ရောဂါဆိုးနှင့်နိုင်ငံရေးကပ်ဆိုးကြောင့် မိမိတို့၏သာသနာအုပ်စုများ၌သောင်တင်နေကြသော ရဟန်းလောင်းကိုရင်အချိူ့အဂ်လိပ်စာသင်တန်းပို့ချ

ရောဂါဆိုးနှင့်နိုင်ငံရေးကပ်ဆိုးကြောင့် မိမိတို့၏သာသနာအုပ်စုများ၌သောင်တင်နေကြသော ရဟန်းလောင်းကိုရင်အချိူ့အဂ်လိပ်စာသင်တန်းပို့ချ

ရောဂါဆိုးနှင့်နိုင်ငံရေးကပ်ဆိုးကြောင့် မိမိတို့၏သာသနာအုပ်စုများ၌သောင်တင်နေကြသော ရဟန်းလောင်းကိုရင်အချိူ့အဂ်လိပ်စာသင်တန်းပို့ချ

          ရဟန်းလောင်းကိုရင်ကြီးများသည် ရောဂါကပ်ဆိုးကြီးနှင့်နိုင်ငံရေးကပ်ဆိုးကြောင့် ရဟန်းဖြစ်တက္ကသိုလ်များလည်းပိတ်ထားသောကြောင့် သင် တန်းကာလ တစ်၀က် တစ်ပြတ်နှင့်မိမိတို့၏အိမ်၌ သောင်တင်နေခဲ့ကြသည်မှာ တစ်နှစ်ကျော်လာခဲ့ပြီ။ သောင်တင်နေကြသော ကိုရင်များအနက် ယခု တင်ပြမည့် ကိုရင်နှစ်ပါးမှာ ၄င်းတို့၏အားလပ်နေသည့်အချိန်၌ ရွာမှစိတ်၀င်စားသောလူငယ်များအား အဂ်လိပ်စာအခမဲ့သင်ကြားပေးနေသည်။ ၄င်းတို့ သည် ဧရာ၀တီတိုင်း၊ ပင်လယ်နှင့်ပိန္နဲကုန်းကျွန်းများမှဖြစ်သည်။ ကိုရင်နှစ်ပါး၏အမည်များမှာ ကိုရင်ဂျွန်နူးမင်းနှင့်ကိုရင်‌ဂျော့အဲတာတို့ဖြစ်ပြီး၊ ပုသိမ် သာသနာမှဖြစ်ကြသည်။ သင်တန်း၌ ကျောင်းသား (၇၀) ကျော်ရှိပြီး၊ ဗုဒ္ဓဘာသာလူငယ်များလည်းပါကြသည်။  

          အဆိုပ်ကိုရင်နှစ်ပါးသည် ပြင်ဦးလွင်၌ နှစ်နှစ်တာပညာဆည်းပူးခဲ့ပြီးနောက် ရှမ်းပြည်နယ်၊ တောင်ကြီး၌ဖွင့်လှစ်ထားသည့် စိန့်မိုက်ကယ် ၀ိညာဉ်ရေး ရဟန်းဖြစ်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားရန်‌စောင့်ဆိုင်းနေကြသူများဖြစ်သည်။ ကိုဗစ်တတိယလှိုင်းကြောင့် ဖွင့်ရန်ဆိုင်းပြင်း ပြီးမှ ပြန်တန့်သွားခဲ့ရသည်။ လာရောက်သင်ကြားသူများသည် အလွန်စိတ်အား ထက်သန်ပြီး၊ ဇွဲကြီးကြောင်း၊ သို့သော် အသက်အရွယ်ကွာခြားလှသော ကြောင့် ၄င်းတို့၏ မှတ်သားလိုက်နာနိုင်မှု၌လည်း မတူညီကြကြောင်း၊ ဉာဏ်ရည်ကွာခြားသောသူများအား စုပေါင်းသင်ကြားရသောကြောင့် လွန်စွာ ခက်ခဲကြောင်း၊ ကိုရင်နှစ်ပါးရှိ၍ အနည်းဆုံးနှစ်တန်းခွဲ၍သင်ကြားပေးလျှက်ရှိကြောင်း၊ ၄င်းတို့အတွက် ဤအခွင့်အရေးမျိုးရခြင်းသည် အလွန်ထူးခြား ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဂ်လိပ်စာနှင့်အထိအတွေမပြတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သင်ကြားမှုသည် ပြီးဆုံးသည်ဟုမရှိသော ကြောင့်လေ့လာလေ ကျွမ်းကျင်လာလေဖြစ်ရကြောင်း၊ ယခုကဲ့သို့ မိမိ၏ရည်မှန်းချက်များကို မြန်ဆန်စွာဖော်ဆောင်ခွင့်မရှိပါက စိတ်ပြောင်းသွားနိုင် ကြောင်းပြောကြားခဲ့သည်။

          ကိုရင်ဂျော့အဲတာကလည်း အစပိုင်း၌ ပင်လယ်ဖက်သို့လာရမည်ကိုသိသောအခါ ကျန်းမာရေးနှင့်သင်ကြားရေးအတွက် စိတ်ပူပြီး တွန့်ဆုတ်နေ ခဲ့ကြောင်း၊ သူ၌သင်ကြားရေး၌ အတွေ့ အကြုံမရှိကြောင်း၊ အတွေ့အကြုံရလာသောအခါ အဆင်ပြေလာပြီး၊ စိုးရိမ်စိမ်များလည်း လျော့နည်း သွားခဲ့ သည်ဟုဆိုသည်။

          ပင်လယ်သာသနာအုပ်စု၏ ကျောင်းထိုင်ဖြစ်သော ဖာသာရ်ပထရစ်ဇော်လင်းသန့်ကလည်း မျိုးဆက်သစ်လူငယ်များ ပိုကောင်းအောင်လုပ်ရ မည်။ လူငယ်များကိုယ်ရည်ကိုယ်သွေးရှိကြကြောင်း၊ ၄င်းတို့၏ ကိုယ်ရည်ကိုယ်သွေးများကိုလည်း မြင့်တင်ပေးကြောင်း၊ ဤပညာဒါနအဂ်လိပ်စာသင် တန်းကိုလည်း သူစတင်ခဲ့ကြောင်း၊ ၄င်းတို့၏စိတ်အားထက်သန်မှုကိုကျေနပ်ရကြောင်း၊ ၄င်းတို့အား အဂ်လိပ်စာသာသင်ကြားပေးခြင်းမဟုတ်။ ဘက်စုံ လွှမ်းခြုံသော အသိအမြင် ဖွင့်သင်တန်း များကိုလည်းပို့ချပေးကြောင်းပြောကြားသည်။

          လက်ထောက်ဘုန်းတော်ကြီးဖြစ်သော ဖာသာရ်ဆေဗက်စတယ်ကျော်မင်းဌေးကလည်း ဤအခြေအနေသည် လူငယ်များအတွက် အဂ်လိပ်စာ လေ့လာရန် အခွင့်အရေးကောင်းဖြစ်ကြောင်း၊ သင်တန်းသားများအနက်မှ ယောင်ရွှေသိန်းဆိုသောလူငယ်လေးက ဤသင်တန်းသို့တက်ရောက်ရသည့် အတွက်အလွန်ပျော်ကြောင်း၊ အကျိုးရှိကြောင်း၊ ယခင်ကထက်စာလျှင် အဂ်လိပ်လိုပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်၊ နားလည်လာကြောင်း၊ ဘာသာတူအိမ် ထောင်သည်မိခင်တစ်ဦးဖြစ်သော ပက်ထရစ်ရှာ ကလည်း ဘုန်းတော်ကြီးများ၊ ကိုရင်ကြီးများအားကြိုးစားအားထုတ်ပေးမှုကိုကျေးဇူးတင်လေးစား ကြောင်း၊ သို့သော်သူ၏သမီးမှာမတက်ရောက်နိုင်၍ စိတ်မကောင်းဖြစ်ရကြောင်း၊ ကျောင်းထိုင်၏ လူငယ်များအတွက်ကြိုစားအားထုတ်ပေးမှုကိုအလွန် လေးစားချီးကျူးကြောင်း၊ သူ၏သမီးမှာ ကုန်စုံဆိုင်ဖွင့်ထား၍ စျေးရောင်းနေရ၍ မတက်ရောက်နိုင်ကြောင်းဖြင့် သူ၏ရင်တွင်းဖြစ်ကိုလည်း ပြောကြားခဲ့သည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3IBfMvb

Add new comment

2 + 9 =