Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရေမရှိလျှင် အသက်မရှင်နိုင်ဟု ပုပ်ဖရန်စစ်မြွက်ကြား
ရေမရှိလျှင် အသက်မရှင်နိုင်ဟု ပုပ်ဖရန်စစ်မြွက်ကြား
ပြီးခဲ့သောတနဂ်နွေနေ့က အီတလီနိုင်ငံမှဆရာတော်ကြီးများ ရေအရင်းအမြစ်ကိုထိန်း သိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်၍ဆွေးနွေးခဲ့ကြရာရဟန်းမင်းကြီးဖရန်စစ်လည်းတက်ရောက်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော်ရေသည်အားလုံး အတွက်မရှိမဖြစ်လိုအပ်သည်။ အီတလီနိုင်ငံသည် နှစ်စဉ်နို၀င်ဘာလ (၈) ရက်နေ့၌ ခေါင်းစဉ်တစ်ခု ခုရွေးချယ်ကာအမှတ် တရနေ့တစ်ခုခုသတ်မှတ်၍ ကျင်းပ လေ့ရှိသည်။ ဤသို့ကျင်းပရန်အီတလီကက်သလစ်ဆရာ တော်ကြီးများကအားပေး တိုက်တွန်းလေ့ရှိသည်။
ယခုနှစ်အတွက်မှာမူ ‘ရေသည်ကမ္ဘာမြေကြီး၏ကောင်းကြီးတော်ဖြစ်သည်’ ဟုဖြစ် သည်။ ရေသည် ပထမဦးဆုံးသောလက်ဆောင်မွန်ဖြစ် သည်။ စိုက်ပျိုးရေးလုပ်သား များနှင့်နီးကပ်စွာရှ်နေ ကြောင်း၊ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားထုကြီးသည် ၄င်းတို့၏ရက်ရောသောလုပ် အားအပေါ်တွင်တည်မှီးနေသောကြောင့်ဖြစ်သည်။
ကိုဗစ် (၁၉) ကြောင့်လည်းကမ္ဘာတစ်ဝှမ်းလုံး၏လုပ်ငန်းများအားလုံးကိုထိခိုက်သွားစေခဲ့သည်ကိုလည်းစာနာကြောင်းပြောကြားခဲ့ သည်။
ရဟန်းမင်းကြီးသည် အန်ဂျေလူးဆုတောင်းမေတ္တာအပြီး၌ ‘ရေသည်စိုက်ပျိုးရေးအတွက်အသက်ဖြစ်သည်။ အသက် ရှင်သန်ရေးအတွက်လည်းမရှိမဖြစ်လိုအပ်သည်’ ဟုလည်းမိန့်ကြားပြီး၊ ကမ္ဘာပေါ်ရှိကျေး လက်တောရွာများ၌နေထိုင်ကြ သောသူများအားလည်းစာနာကြောင်းနှင့်ဆုတောင်းပေးကြောင်း၊ အထူးသဖြင့်တောင် သူဦးကြီးတို့၏အလုပ်သည်လုပ်အား သည်ယခုကဲ့သို့သောအကြပ်အတည်းကာလ၌ အ လွန်အရေးကြီးကြောင်းရှင်းပြခဲ့သည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: AFP or Licensors
Add new comment