ရောမမြို့မှနွမ်းပါးချို့တဲ့သူများသည် ပုပ်ဖရန်စစ်အားကျေးဇူးတင်ရန် ဆေးရုံသို့အရောက်လာခဲ့ကြ
ရောမမြို့မှနွမ်းပါးချို့တဲ့သူများသည် ပုပ်ဖရန်စစ်အားကျေးဇူးတင်ရန် ဆေးရုံသို့အရောက်လာခဲ့ကြ
တနဂ်နွေနေ့ ညနေပိုင်း (၁၁.၇.၂၀၂၁) ၌ ဂျော့ (Jorge) သည် သူ၏ (၆၃) နှစ်ပြည့်မွေးနေ့ကို အခြားသောဧည့်သည်များ နှင့် Migliori တိုက်ခန်း၌ကျင်းပမည်ဖြစ်သည်။ ထိုနေရာကား ရဟန်းမင်းကြီးဖရန်စစ်မှ ရောမမြို့အတွင်းရှိ အိမ်မဲ့ရာမဲ့ များအတွက်လှူဒါန်းပေးထားသောနေရာဖြစ်သည်။ ထိုနေရာသည် ဗာတီကန်နှင့်ကပ်လျှက်တွင်ရှိသည်။ သူသည်ပီရူးနိုင်ငံသားဖြစ်သည်။ သို့သော်အီတလီနိုင်ငံ၌နေထိုင်လာခဲ့သည်မှာကြာပြီဖြစ်သည်။ သူသည် သူ၏မွေးနေ့၌ ရဟန်းမင်းကြီးဖ ရန်စစ်ဆေးရုံတက်ရောက်၍ ဆေးကုသခံယူနေသောဆေးရုံသို့ အိုးမဲ့အိမ်မဲ့သူငယ်ချင်းအယောက် (၂၀) ခန့်လာရောက်၍ ရဟန်းမင်းကြီး၏ကျန်းမာရေးအမြန်ပြန်လည်ကောင်းမွန်လာစေရန်ရည်ရွယ်၍ဆုတောင်းပေးလိုသကဲ့သို့ သူကဲ့သို့သော ရောမမြို့မှသာမက တစ်ကမ္ဘာလုံးရှိ အခြေအနေမဲ့သူများအားလုံးကို ရဟန်းမင်းကြီးပြုလုပ်ခဲ့ပေးသည့်အမူကိစ္စကြီးငယ် များအားလုံးအတွက် ကျေးဇူးတင်လိုသောကြောင့်လည်းကောင်း၊ ၄င်းတို့သည် ရဟန်းမင်းကြီးနှင့်အနီးကပ်တွင်ရှိနေ ကြောင်းပြသရန်ဖြစ်သည်။ အကယ်၍များ သူသည် ရဟန်းမင်းကြီး၏အခန်းတည်ရှိသော (၁၀) လွှာသို့သွားရောက်ခွင့်ရှိ ပါလျှင် ‘ဘုရားသခင်သင့်ကိုကောင်းကြီးပေးပါစေ။ နှစ်ပေါင်းများစွာကျန်းမာခြင်းကောင်းကြီးပေးပါစေ’ ဟုဆုတောင်း ပေးလိုကြောင်းပြောရှာသည်။
(၆၃) နှစ်ပြည့်ပြီဖြစ်သော ဂျော့၏ခံစားချက်
ရဟန်းမင်းကြီးဖရန်စစ်သည် မကြာမီပိုမိုကောင်းမွန်လာလိမ့်မည်ဟုမျှော်လင့်ကြောင်း၊ သူ့အားဆေးရုံအရောက် ခေါ်လာပေးသော ဆန်အီဂျီးဒီယိုအသင်းကိုလည်းကျေးဇူးတင်ကြောင်း၊ သူသည်ဆေးစစ်ဆေးချက်ကိုပုံမှန်လုပ်ခွင့်ရ ထားကြောင်း၊ ရဟန်းမင်းကြီးသည် မကြာမီပြန်လည်နေကောင်းလာမည်ဖြစ်ကြောင်း အန်ဂျေလူးမေတ္တာဆုတောင်းအ ပြီးလူထုအားမိန့်ကြားခဲ့ကြောင်း၊ ခါတိုင်းဆိုလျှင် ရဟန်းမင်းကြီး ကိုယ်တိုင်ဦးဆောင်ရွတ်ဆိုပေးလေ့ရှိသော်လည်း ယခုတစ်ကြိမ်၌မူ ရဟန်းမင်းကြီး၏ဆေးရုံအခန်းမှရွတ်ဆိုပူဇော်သလို ဖာသာရ် Francesco Tedeschi ကာဦးဆောင်တိုင်ပေး ခဲ့သည်။ အဆိုပါဘုန်းတော်ကြီးသည် Trastevere ရှိ ဆန်တာမာရီယာ (Santa Maria) ၏လက်ထောက်ဘုန်းကြီး ဖြစ် သည်။ ဤနေရာသည် ဆန်အီဂျီးဒီယိုအဖွဲ့၏ဗဟိုရုံးချုပ်ရှိသည်။
ဆန်အီဂျီးဒီယို အဖွဲ့လည်းဆေးရုံသို့ရောက်
ဆေးရုံသို့ရောက်ရှိလာခဲ့ခြင်းမှာ နွမ်းပါးချို့တဲ့သူများကတောင်းဆိုချက်ကြောင့်ဖြစ်သည်။ အဆောင်၏ကြပ်မတ် ရေးမှူးမှာ Carlo Santoro ဖြစ်သည်။ ၄င်းက တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ‘အခြေအနေမဲ့နေသူများသည် ၄င်းတို့အား ရ ဟန်းမင်းကြီးဖရန်စစ်မှစီစဉ်ပေးမှုများအားလုံးအတွက် အလွန်ကျေးဇူးတင်နေကြကြောင်း၊ ကုတင်များစီစဉ်ပေးခြင်း၊ အဘယ်သူမျှ အလေးမထားထည့်မစဉ်းစားပေးသော အိမ်ရာမဲ့များအတွက် ကိုးဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းများဖြစ် သည်။ ဤနှစ်များအတွင်း ရဟန်းမင်းကြီးဖရန်စစ်သည် ချို့တဲ့နွမ်းပါးသူတစ်ဦးစီနှင့်အလွန်နီးကပ်စွာရှိနေခဲ့သည်။ ထို့အ တူလူတိုင်းအားလည်း ချို့တဲ့သူများ၏မိတ်ဆွေကောင်းဖြစ်ရန် နေ့စဉ်ဖိတ်ခေါ်တိုက်တွန်းနေခဲ့သည်။
ရဟန်းမင်းကြီးဖရန်စစ်အတွက် မာရီးယာ၏ပန်းလက်ဆောင်
တောင်ဂမူလေးမှအနည်းငယ်ဆင်းလာလိုက်လျှင် ဆေးရုံ၏ကျယ်ပြောသောရင်ပြင်အ၀င်၀ရှိသည်။ ထိုရင်ပြင်၌ စိန့်ဂျွန်ပေါလ် (၂) ၏ဆင်းတုတော်ကိုလည်းထွင်းထုထားရှိထားသည်။ ထိုနေရာ၌လည်း ဆန်အီဂျီးဒီယိုနှင့်၄င်းတို့လိုက်ပို့ သောအိမ်ရာမဲ့များနှင့်အတူ ‘ကောင်းကင်ဘုံ၌’ ဆုတောင်းခဲ့ပြန်သည်။ စိန့်ဂျွန်ပေါလ် (၂) မှ ဤဆေးရုံကြီးကိုအပျော်သ ဘောဖြင့် ‘ဗာတီကန် (၃)’ ဟုအမည်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဆေးရုံသို့အကြိမ်အတော်များများ တက်ရောက်ခဲ့ဖူးသောကြောင့် သူသီတင်းသုံးသော၊ ရုံးထိုင်သောနေရာနောက်တစ်ခုပမာတင်စားလိုက်ခြင်းဖြစ်သည်။ ထို နေရာမှသည် Migliori တိုက်ခန်းတွင်နေထိုင်သူ မာရီးယာကဦးဆောင်၍ဗာတီကန်၏တာ၀န်ရှိသူများနှင့်ရဟန်းမင်းကြီး ၏ဆေးကုသဆောင်ရှိသော (၁၀) လွှာသို့တက်သွားခဲ့ကြသည်။ မာရီးယာသည် ရဟန်းမင်းကြီးအားပေးရန် အသင့်ပါ လာသောပန်းစည်းကို တာ၀န်ရှိလူကြီးမင်းများအားပေးလိုက်ပြီးနောက် ထိုတာ၀န်ရှိလူကြီးမင်းများဦးဆောင်ရာဆီသို့ အိမ်ရာမဲ့တစ်စုသည် စိတ်လှုပ်ရှားစွာလိုက်သွားရင်း ရဟန်းမင်းကြီးအားဖူးတွေ့ရန်တက်သွားလိုက် ကြပါတော့သည်။
Add new comment