ရောမမြို့မှာ အမျိုးသမီးအနည်းစုက အမျိုးသမီးဘုန်းကြီးခန့်အပ်ရေး ဆန္ဒပြ

ရောမမြို့မှာ အမျိုးသမီးအနည်းစုက အမျိုးသမီးဘုန်းကြီးခန့်အပ်ရေး ဆန္ဒပြ

ကက်သလစ်အသင်းတော်က တားမြစ်ထားတဲ့ အမျိုးသမီး ဘုန်းကြီးတွေကို ခန့်အပ်နေရာပေးဖို့ ကိစ္စရပ်ကို တနင်္လာနေ့က ရောမမြို့မှာ အမျိုးသမီးအနည်းစုက ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲဟာ ကမ္ဘာတစ်ဝှမ်းမှ ကာဒီနယ်များ အစည်းအဝေးကို လက်ခံကျင်းပတဲ့ အဆောက် အအုံရဲ့ အပြင်ဘက်မှာ အသင်းတော်ရဲ့အုပ်ချုပ်ရေးအဖွဲ့ (ရောမမှာရှိတဲ့ ဘာသာရေး စည်းမျဉ်းစည်းကမ်းတွေကို ထိန်းချုပ်တဲ့ အဖွဲ့အစည်း Roman Curia) ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးတွေဟာ အင်္ဂလိပ်ဘာသာ စကားနဲ့"အမျိုးသမီးတွေကို ဘုန်းကြီးဖြစ်ခွင့်ပေးပါ၊ အမျိုးသမီး အမျိုးသားခွဲခြားတယ်ဆိုတာ အပြစ်တစ်ခုဖြစ်တယ်။ အမျိုးသမီးတွေက ပြုပြင်ပြောင်းလဲခြင်းကနေစတယ်။ အသင်းတော်ကိုနားထောင်ပေးပါ။ ဒီမှာ သာမန်ထက်ထူးတဲ့ အမျိုးသမီးများရှိတယ်" ဆိုပြီး ကြွေးကြော်ခဲ့ကြတာပါ။

ဗာတီကန်ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ခေါ်ယူမေးမြန်းခဲ့တဲ့အခါမှာ ၎င်းအမျိုးသမီးများဟာ အခြားသော ခရစ်ယာန်ဘုရားကျောင်းတွေက အမျိုးသမီးများကဲ့သို ဘုန်းကြီးဖြစ်ခွင့်ပေးရန်စည်းရုံးလှုံ့ဆော်နေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ကြောင်းဖြေကြားခဲ့ကြောင်း

ပုပ်ဖရန်စစ်ဟာ သူ့ရဲ့ အရိုက်အရာကို ဆက်ခံမယ့် ကာဒီနယ်အသစ် အပါး ( ၂၀ )နဲ့ စနေနေ့က အစည်းအဝေးကျင်းပခဲ့ပါတယ်။

ပုပ်ဖရန်စစ်ဟာ (၁၉၂၄) ခုနှစ်က ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဆေလက်စတင်း (၅) ရဲ့ အုတ်ဂူကို သွားရောက်ဆုတောင်းခဲ့ပြီးတော့ (၂၀၁၃) ခုနှစ်က အနားယူခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဘေနဒစ် (၁၆) ဆီကိုသွားရောက်လည်ပတ်ခြင်းကိုလည်း လူတွေက ပုပ်ဖရန်စစ်သည် ဒီအတောအတွင်းမှာ ဘီးတပ်ကုလားထိုင်မှာပဲ ခဏခဏ မြင်တွေ့နေရသည့်အတွက် ပုပ်ဘေနစ်(၁၆)ကဲ့သို့ အစောကြီး နှုတ်ထွက်နိုင်သည်ဆိုတဲ့ ထင်ကြေးပေးမှုများလည်းပြန်လည်ထွက်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်-သျှားလွန်းမယ်

https://bit.ly/3AAdf1Q

Add new comment

1 + 1 =