ သော်အတည်ပြုဆုံးဖြတ်ချက်မဟုတ်သေးဘဲ၊ အဘယ်သို့ပြုလုပ်ရမည်ကိုစဉ်းစားလျှက်ရှိ ကြောင်း၊ ဤကျောင်းတော် ကြီးသည်အိုင်ယာလန်သာသနာအတွက်အလွန်အရေးကြီး သောအထောက်အပံ့ကိုပေးကြောင်း၊ ဤကျောင်းဖွင့်လှစ်ရ ခြင်းမှာအနာဂါတ်၌ အိုင်ယာ လန်နိုင်ငံမှရ ဟန်းလောင်းကိုရင်များကိုစေလွှတ်၍ပညာတော်သင်စေရန်ဖြစ်သည်။

ဤ ကျောင်းကို (၁၆၂၈) ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီး၊ ရဟန်းလောင်းကိုရင်များအားတည်ခို စေကာပညာတော်သင်ယူစေခဲ့သည်။ လက်ရှိတာ၀န်ခံကျောင်းအုပ်မှာဖာသာရ်ပေါလ်ဖင်နယ်တီဖြစ်ပြီး၊ ဤကျောင်းတော်ကြီး သည်ရဟန်းတော်များအ တွက်မိမိ တို့၏ဘ၀ကိုဆက်လက်ပုံဖော်ဆောင်သောသင်တန်းဌာ နအဖြစ်ထားရှိမည်ဖြစ်ကြောင်း၊ ထို့အတူဘွဲ့ကြို၊ ဘွဲ့လွန်များ၊ ရောမ မြို့၌ကာလတို၊ ကာ လရှည်နေထိုင်လိုသောဘုန်းတော်ကြီးများအတွက်ရည်ရွယ်ကြောင်း၊ ထို့အတူကာလတို သင်တန်းများအ တွက်အမေရိကားမှလာရောက်တည်းခိုသောရဟန်းလောင်းကိုရင်များကို လည်းတည်းခိုခွင့်ပြုကြောင်း၊ အနာဂါတ်၌အိုင်ယာ လန်ရဟန်းလောင်းကိုရင်များကိုအိုင် ယာလန်နိုင်ငံ ၏လိုအပ်ချက်နှင့်အညီပြုပြင်ပုံသွင်းရန်ဆွေးနွေးနေကြောင်း၊

ကျောင်းတော် ကြီးသည်သူ၏ သမိုင်းကိုလည်းမဖျောက်ဖျက်၊ ရဟန်းဘောင်သို့တက်လှမ်းရန်ပြင်ဆင်နေ သူများ၊ တက်လှမ်းပြီးသူများ အတွက်လုံခြုံသောနားခိုရာအဖြစ်အိုင်ယာလန်သာသနာ နယ်ကိုအမှန်တကယ်အကျိုးပြုသောဌာနဖြစ်စေရမည်ဖြစ်ကြောင်း၊ ၄င်းအပြင်ရာသက် ပန်ဦးပဉ္ဇင်းများ၊ သာသနာနယ်များ၌ဓမ္မအမှုတော်ဆောင် (ဓမ္မဆရာ) များ၊ သာသနာ နယ်များ၌တ မန် တော်လုပ်ငန်းများကိုကူညီဆက်ကပ်ပေးနေသောသူတို့အတွက်လည်းပ ညာသင် ကြားနိုင်ရန်နေရာတစ်ခုအ ဖြစ်လည်းထပ် ပိုးလုပ်ဆောင်လိုကြောင်း၊ အဘယ်‌ ကြောင့်ဆိုသော်ရောမမြို့သည်ကမ္ဘာ့နိုင်ငံအသီးသီးမှပညာတော်သင်များစုဆုံသည့်နေရာ ဖြစ်သောကြောင့်ထိုအတွေ့ အကြုံများသည်ရာစုနှင့်ချီ၍တိုးပွားစေခဲ့သည်။ ဤနိုင်ငံတ ကာ၏ အတွေ့အကြုံသည်ယခု လည်း ရှိပြီး၊ နောင်လည်းဆက်လက်ကြွယ်၀နေဦးမည်ဖြစ် သည်။

လက်ရှိလက်ထောက်ကျောင်းအုပ်မှာဖာသာရ်နီခ်ဖြစ်ပြီး၊ သက် တော် (၃၆) သာရှိ သေးသည်။ သူ့အားအိုင်ယာလန်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ရွေးချယ်ခြင်းဖြစ်သည်။ သူ သည် ဓမဂြ်ုလ်ဘာသာရပ်၌မာစတာဘွဲ့ရထားသူလည်းဖြစ်သည်။ လက်ထောက်ကျောင်းအုပ်အဖြစ်လာမည့်စက်တင်ဘာလ တွင်အမှုတော်စတင်ထမ်းဆောင်မည်။ လက်ရှိ၌သူသည်ကျောင်းထိုင်လည်းဖြစ်ပြီး၊ သူ့မိခင်သာသ နာ၏ပညာရေးဌာနကို လည်းကြီးကြပ်ရသူလည်းဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2UNqU1g

Add new comment

1 + 5 =