ရောဂါမခံစားစေခြင်၍ သက်တောင်သက်သာ အသက်ကုန်ဆုံးသွားအောင် သေစေခြင်းနည်းလမ်းများကို ငြင်းဆန်ကြဖို့ ဆရာဝန်များကို ပုပ်ရဟန်းမင်းကြီး သတိပေး

အီတလီနိုင်ငံ ခွဲးစိတ်ဆရာဝန်များ၊ သွားဖက်ဆိုင်ရာဆရာဝန်များ အဖွဲ့၏ ကိုယ်စားလှယ် ၃၅၀ နှင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ ဆုံခြင်း

ရောဂါမခံစားစေခြင်၍ သက်တောင်သက်သာ အသက်ကုန်ဆုံးသွားအောင် သေစေခြင်းနည်းလမ်းများကို ငြင်းဆန်ကြဖို့ ဆရာဝန်များကို ပုပ်ရဟန်းမင်းကြီး သတိပေး
စက်တင်ဘာလ ၂၀၊ ၂၀၁၉

အီတလီနိုင်ငံ ခွဲးစိတ်ဆရာဝန်များ၊ သွားဖက်ဆိုင်ရာဆရာဝန်များ အဖွဲ့၏ ကိုယ်စားလှယ် ၃၅၀ နှင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် တွေ့ ဆုံခြင်းတွင် ဆရာဝန်များအနေနဲ့ လူနာတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့နေရာမှာ လူတိုင်းဟာသီးသန့်တစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာနဲ့ဖန်ဆင်းခံထားရသူတွေဖြစ်တယ်၊ သူတို့ကို ရောဂါသည် အရေအတွက်လောက်ပဲ မမြင်ကြဖို့၊ အယောက်တိုင်းကို လူဂုဏ်သိက္ခာ ဖြင့်ကြည့်မြင်တတ်ကြဖို့ နှင့် ရောဂါမခံစားစေလိုသောကြောင့် သက်တောင်သက်သာ အသက်ကုန်ဆုံးသွားအောင် အသုံးပြုသော မည်သည့်နည်းလမ်းမျိုး ကိုမဆို ငြင်းဆန်ကြဖို့ ဆရာဝန်များကို ပုပ်ရဟန်းမင်းကြီးမှ သတိပေး ခဲ့ပါသည်။

ဖျားနာမူ့ဟာ ဆေးကုသခြင်းနည်းလမ်း တခုဖြင့်သာ သာမဟုတ် လူနာ၏ စိတ်ခံစားမူ့ အခြေအနေ၊ ဘဝအခြေအနေများကိုပါ ကြည့်ရှုပေးကြဖို့၊ လူနာများကို ရောဂါသည် အရေအတွက်လောက်ပဲ မမြင်ကြဖို့၊ အရောက်တိုင်းစီကို လူဂုဏ်သိက္ခာ ဖြင့်ကြည့်မြင်တတ်ကြဖို့ နှလုံးသာမှလာသော စိတ်စေတနာဖြင့်ကြည့်ရှုကုသပေးကြဖို့၊ အာပေးဖော် အဖော်မွန်တယောက်လို ကြင်နာမူ့ပြသကြဖို့ ပြေားကြားခဲပြီး၊

လူနာကို သဘာဝအလျှောက်အသက် ကုန်ဆုံးစေခြင်းမျိုးမဟုတ်ပဲ၊ လူနာဆန္ဒက သေချင်တယ် ဟုသော သဘောမျိုးထားပြီး သက်တောင့်သက်သာသေသွားအောင် ကူညီပေးသောနည်းလမ်းတိုင်းသည် မိမိကိုယ်ကို်ယ် သတ်သေခြင်းအမှုကို အားပေးသလို၊ သူတပါးအသက်ကိုသတ်ခြင်း စီရင်းခြင်းလည်ဖြစ်သာကြောင့် ဆရာဝန်များအနေနှင့် ယင်းကိစ္စမျိုးကို လုံးဝငြင်းဆန်ကြဖို့ သဘောမတူကြဖို့ သတိပေးခဲ့ပြီး၊ အစာအစား၊ ဆေးဝါဖြတ်တောက်ပြီး လူနာကို သေစေသော နည်းလမ်းများကိုလည်း အားမပေးကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဒီလိုနှောက်ယှက်ခြင်းမျာနောက်မပါဝင်မိကြဖို့ သတိပေးခဲ့ပါသည်။

မည်သူမျှလူတစ်ယောက်အသက်ကို မည်သည်နည်းနှင့်မျှ စီရင်ပိုင်ခွင်မရှိကြောင်း၊ ဆရာဝန်တို့၏တာဝန်သည် လူအသက်ကို အပြည့်အဝ တန်ဖိုးထားရန်သာဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lV7HN1

 

Zawgyi

စက်တင်ဘာလ ၂၀၊ ၂၀၁၉



လူနာကို သဘာဝအလျှောက်အသက် ကုန်ဆုံးစေခြင်းမျိုးမဟုတ်ပဲ၊ လူနာဆန္ဒက သေချင်တယ် ဟုသော သဘောမျိုးထားပြီး သက်တောင့်သက်သာသေသွားအောင် ကူညီပေးသောနည်းလမ်းတိုင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းအမှုကို အားပေးသလို၊ သူတပါးအသက်ကိုသတ်ခြင်း စီရင်းခြင်းလည်ဖြစ်သာကြောင့် ဆရာဝန်များအနေနှင့် ယင်းကိစ္စမျိုးကို လုံးဝငြင်းဆန်ကြဖို့ သဘောမတူကြဖို့ သတိပေးခဲ့ပြီး၊ အစာအစား၊ ဆေးဝါဖြတ်တောက်ပြီး လူနာကို သေစေသော နည်းလမ်းများကိုလည်း အားမပေးကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဒီလိုနှောက်ယှက်ခြင်းမျာနောက်မပါဝင်မိကြဖို့ သတိပေးခဲ့ပါသည်။

By Kyi Maung
Credit to Vatican News
https://bit.ly/2lV7HN1

Add new comment

17 + 0 =