ရောမမြို့ရှိစိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်းကြီး၌ သူငယ်တော်ယေဇူး၏စိန့်ထရေးဇာမိသားစုဓာတ်တော်မွေတော်ကိုခင်းကျင်းပြသမည်။

ရောမမြို့ရှိစိန့်မေရီမေဂျာဘာစီးလီကာဘုရားကျောင်းကြီး၌ သူငယ်တော်ယေဇူး၏စိန့်ထရေးဇာမိသားစုဓာတ်တော်မွေတော်ကိုခင်းကျင်းပြသမည်။

ကက်သလစ်သာသနာတော်ကြီးသည် ကိုယ်တော်မြတ်ပွဲတော်ကြီးကိုခမ်းနားစွာကျင်းပမည်ဖြစ်ရာ ရောမမြို့၌လည်း ကိုယ်တော်မြတ်ပွဲတော်ကြီးကို ‘စိန့်မေရီမေဂျာ’ ဘာစီးလီကာကျောင်းတော်ကြီးတွင်ကျင်းပမည်ဖြစ်ကြောင်း၊ ထိုပွဲတော်နှင့်အတူ သူငယ်တော်ယေဇူး၏စိန့်ထရေးဇားနှင့်သူ၏ရဟန္တာမိဘနှစ်ပါးတို့၏ဓာတ်တော်မွေတော်များကိုလည်းခင်းကျင်းပြသမည်ဖြစ်ကြောင်းနှင့် ကိုယ်တော်မြတ်စီတန်းလှည့်လည်ခြင်းလည်းရှိမည်ဖြစ်ကြောင်းကို ကြိုတင်ကြေငြာခဲ့သည်။

ဇွန်လ (၁၀) ရက်နေ့မှစ၍ စိန့်ထရေဇားနှင့်သူ၏ရဟန္တာမိဘနှစ်ပါးဖြစ်ကြသော စိန့်လွီစ်နှင့်စိန့်ဇေးလီယာမာတင်းတို့၏ဓာတ်တော်မွေတော်များကိုယနေ့ညနေပိုင်း (၃) နာရီတွင်စတင်ခင်းကျင်းပြထားပြီဖြစ်ပြီး စိတ်၀င်စားသောသူများ သွားရောက်ဖူးနိုင်ကြကြောင်း၊ ဘာစီးလီကာဘုရားကျောင်း၏တာ၀န်ခံမွန်ဆီညှော် Valentino Miserachs မှညနေဆုတောင်းမေတ္တာကိုသံစဉ်များဖြင့်ရွတ်ဆိုပူဇော်မည်ဖြစ်ကြောင်း နှင့် ကိုယ်တော်မြတ်အဖိတ်နေ့မစ္ဆားကိုမူ မွန်ဆီညှော် Rolandas Makrickas ကဦးဆောင်ပူ ဇော်မည်ဖြစ်သည်ဟုဆိုခဲ့သည်။

မွန်ဆီညှော် Rolandas Makrickas က ရဟန်းမင်းကြီး၏ဘာစီးလီကာဖြစ်သော စိန့်မေရီမေဂျာသည် ၀ိညာဉ်ရေးအခင်းအကျင်းအတွက်သမိုင်း၀င်နေရာတစ်ခုဖြစ်သည်။ ယခုအခမ်းအနားနှင့်၀တ်ပြု ဆုတောင်းခြင်း၌စိတ်ပါ၀င်စားသူများအားလုံးပါ၀င်နိုင်ကြောင်းဖိတ်ခေါ်ထားသည်။ နက်ဖန်နေ့ညနေ (၅) နာရီ၌လည်း ညနေဆုတောင်းမေတ္တာအား သံစဉ်ဖြင့်ပူဇော်ဆုတောင်းမည်ဖြစ်သည်။ ညနေဆုတောင်းမေ တ္တာရွတ်ဆိုပူဇော်အပြီး တစ်နာရီခြားပြီးနောက် ပွဲနေ့၏မစ္ဆားတရားကို ကာဒီနယ် Jose Tolentino de Mendonca ကဦးဆောင်ပူဇော်မည်ဖြစ်သည်။ သူသည် ယဉ်ကျေးမှုနှင့်ပညာရေးဌာန၏တာ၀န်ခံ ဖြစ်ကြောင်း

ကိုယ်တော်မြတ်စီတန်းလှည့်လည်ခြင်းအစီအစဉ်ကို စိန့်မေရီမေဂျာရင်ပြင်မှသည် Esquilino ရင်ပြင်၊ Liberiana ရင်ပြင် ထို့နောက် စိန့်မေရီမေဂျာရင်ပြင်သို့ပြန်လည်ကြွချီလာမည်ဖြစ်သည်။ ကိုယ် တော်မြတ်စီတန်းလှည့်လည်ရာမှ ပလ္လင်ပေါ်သို့ပြန်လည်စံမြန်းသောအခါ ကိုယ်တော်မြတ်ကောင်းကြီးမဂ်လာပေးခြင်းကိုပြုလုပ်မည်ဖြစ်သည်ဟုကြေငြာခဲ့သည်။

သူငယ်တော်ယေဇူး၏စိန့်ထရေးဇာသည် ကာမဲလိုက်ရသေ့သီလရှင်တစ်ပါးဖြစ်သည်။ သူသည်ပြင်သစ်လူမျိုးဖြစ်သည်။ သီလရှင်များအနက် မိဘများရဟန္တာဖြစ်လာသည်မှာလွန်စွာရှားပါးသည်။ ထိုရှားပါးသည့်ကြားမှ စိန့်ထရေးဇာ၏မိဘနှစ်ပါးပါလာသည်။ စိန့်ထရေဇား၏၀ိညာဉ်ရေးအတွေးအခေါ်သည် လွန်စွာရိုးရှင်း၏။ သို့သော်နက်နဲ၏။ သူ့အားသာသနာတော်ကြီး၏ ဓမ္မပါရဂူအဖြစ်ဂုတ်ပြုထားသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3JlGAC2

Add new comment

6 + 4 =