ရောမဘာစီးလီကာဖြစ်သောစိန့်အနာစတားသျှာဘုရားကျောင်း သည်ယခုအခါအိန္ဒိယကက်သလစ်ပိုင်ဘုရားကျောင်းဖြစ်လာ

ရောမဘာစီးလီကာဖြစ်သောစိန့်အနာစတားသျှာဘုရားကျောင်း သည်ယခုအခါအိန္ဒိယကက်သလစ်ပိုင်ဘုရားကျောင်းဖြစ်လာ

ရောမဘာစီးလီကာဖြစ်သောစိန့်အနာစတားသျှာဘုရားကျောင်း သည်ယခုအခါအိန္ဒိယကက်သလစ်ပိုင်ဘုရားကျောင်းဖြစ်လာ

ပြောင်းရွေ့များသည်ရှေးဟောင်းအရှေ့တိုင်းခရစ်ယာန်များပိုင်သောဘုရားကျောင်းကိုရှေးဟောင်းသာသနာ (ကက်သလစ်သာသနာ) သို့ပြန်လည်ရောက်ရှိလာစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ရောမသို့ပြောင်းရွေ့လာရောက်နေထိုင်သောအိန္ဒိယမှအရှေးတိုင်းကက်သလစ်ဘာ သာ၀င်များ (Syro-Malabar) အားစိန့်အာနာစတားသျှာဘာစီးလီကာဘုရားကျောင်းကိုဆုတောင်း ၀တ်ပြုရန်အသုံးပြုခွင့်ပေးလိုက်သည်။ ဤဘုရားကျောင်းတော်ကြီးသည် Palatine တောင်ကုန်းတွင်တည်ဆောက်ထားသည်။

ရောမမြို့၌ အရှေ့တိုင်းဝိနည်းကျင့်သုံးသောအိန္ဒိယ ကက်သလစ် ဘာသာ ဝင်ဦးရေမှာ (၇၀၀၀) ခန့်ရှိသည်။ ၄င်းတို့သည်အိန္ဒိယနိုင်ငံ Kerala ပြည်နယ်မှဖြစ်သည်။ သူတို့သည်အရှေ့တိုင်း၀ိနည်း ကိုကျင့်သုံးသော်လည်းအမိကက်သလစ်သာသနာတော်ကြီးနှင့်ပေါင်းစည်းထားသည်။ ၄င်းတို့ကက်သလစ်ဘာသာ၀င်ဖြစ်လာခဲ့သည့်ဇစ်မြစ်ကို ပြန်လည်တူးဆွကြည့်မည်ဆိုပါက တစ်ရာစု၌တပည့်တော်ကြီးစိန့်သောမတ်စ်၏ဟောပြောခြင်းကြောင့်ဧဝံဂေလိတရားကိုကြားနာလက်ခံယုံ ကြည်ခဲ့ကြသောခရစ်ယာန်များဖြစ်သည်။ ဂျက်ဆွီဘုန်းတော်ကြီး Steven Hawkes-Teeples ထောက်ပြသကဲ့သို့ပင်ဤခရစ်ယာန်အဖွဲ့အစည်း၌ လက်ဆုပ်လက်ကိုင်ပြနိုင်သောစာပေမှတ်တမ်းမှတ်ရာများမရှိခဲ့။ သို့သော်ရောမခေတ်နှင့်ထိုခေတ်မတိုင်မီကပင်မြေထဲပင်လယ်ဒေသနှင့်အိန္ဒိယ တောင်ပိုင်းနှင့်စီးပွားရေးအရကူးသန်းသွားလာမှုရှိနေခဲ့သည်။ ထိုအချိန်၌၄င်းတို့သည် Assyro-Chaldean ခရစ်ယာန်များနှင့် အဆက်အသွယ်ရှိခဲ့ ပြီး၊ Kerala ပြည်နယ်၌အမြစ်တွယ်လာခဲ့ကြောင်း၊ Assyro-Chaldean ခရစ်ယာန်များ၏သမိုင်းကိုပြန်လည်ဖွေရှာကြည့်လိုက်ရာ မက်ဆိုပိုတေး မီးယားတို့ခေတ်ထသောတစ်ရာစုကခရစ်ယာန်များဖြစ်နေသည်။ ၄င်းတို့သည်ဆီးရီးယားစကားကိုဝတ်ပြုခြင်းဘာသာစကားအဖြစ်အသုံးပြုခဲ့ကြ သည်။

ထိုအချက်ကိုအစွဲပြု၍ ‘ဆီရိုမာလာဘာ’ (Syro-Malabar) ဟုခေါ်ခြင်းဖြစ်သည်။ ဤခရစ်ယာန်များသည်အီရန်၊ အာဖကန်နီစတန်၊ ပါကစ္စ တန်၊ အိန္ဒိယ၊ တိဘက်နှင့်တရုတ်နိုင်ငံများသို့ (၁၃) ရာစုထိတိုင်အရှိန်အဟုန်ဖြင့်ပြန့်ပွားခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံမှအစောပိုင်းခရစ်ယာန်များကို လည်း Nazranis (နာဇာရက်မြို့သားယေဇူး၏နောက်လိုက်များ) ဟုခေါ်ခဲ့ကြောင်း၊ ပေါ်တူဂီများနယ်သစ်ပယ်သစ်များဖွေရှာရာမှ (၁၆) ရာစုအ ရောက်တွင်အိန္ဒိယသို့ရောက်ရှိလာခဲ့သည်။ ထို့နောက်လာတင်းဝိနည်းကျင့်သုံးသောဆရာတော်များကသာသနာတော်၏စီမံခန့်ခွဲမှုများအားလုံး ကိုတာ၀န်ယူဦးဆောင်ခဲ့သည်။ ဤသို့ဖြင့်အားကောင်းနေခဲ့သော စိန့်သောမတ်စ်၏ခရစ်ယာန်များသည် လာတင်း၀ိနည်းကိုလွှမ်းမိုးသွားခဲ့ သည်။ အချို့ကားလက်မခံလိုဘဲတင်းခံမူများရှိခဲ့သည်။ နောက်ပိုင်း၌ဩသော်ဒေါ့စ်တို့နှင့်သွားရောက်ပေါင်းစည်းသွားခဲ့သည်။

(၁၉၉၂၊ ဒီဇင်ဘာလ) ၌ ရဟန်းမင်းကြီးစိန့်ဂျွန်ပေါ်လ် (၂) သည် Syro-Malabar ၀ိနည်းကျင့်သုံးသောဒေသာကိုဂိုဏ်းချုပ်အဖြစ်တိုး မြင့်သတ်မှတ်ပေးခဲ့သည်။ (၂၀၀၄) အရောက်တွင် Syro-Malabar ၀ိနည်းကျင့်သုံးသောခရစ်ယာန်များကို ဆရာတော်များကိုပင်လျှင်၄င်းတို့က သာရွေး ချယ် တင်မြောက်နိုင်ခွင့်မှစ၍ကိုယ် ပိုင်စီမံအုပ်ချုပ်ခွင့်ကိုဗာတီကန်ကအပြည့်အ၀ပေးခဲ့သည်။ (၂၀၁၁၊ မေလ) ၌ကာဒီနယ် George Alencherry က Syro-Malabar ၀ိနည်း၏ဂိုဏ်းချုပ်အဖြစ်ရွေးချယ်တင်မြောက်ခံခဲ့ရသည်။ သူသည်ဤ၀ိနည်းကျင့်သုံးသောဆရာတော်ကြီး များအဖွဲ့မှဤအမူတော်ကိုပထမဦးဆုံးရွေးချယ်ရသောဆရာ တော်ဖြစ်လာခဲ့သည်။ ပြောင်းရွေ့များကြောင့် ဤသာသနာ၏ဦးစီးမှုကိုမြေခြားရေ ခြားထိတိုင်ဖြန့်ကျက်ထားရသည်။ ဥပမာအားဖြင့် ချီဂါဂို၊ မဲလ်ဘုန်း၊ ဗြိတိန်၊ ကနေဒါနိုင်ငံတို့ဖြစ်ကြသည်။ အိန္ဒိယနှင့်ကမ္ဘာတစ်၀န်း၌ဤဝိနည်းကိုကျင့်သုံးသော ကက်သလစ်ဘာသာ၀င်စုစုပေါင်း (၅) သန်းကျော်ရှိသည်။

(၂၀) ရာစုနောင်းပိုင်း၌ ဤ၀ိနည်းကိုကျင့်သုံးသောကက်သလစ်ဘာသာတူများသည်အိန္ဒိယမှအမေရိကား၊ ဥရောပနှင့်ဩစတေးလျား နိုင်ငံများသို့ပြောင်းရွေ့နေထိုင်သွားသည်။ ၄င်းတို့သည်သာသနာ ၏ဖွဲ့စည်းတည်ဆောက်ပုံနှင့်အညီဖြစ်စေရန်ဦးဆောင်ပေးသောသိုးထိန်းဆရာ တော်မရှိပေ။ ဤ၀ိနည်းကိုကျင့်သုံးသောဦးရေ၏လေးပုံတစ်ပုံသည် လူငယ်များဖြစ်ပြီး။ ၄င်းတို့အားလုံးသည်ပြောင်းရွေ့များဖြစ်ကြသည်။ ၄င်း တို့သည်ချီဂါဂို၊ မဲလ်ဘွန်း၊ ဗြိတိန်၊ ကနေဒါတို့တွင်ကျစ်လစ်ခိုင်မာသောသာသနာဖွဲ့စည်းပုံနှင့်မညီသည့်အချိန်ထိလာတင်း၀ိနည်းတော်၏ဦးစီးမှု အောက်၌ရှိနေခဲ့သည်။

၄င်းတို့သည်ဆက်လက်၍ပြန့်ကြဲလျှက်ရှိပြီး၊ အချို့သည်ဥရောပတိုက်၌သီးခြားဖြစ်နေကြသည်။ ရဟန်းမင်းကြီးသည်ဤ အဖွဲ့အားစီမံကွပ်ကဲသောတာ၀န်ခံကိုရွေးချယ်သတ်မှတ်ပေးလိုက်ခြင်းဖြင့်၏ရည်ရွယ်ချက်မှာ ‘အရှေ့တိုင်း၀ိနည်းကျင့်သုံးသောခရစ်ယာန်ဘာ သာတူများ ကျစ်လစ်ခိုင်မာသောအုပ်ချုပ်မူများမထွက်ပေါ်လာမချင်း ရဟန်း မင်းကြီးအနေဖြင့်ညီအစ်ကိုရင်းစိတ်ဓာတ်ဖြင့်ကူညီပံ့ပိုးပေးရန်ကိုယ် စားလှယ်ကိုခန့်အပ်ပေးထားကြောင်း၊ ဤကိုယ်စားလှယ်များ သည်ရဟန်းမင်းကြီးမှတိုက်ရိုက်ခန့်ထားသူများဖြစ်လျှင် ၄င်းတို့ကိုရဟန်းမင်းကြီး မှကြည်ရူ့ရန်ခန့်အပ်ခံရသောသူများ (Apostolic Visitors) ဟုခေါ်သည်။ ဤတာ၀န်းထမ်းဆောင်သူများသည် ခန့်အပ်ချက်ပါညွှန်ကြားထား သည့်အတိုင်းလုပ်ဆောင်ရမည်ဖြစ်သည်။ ဘာသာတူတို့၏အခြေအနေ၊ လိုအပ်ချက်၊ အားပေးနိုးဆော်ခြင်း၊ ဒေသန္တရဆရာတော်များနှင့်တွေ့ဆုံ ခြင်း၊ အခြေအနေအရပ်ရပ်ကိုအစီရင်ခံစားများပြုစု၍အရှေ့တိုင်းအသင်းတော်၏ရုံးသို့ပေးပို့ရမည်ဖြစ်သည်။

ဥရောပတိုက်အတွင်းရှိ အရှေ့တိုင်းခရစ်ယာန်များအား ကြည့်ရူစောင့်ရှောက်ရန်ရဟန်းမင်းကြီးမှတာ၀န်ပေးအပ်ထားခြင်းခံရသူ ဆရာတော် Stephen Chirappanath ဖြစ်သည်။ (၂၀၁၉) ရဟန်းမင်းကြီးအား (၅) နှစ်တစ်ကြိမ်သွားရောက်ဂါရပြုရသောအစီအစဉ်၌ အရှေ့ တိုင်း၀ိနည်းကျင့်သုံးသောဆရာတော်ကြီးများက တစ်နေ့တခြားတိုးပွားလာနေသောရောမရှိခရစ်ယာန်အသင်း အဖွဲ့အတွက်ဘုရားကျောင်း တစ်ဆောင်စီစဉ်ပေးနိုင်ကစီစဉ်ပေးရန်တင်ပြခဲ့သည်။ ဤသို့ဖြင့်ရောမသာသနာ၏တာ၀န်ခံကာဒီနယ် Angelo de Donatis သည် (ဇူလိုင် ၂၀) ရက်နေ့က စိန့်အာနာစတားသျှာဘုရားကျောင်းသည် အရှေ့တိုင်း၀ိနည်းကျင့်သုံးသောကက်သလစ်ခရစ်ယာန်များအတွက်၀တ်ပြုဆုတောင်း ရန်ဘုရားကျောင်းအဖြစ်ကြေငြာချက်ကိုထုတ်ပြန်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အထူးစိတ်၀င်စားမှုကိုပြသပြီး၊ အချိန်သိပ်မစွဲဘဲဘုရား ကျောင်းတစ်ဆောင်စီစဉ်ပေးရန်စိတ်ကူးနေခဲ့သည်။ ကာဒီနယ် Alencherry သည်ရောမရှိအရှေ့တိုင်၀ိနည်းကက်သလစ်ခရစ်ယာန်များအတွက် ဘုန်းတော်ကြီးတစ်ပါးကိုရွေးချယ်ခန့်ထားမည်ဖြစ်သည်။ ‘ရောမရှိ Kelara မှပြောင်းရွေ့ခရစ်ယာန်များ ဆုတောင်း၀တ်ပြုရန် ဘုရားကျောင်းတစ် ဆောင်ရရှိသွားသည့် အတွက် အလွန်၀မ်းမြောက်၀မ်းသာဖြစ်ရကြောင်း၊ ယခုကျွန်ုပ်တို့၏ ဘာသာတူများသည်အတူတကွစုစည်း၍ ၄င်းတို့၏မိခင် ဘာသာစကားဖြင့်ဘုရားရှိခိုးနိုင်ကြပြီဖြစ်ကြောင်း’ Kannur မှလာတင်း၀ိနည်းဆရာတော် Alex Vadakumthala က UCAN သတင်းဌာနသို့ပြောကြားခဲ့သည်။

ထိုသတင်းဌာန၏ပြောကြားချက်အရ ဤဘုရားကျောင်းသည်အလွန်ရှေးကျလွန်းသောဘုရားကျောင်းတစ် ဆောင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌အလွန်ရှေးကျသောဘာစီးလီကားငယ်တစ်ဆောင်လည်းဖြစ်ကြောင်း၊ ဘုရားကျောင်းကိုဘုရင်ကွန်စတန်တိုင်း လက်ထက် (၄) ရာစုကဆောက်လုပ်ခဲ့ပြီး၊ (၇) ရာစုအထိရဟန်းမင်းကြီးအတော်များများခရစ္စမတ်မစ္ဆားများပူဇော်ခဲ့သောဘုရားကျောင်းဖြစ် ကြောင်းနှင့်စိန့်ဂျေရွမ်ပင်လျှင်ဤဘာစီးလီကာ၌တရားဟောခဲ့ကြောင်းလည်းဆိုပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Liuboy Butakova Shutterstock

https://bit.ly/303WN96

Add new comment

3 + 0 =