ရောမမြို့ရှိမယ်တော်၏ဘာစီးလီကားသို့ဘုရားဖူးကြွခဲ့သောရဟန်း မင်းကြီး

ရောမမြို့ရှိမယ်တော်၏ဘာစီးလီကားသို့ဘုရားဖူးကြွခဲ့သောရဟန်း မင်းကြီး

ရောမမြို့ရှိမယ်တော်၏ဘာစီးလီကားသို့ဘုရားဖူးကြွခဲ့သောရဟန်း မင်းကြီး

ရဟန်းမင်းကြီးသည် လွန်ခဲ့ သောဗုဒ္ဓဟူးနေ့က ရောမမြို့ရှိမယ်တော် ၏ဘာစီးလီကာသို့အစီ အစဉ်မရှိဘဲဘုရားဖူးကြွသွားခဲ့သည်။ ထိုနေ့ကားမယ် တော်၏ဘာစီးလီကာကျောင်းကြီး၏ပွဲနေ့လည်း ဖြစ် သည်။ ရဟန်းမင်းကြီးအမိမယ် တော် ၏ဆင်းတုတော်ရှေ့၌ဒူး
ထောက်လျှက်ဆိုတောင်းခဲ့သည်။ ဩဂုတ်လ (၅) ရက်နေ့ကိုအဆိုပါဘာစီးလီကာပွဲအဖြစ်အစဉ်အလာအရသတ် မှတ်ကျင်းပခဲ့သည်။ အ ဘယ် ကြောင့်ဆိုသော်ဘာစီးလီကာကိုထိုနေ့၌ကောင်းကြီးပေးဖွင့်လှစ်ခဲ့သည်။

သမိုင်းကြောင်းအရ ဩဂုတ် လ (၄-၅) ၌အမိမယ်တော်သည် ထိုစဉ်ကသာသနာကိုဦး စီးနေသော ရဟန်းမင်းကြီး ‘လီဘဲရီအုစ့်’ ထံပေါ်လာပြီး၊ ရောမလူမျိုးတို့၏ တော်၀င်မိသားစုတစ်ဦးဖြစ်သော ‘ဂျွန်’ အားမယ်တော်ထင်ရှားပြသောနေရာ၌ဘုရားကျောင်းကြီးတစ်ဆောင်ဆောက်ပေးပါရန်တောင်းခံခဲ့ သည်။ (၃၅၈၊ ဩဂုတ်လ ၅) ရက်နေ့၌ မျက်စိကိုပင်မယုံနိုင်သောမြင်ကွင်းကိုမြင်တွေ့လိုက်ရသည်။ နှင်း သည် ‘အက်စ်ကွင်းလိုင်း’ တောင်ပေါ်၌နှင်းများဖြင့်၀န်းကျင်တစ်ခုလုံးဖုံးလွှမ်းထား သည်။ ထိုနေရာသည် ဘုရားကျောင်းဆောက်ရန်အမိမယ်တော်ညွှန်ပြသောနေရာဖြစ်နေသည်။ ရာစုပေါင်းများစွာ ရောမဂိုဏ်း ချုပ်သာသနာအနေဖြင့်ဤမယ်တော်၏ဘာစီးလီကားပွဲကိုကျင်းပလာခဲ့သည်။ လွန်ခဲ့သောရာစုအစော ပိုင်းကဤဘာစီးလီကာ ‘လီဘဲရီးယန်’ ဘာစီးလီကာဟုသိထားခဲ့ကြပြီး၊ ဤပွဲတော်ကိုကျင်းပရန်ဝိနည်းသီးသန့်ထားရှိခဲ့သည်။ ထို၀ိနည်းမှာ ‘ဂလိုရီယာ’ သီဆိုနေစဉ်တွင်ဘု ရား ကျောင်း၏ မျက် နှာကျက် တစ်၀က်ခန့်ကိုအမိုးဖွင့်ထားသည်။ ယခင်က ဘုရား ကျောင်းတွင်ဖြစ်ပျက်ခဲသောအဖြစ် အပျက်ကိုပြန် လည်အမှတ်ရသည့်အနေဖြင့် ထိုအမိုးပွင့်ခေါင်မိုးမှပန်းများကြဲချခဲ့ကြသည်။

(၂၀၂၀) ခုနှစ်၏ပွဲတော်ကျင်း ပသည့်ပုံရိပ်

ယခုနှစ်၌လည်း ဤဘာစီးလီကာ၏ပွဲနေ့ကိုရှေးယခင်ကအစဉ် အလာကိုပြန်လည်အ မှတ်ရသည့် အနေဖြင့်ခေါင်းမိုးမှပန်းများကြဲချခဲ့ကြသည်။ ဤပွဲကိုပွဲတော်နေ့မတိုင်ခင်ညနေပိုင်းမှစ၍စိပ်ပုတီးစိပ်၍ ကယ်တင်ခြင်း၏နက်နဲရာအချက်များကိုထောက်ရူခဲ့ကြသည်။ ထို့နောက်ညနေဆု တောင်းမေတ္တာများကို ရွတ်ဆိုပူဇော်ခြင်းဖြင့်အစပြုပြီး၊ နောက်နေ့၌ပွဲတော်ကိုစည် ကားစွာကျင်းပကြသည်။
ယခုနှစ်၌ ပွဲတော်၏မစ္ဆားကိုကာဒီနယ်စတာနစ်လောမှဦးဆောင်ပူဇော်ခဲ့သည်။ မွန်းလွှဲပိုင်းစိပ်ပု တီးစိပ်ပြီးသော အခါဂိုဏ်းချုပ်ဆရာ တော်ပီအယ်ရိုမာရီးနီမှညနေဆု တောင်းမေတ္တာကိုဦးဆောင်ပေးခဲ့သည်။ မယ်တော်၏ဆုတောင်းမေတ္တာဖြစ်သော ‘မာညှီးဖိကပ်’ သို့ရောက်သောအခါ ပန်းများကိုဘာစီးလီ ကာ၏မျက်နှာကျက်မှကြဲချစေခဲ့သည်။ ပွဲတော်ကိုကာဒီနယ်ဖရန်ချက်စကိုကာနာလီးနီ၏ဦးဆောင်ကာခမ်းနားသောမစ္ဆားပူဇော်ခြင်းဖြင့်အဆုံးသတ်ခဲ့ကြသည်။

မယ်တော်၏ဘာစီးလီကား

မယ်တော်၏ဘာစီးလီကား သည် ရောမမြို့ရှိဘာစီးလီကာ ‘လေး’ ခုအနက်တစ်ခုဖြစ် သည်။ ၄င်း တို့မှာစိန့်ပီတာဘာစီးလီကာ၊ စိန့်ဂျွန်ဘာစီးလီကာ၊ စိန့်ပေါလ်ဘာစီးလီကာ၊ စိန့်မေရီဘာစီးလီကာတို့ ဖြစ်သည်။ ဤဘာစီးလီကာ ‘လေး’ ခုအနက်မယ် တော် ၏ ဘာစီးလီကာတစ်ခုတည်းသာယခင်ခရစ်ယာန် တို့၏ ပန်းချီ၊ ပန်းပုလက်ရာမပျက်ဆက် လက်ထိန်းသိမ်းထားနိုင်သည်။ ဘာစီးလီကား၏ ခေါင်းလောင်းစင် သည် (၇၅) မီတာရှိပြီး၊ ရောမမြို့၌အမြင့်ဆုံးဖြစ်သည်။ ခေါင်းလောင်းကြီး ‘ငါး’ လုံးတပ်ဆင်ထား သည်။ ထိုငါးလုံးအနက်တစ် လုံးကို ‘ပျောက် ဆုံးသောသူ’ ဟုအမည်ပေးထားပြီး၊ ညစဉ် ‘ကိုး’ နာရီ၌ထိုခေါင်း လောင်းကိုထိုးကာဘာသာတူများအား အမှောင်ထဲ၌ လမ်းမ ပျောက်ရန်သတိပေးဆု တောင်းစေသည်။ အလွန်လှပပြီး၊ ပန်းချီ၊ ပန်းပုလက်ရာမြောက်လှသောဘာစီးလီကာသည် ‘ပ’ စောက်ပုံသဏ္ဏာန်ရှိသည်။ အလွန်ခမ်းနားသည်။ အမိမယ်တော်၏သက်တော်စဉ်ကိုကျောက်ပန်းချီကားများဖြင့်လှပစွာချယ်မှုန်း ထားသည်။ ကယ်တင်ခြင်းသမိုင်းဖြစ်စဉ်၊ အာဘရာဟမ်၊ ယာကုပ်၊ မိုးဇက်၊ ယောရူ၊ ယေဇူးသခင်၏ငယ် စဉ်ဘ၀ ကိုထုဆစ်ဖော်ပြထားသောကျောက်ပန်းချီကားများကြောင့် ကျော်ကြားပြီး၊ လာရောက်လည်ပတ် သူများပြားကြသည်။

ရောမလူမျိုးတို့၏ကယ်တင်ခြင်း Salus Populi Romani (“Salvation of the Roman People”)မယ်တော် ၏ဘာစီးလီကာတွင် ‘ရောမလူမျိုးတို့၏ကယ်တင်’ ဟုအမည်ပေးထားသောပုံတော် ကြီးတစ်ခုကိုလည်းဖူးတွေ့နိုင်သည်။ ဤပုံတော်ကိုအလွန်ကြည်ညိုခြင်းရှိလှသည်။

ရဟန်းမင်းကြီးဖရန် စစ်သည်လည်း ဤမယ်တော်ကိုအထူးသဒ္ဓါကြည်ညိုသည်။ သူသည်ရဟန်းမင်းကြီးအဖြစ် (၂၀၁၃) ခုနှစ် တွင်ရွေးချယ်တင်မြောက်ခံရပြီး နောက်နေ့၌ဤဘာစီးကာသို့ကြွရောက်၍ ကျေးဇူးတင်ဘုရားဖူးခဲ့သည်။ နောက်နှစ်များ၌လည်း ရဟန်း မင်းကြီးသည်အီတလီနိုင်ငံ ၏ပြင်ပသို့တမန်တော်ခရီးမကြွမီ၊ သို့မဟုတ် ကြွသွားပြီးနောက် ဤဘာစီးလီကာသို့ကြွလာပြီးခရီးစဉ်ကိုပူဇော်အပ်နှံခြင်း၊ ကျေးဇူးဆပ်တင်ခြင်းကိုပြု လေ့ရှိသည်။

နှုတ်ရာဇ၀င်အရ Salus Populi Romani (“Salvation of the Roman People”) ပုံတော် သည် ဧဝံဂေလိကျမ်းရေးသူစိန့်လုကာမှရေးဆွဲခဲ့သည်ဟုဆိုကြသည်။ ဤပုံတော်ကိုသစ် သားဖောင်းကြွပန်းပုလက် ရာများဖြင့်တန်ဆာဆင်ထားသောဘာစီးလီကာအတွင်းရှိ ဘုရားကျောင်းဆောင်ငယ်တွင်ပူဇော်ခံ ထား သည်။ ထိုမယ်တော့်ပုံတော်ကို ရဟန်း မင်းကြီး၏ကိုဗစ် (၁၉) ကပ်ရောဂါဆိုးကြီးအမြန်ဆုံးသတ်သွားစေ ရန်နှင့်ရောဂါ‌ေ၀ဒနာခံစားနေရသောကမ္ဘာပေါ်ရှိလူနာများအား လုံးကိုမယ် တော်၏ကြား၀င်ဆု တောင်း ပေးခြင်းကိုခံယူလျှက်ဘုရား သခင်အားအပ်နှံပူဇော်သော ‘Urbi et Orbi’ ၀တ်ပြုဆု တောင်းစဉ် ကစိန့်ပီ တာဘာစီးလီ ကာသို့ပင့်ဆောင်သွားခဲ့သည်။

ဘာသာပြန် - ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/30EtJFg

Add new comment

4 + 8 =