ရောမမြို့ရာဇ၀င်၌‌သိကြားမင်းဆင်းတုကိုထုလုပ်ထားရှိခဲ့၍ကပ်ရောဂါမှကင်းဝေးစေခဲ့

ရောမမြို့ရာဇ၀င်၌‌သိကြားမင်းဆင်းတုကိုထုလုပ်ထားရှိခဲ့၍ကပ်ရောဂါမှကင်းဝေးစေခဲ့

ရောမမြို့ရာဇ၀င်၌‌သိကြားမင်းဆင်းတုကိုထုလုပ်ထားရှိခဲ့၍ကပ်ရောဂါမှကင်းဝေးစေခဲ့

ကောင်းကင်ယံမြင်ကွင်းကဲ့သို့ သိကြားမင်းတို့၏ဆင်းတုများသည်ဘုရားဖူးများအား ဗာတီကန်သို့လမ်းညွှန်ပြနေပါသည်။

ဗာတီကန်သို့မရောက်မီ ဤနှစ်ပေါင်း (၁၂၃) နှစ်သက်တမ်းရှိပြီဖြစ်သောသိကြားတမန်ချုပ်မိုက်ကယ်ကိုမော့မကြည့်ဘဲမဖြစ်ပေ။ ရဟန်းမင်းကြီးမဟာဂရေဂေါ်ရီသည်လည်းအဆိုပါမြင်ကွင်းမျိုးကိုလွန်ခဲ့သော (၅၉၀) နှစ်ကစီတန်းလှည့်လည်ရင်း အထက်သို့မော့ကြည့်၍ကပ်ရောဂါကြောင့်သီးခြားစီဖြစ်နေသောရောမမြို့အားကပ်ရောဂါဆိုးကြီးမှကင်း‌ဝေးစေရန်တိုင်တည်ဆုတောင်းခဲ့သည်။

သမိုင်းပညာရှင် FR. SIMONE RAPONI

သိကြားမင်း၏ရဲတိုက်ထဲ၌ပိတ်မိနေခဲ့သည့်  တဒင်္ဂ ၌ ၄င်းတို့နှင့်အတူရောမမြို့ရှိစိန့်မေရီဘာစီးလီကာဘုရား ကျောင်းမှ Salus Populi Romani အမည်ပေးထားသောမယ်တော်၏ဆင်းတုတော်ကိုပင့်ဆောင်လာခဲ့သည်။ ထိုအချိန်၌ ကောင်းကင်တမန်တစ်ဖွဲ့သည် ‘ကောင်းကင်ဘုံဘုရင်မ’ သီချင်းကိုသီဆိုချီးမွမ်းခဲ့ကြသည်။ ထိုအချိန်၌ရဟန်းမင်းကြီး သည်သိကြားမင်းမိုက်ကယ်၏ဆင်းတုတော်ဆီသို့မော့ကြည့်ရာ သိကြားတမန်ချုပ်မိုက်ကယ်ကသွေးစွန်းနေသောသူ၏ ဓားကိုသန့်စင်ပြီး၊ ဓားအိမ်ထဲသို့ပြန်ထည့်နေသည်ကိုဖူးတွေ့လိုက်ရသည်။ ထိုမြင်ကွင်းဖြစ်ပြီးနောက်သင့်ရောက်နေသော ကပ်ရောဂါသည်လည်းရပ်တန့်သွားခဲ့သည်။ သို့သော်ယနေ့ဖူးတွေ့ရသောဆင်းတုတော်သည်အကြောင်းမဲ့ထုလုပ်ထားခြင်းမဟုတ်။ ထို့အတူမူရင်းလက်ရာလည်းမဟုတ်တော့ပေ။ (၁၇၅၂) နှစ်၌ရောမအဆောင်အယောင်ဖြင့်ပြန် လည်ထုလုပ်ပြင်ဆင်ထားသောဆင်းတုတော်ဖြစ်သည်။

ဤပြန်လည်ပြင်ဆင်မွမ်းမံခဲ့သောဆင်းတုတော်ကို ရဟန်းမင်းကြီး (၁၄) မှဇွန်လ (၂၉၊ ၁၇၅၂) ခုနှစ် စိန့်ပီတာ နှင့်စိန့်ပေါလ်တို့၏ပွဲနေ့၌ကောင်းကြီးပေးခဲ့သည်။ သိကြားမင်း၏ဉာဏ်တော်အမြင့်သည် (၁၆) ပေခန့်ရှိသည်။ အလွန် ကြီးမားခန့်ညားသည်။ ဘယ်ဂျီနိုင်ငံမှပန်းပုဆရာ၏လက်ရာဖြစ်သည်။ ဤဆင်းတုတော်သည်အစောပိုင်းထွင်းထုခဲ့သော ဆင်းတုများအနက်နောက်ဆုံးတစ်ဆူဖြစ်သည်။ ရဟန်းမင်းကြီးပေါလ် (၃) ၏လက်ထက်နောက်ပိုင်း၌ စကျင်ကျောက် ဆင်းတုတော်များကအတွင်းပိုင်းတလျှောက်တွင်နေရာယူလာခဲ့သည်။

အထက်ကပြောခဲ့သောထူးဆန်းသည့်ရူပါရုံကိုခံယူ ရရှိပြီးနောက်ပိုင်း ယခင်မူလအမည်နာမကို ‘သိကြားမင်း၏ရဲတိုက်’ (Castel Sant’Angelo) ပြောင်းလဲခေါ်တွင်င်ခဲ့သည်။ ရောမမြို့အတွက်လည်းအလွန်အရေးပါလာခဲ့သည်။ နောက်ပိုင်း၌ဗာတီကန်အဆောင်အအုံနှင့်ထိဆက်လိုက်သည်။ သမိုင်း၀င်အခမ်းအနားများစွာကိုလက်ခံကျင်းပခဲ့သည့်နေရာဖြစ်ခဲ့သည်။ ၄င်းသည်တံတိုင်း၊ အကျဉ်းစခန်း၊ ဘဏ္ဍာတိုက် ၊  အရေးကြီးသောစာရွက်စာတမ်းများသိမ်းဆည်းထားရာနေရာ၊ ရောမမြို့ကိုရန်သူတို့၏ရန်မှကာကွယ်ရာအလွန်အခရာ ကျသောနေရာဖြစ်လာခဲ့သည်။ သိကြားတမန်ချုပ်မိုက်ကယ်သည် ရောမမြို့အားလည်းကောင်း၊ ဗာတီကန်သို့ဘုရားဖူးများ အားလည်းကောင်းစောင့်ရှောက်ပေးလျှက်ရှိသည်။

 

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Rome Reports/google images

https://bit.ly/35YbPQm

 

 

Add new comment

2 + 5 =