ရောမနှင့်အီတလီနိုင်ငံလွတ်မြောက်ရေးအတွက်ကူညီတိုက်ပွဲ၀င်ခဲ့သောအိုင်ယာလန်မဟာမိတ်စစ်တပ်သည် နှစ်ပေါင်း (၈၀) ကြာမှဗာတီကန်သို့ပြန်လည်ခြေချခဲ့ကြ

ရောမနှင့်အီတလီနိုင်ငံလွတ်မြောက်ရေးအတွက်ကူညီတိုက်ပွဲ၀င်ခဲ့သောအိုင်ယာလန်မဟာမိတ်စစ်တပ်သည် နှစ်ပေါင်း (၈၀) ကြာမှဗာတီကန်သို့ပြန်လည်ခြေချခဲ့ကြ

ယနေ့ကဲ့သို့ လွန်ခဲ့သော နှစ်ပေါင်း (၈၀)၊ ရက်စွဲအတိအကျပြောရလျှင် (ဇွန်လ ၁၂၊ ၁၉၄၄) ခုနှစ်က ဗြိတိန်စစ်တပ်၏တပ်မဟာ (၃၈) မှစစ်သားတစ်ဖွဲ့ ရဟန်းမင်းကြီးပီအုစ် (၁၂) ထံလာရောက်ဂါရ၀ ပြုတွေ့ဆုံခဲ့သည်။

ဤစစ်သားများသည် ရောမမြို့တော်အား နာဇီတို့၏လက်မှမလွတ်မြောက်မီ (၈) အလို ၌ရဟန်းမင်းကြီးနှင့်လာရောက်တွေ့ဆုံခဲ့သော မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများအနက် ပထမဦးဆုံးအဖွဲ့ဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း၌ အိုင်ယာလန်သည် ကြားနေခဲ့သည်။ သို့သော် ရဟန်းမင်းကြီးအား လာရောက်ဖူးတွေ့ခဲ့သော တပ်မဟာ (၃၈) မှာမူ ဗြိတိန်၏လက်အောက်၌စစ်မှုကူထမ်းနေသောစစ်သားများနှင့်အိုင်ယာလန်လူမျိုး၊ ဗြိတိန်နိုင်ငံသားများရောနေခဲ့ကြသည်။

ယနေ့သည် ထိုသမိုင်း၀င်တွေ့ဆုံမှုဖြစ်ပျက်ခဲ့သည့် နှစ် (၈၀) ပြည့်နှစ်ပတ်လည်နေ့၌ တပ်မ ဟာ (၃၈) အားကိုယ်စားပြုသည့် စစ်သားများရဟန်းမင်းကြီးဖရန်စစ်အား စိန့်ပီတာရင်ပြင်၌တွေ့ဆုံခဲ့သည်။ အဆိုပါအဖွဲ့အားဗိုလ်ချုပ် Colin Weir ဦးဆောင်၍ ဗြိတိန်သံအမတ် Chris Trott လည်းပါသည်။ သံအမတ်သည် ယခုကဲ့သို့တွေ့ဆုံနိုင်ရန်ကူညီဆောင်ရွက်ပေးခဲ့သည်။

(၁၉၄၄) ခုနှစ်က တပ်မဟာ (၃၈) နှင့်ရဟန်းမင်းကြီးပီအုစ် (၁၂) တို့တွေ့ဆုံခဲ့ပုံ (1944: Meeting with Pope Pius (XII)ဗိုလ်ချုပ် Weir က ရဟန်းမင်းကြီးပီအုစ် (၁၂) နှင့်တွေ့ဆုံခဲ့ခြင်းသည် တပ်မဟာ၏သမိုင်းအတွက်အမှန်တကယ်ထူးမြတ်လှကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကမ္ဘာကြီးမတည်မငြိမ်ဖြစ်နေချိန်၌ အတူတကွတွေ့ဆုံနိုင်ခဲ့သောကြောင့်ဖြစ်သည်။

ရောမမြို့သည် (ဇွန်လ ၄) ရက်နေ့ကလွတ်မြောက်ခဲ့ပြီး ဤသမိုင်း၀င်တွေ့ဆုံခြင်းသည် (ဇွန် ၁၂) ရက်နေ့ကဖြစ်သည်။ ထိုသို့တွေ့ဆုံနိုင်ရန် ဗာတီကန်၌အမှုထမ်းနေသော အိုင်ယာလန်ဘုန်းကြီးများကစီစဉ်ပေးခဲ့သည်။ ထိုအချိန်၌ တပ်မဟာသည်ရန်သူများကိုလိုက်ချေမှုန်း ရာ အီတလီမြောက်ပိုင်းမြို့များဆီသို့စစ်‌ကြောင်းထိုးလျှက်ရှိသည်။ တပ်မဟာသည် စစ်ရေးပြင်းထန်သောဇုံအတွင်းစစ်မှုထမ်းနေရချိန်ဖြစ်၍ ရဟန်းမင်းကြီးနှင့်တွေ့ဆုံရန် စစ်သားအနည်းငယ်ကိုသာနောက်တန်းပြန်ပို့နိုင်ခဲ့သည်။

ဆက်လက်၍ ဗိုလ်ချုပ် Weir က ထိုသို့တွေ့ဆုံရန်နောက်တန်းသို့ပြန်ပို့ ရာ၌ ကက်သလစ်ဘာသာ၀င်များကိုသာပြန်ပိုရန် အစောပိုင်းကတပ်မဟာ၏တာ၀န်ရှိသူကဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် အခြားသောခရစ်ယာန်ညီအစ်ကိုများကလည်းပါ၀င်လို့ကြောင်းတောင်းခံလာကြသောကြောင့် ကက်သလစ်များသာမဟုတ်ဘဲ ရောနှော၍ကိုယ်စားလှယ်စေလွှတ်ခဲ့ကြောင်းပြောကြားသည်။

D Day အလွန်နှစ် (၈၀) ကြာခဲ့ပြီ (80 years since D-Day)

ဗိုလ်ချုပ် Weir က နော်မန်ဒီတို့၏လက်အောက်မှာလွတ်မြောက်ခဲ့သည်မှာ ယခု နှစ် (၈၀) ပြည့်ပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ရောမသို့လာရောက်လည်ပတ်ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း (၈၀) က တပ် မဟာမှစစ်သားများသည် ဒီဒေးအတွက်ပြင်ဆင်နေခဲ့သောအချိန်ကိုပြန်လည်အမှတ်ရစေကြောင်း၊ အချို့ကားစစ်ပွဲကို အဖရိကမြောက်ပိုင်း၊ စီးစီလီနှင့်အီတလီတောင်ပိုင်းဆီသို့ပင်စတင်နေခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့စစ်ပွဲစတင်ရခြင်းမှာ ရောမနှင့်အီတလီကျွန်နိုင်ငံတစ်ခုလုံးလွတ်မြောက်စေရန်ဖြစ်ကြောင်း၊ ဥရောပတောင်ပိုင်းနှင့်ဥရောပအနောက်မြောက်ပိုင်းစစ်ဆင်ရေးသည် လွန်စွာအရေးကြီးသောစစ်ဆင်ရေးဖြစ်ခဲ့ကြောင်း၊ တစ်ခုနှင့်တစ်ခုတည်မှီနေရကြောင်း၊ ဤနှစ်ခုလုံး၌ တပ်မဟာသည် ရွန်ရွန်ချွန်ချွန်တိုက်ပွဲ၀င်ခဲ့ကြောင်း၊ ထိုအချက်ကိုလည်းအသိအမှတ်ပြုလိုကြောင်း၊ ဗိုလ်ချုပ်က ယနေ့ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံရခြင်းသည် ကြီးမားထူခြားသောအခွင့်အခါပင်ဖြစ်ကြောင်း၊ သူ့အနေဖြင့် လွန်ခဲ့သောတစ်လခန့်က အနားယူခဲ့ပြီဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့တွေ့ဆုံခွင့်ရခြင်းသည် သူထမ်းဆောင်ခဲ့သောသက်တမ်းတစ်လျှောက်လုံး၌ ထူးကဲသောအတွေ့အကြုံဖြစ်ကြောင်းပြောကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် စစ်သားများနှင့်တွေ့ဆုံရာ၌စိတ်လှုပ်ရှားသွားခဲ့ရ (Pope ‘moved’ by encounter with soldiers)

ယခုကဲ့သို့တွေ့ဆုံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့သူမှာ ဗာတီကန်၏ဗြိတိန်သံအမတ်ဖြစ်သော Chris Trott ဖြစ်သည်။ သံအမတ်က အစပိုင်း၌အိုင်ယာလန်စစ်တပ်နှင့်ရဟန်းမင်းကြီးတို့၏ပုံကိုတင်ရန်စိတ် ကူးခဲ့ကြောင်း၊ တပ်မဟာအဖွဲ့၏တူရိယာအဖွဲ့ရောက်လာသောအခါ ရဟန်းမင်းကြီးဖရန်စစ်က သူ့အားဖျော် ဖြေပြရန်တောင်းခံသောကြောင့်တင်ဆက်ပေးခဲ့ရာ သံအမတ်ကိုယ်တိုင်စိတ်လှုပ်ရှားသွားခဲ့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီးကိုယ်တိုင်လိုလိုလားလားတောင်းခံခဲ့ဖြစ်ကြောင်းသောကြောင့်၊ အဆို ပါအဖွဲ့အားဦးဆောင်လာသော ဗိုလ်ချုပ်သည် ရဟန်းမင်းကြီးအား အလံတစ်ခုကိုလက်ဆောင်ပေးခဲ့ကြောင်း၊ ထိုအလံ၏ကျောတစ်ဖက်၌ တပ်မဟာ၏ဘတ်တံဆိပ်နှင့်အခြားတစ်ဖက်၌မူ ရဟန်းမင်းကြီးဖP စစ်၏ရဟန်းမင်းကြီးတံဆိပ်ပါရှိကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်လည်း လွန်စွာနှစ်ခြိုက်မည်ဟုယုံကြည်ကြောင်းနှင့်ဤမနက်သည်လွန်စွာကျက်သရေမဂ်လာပြည့်၀လှသောနံနက်ခင်းတစ်ခုဖြစ်ခဲ့ကြောင်းဖြင့်ဗာတီကန်သတင်းပြန်ကြားရေးအားအဖွဲ့အားဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/cAqpQ

Add new comment

5 + 2 =