ရောမမြို့တွင် ပညာတော်သင်ယူနေကြတဲ့ မြန်မာပြည်မှ ကက်သလစ် ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ နှင့်ကိုရင်အချို့တို့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ရည်စူးပူဇော် ဆုတောင်းခဲ့ကြ

ရောမမြို့တွင် ပညာတော်သင်ယူနေကြတဲ့ မြန်မာပြည်မှ ကက်သလစ် ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ နှင့်ကိုရင်အချို့တို့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက်  ရည်စူးပူဇော် ဆုတောင်းခဲ့ကြ

အောက်တိုဘာ ၁၆ ရက် စနေနေ့ကရောမမြို့တွင် ပညာတော်သင်ယူနေကြတဲ့ မြန်မာပြည်မှ ကက်သလစ် ရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ နှင့်ကိုရင်အချို့တို့ဟာ ကမ္ဘာတစ်ဝှမ်းနဲ့မြန်မာပြည်ငြိမ်းချမ်းရေးအတွက်

ရည်စူးပူဇော်ပြီး စိန့်အီဂနေးရှပ်စ် ရဲ့ ဘုရားဖူးကျင့်စဉ်ကိုလိုက်လျှောက်ကာဆုတောင်းခဲ့ကြပါတယ်။

သူတို့ဟာ ရောမမြို့ (Gesù Church) မှ La Storta မြို့အထိ လမ်းလျှောက်ပူဇော်ဆုတောင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီလို လမ်းလျှောက်ပူဇော်ရာမှာ ဘုရားကျောင်းတွေနဲ့ ဆုတောင်းရာနေရာအသီးသီးမှာ ရပ်နားပြီးတော့ ကမ္မဌာန်းထောက်ရှုချက်တွေ၊ ပြင်ဆင်လာတဲ့ ဆုတောင်းမေတ္တာတွေ၊ တိတ်တဆိတ် အာရုံပြုဆုတောင်းခြင်းတွေအားဖြင့် ပူဇော်ဆုတောင်းခြင်းကို ပြုခဲ့ကြတာဖြစ်ပါတယ်။

အာဗီအေ ဖဲန် များအားလုံးလည်း ဒီဗီဒီယိုလေးကို ကြည့်ခြင်းအားဖြင့် အဝေးရောက်မြန်မာကက်သလစ်များရဲ့ အမိမြန်မာပြည်အတွက်ချစ်ခင်မြတ်နိုးကာ တတ်နိုင်တဲ့ဘက်က ကြိုးစားပါဝင်ပေးနေမှုများအတွက် ဝမ်းသာပီတိဖြစ်ကာ ဘုရားသခင်အားအတူတကွကျေးဇူးတင်နိုင်ဘို့ ဗီဒီယိူလေးကို ဝေမျှပေးလိုက်ပါတယ်နော့။

#Rome #Italy #Myanmar #PrayforMyanmar #CatholicInRome #Religious #Pilgrimage

Add new comment

3 + 1 =