ရေနစ်သေဆုံးခဲ့သော ရွေ့ပြောင်းကလေး၀တ် ဆင်ခဲ့သည့်အသက်ကယ်အကျီကိုဗာတီကန်၌ထားရှိမည်။

ရေနစ်သေဆုံးခဲ့သော ရွေ့ပြောင်းကလေး၀တ် ဆင်ခဲ့သည့်အသက်ကယ်အကျီကိုဗာတီကန်၌ထားရှိမည်။

ရေနစ်သေဆုံးခဲ့သော ရွေ့ပြောင်းကလေး၀တ် ဆင်ခဲ့သည့်အသက်ကယ်အကျီကိုဗာတီကန်၌ထားရှိမည်။

 

            မိမိတို့နှင့်နေရပ်၌မလုံခြုံသောကြောင့်လည်းကောင်း၊ ရေကြည်ရာမြတ်နုရာရာရန်လည်းကောင်း မြေထဲပင် ပင်လယ်ကြီးကို စွန့်စွန့်စားစားဖြတ်သန်း၍ဥရောပသို့ခြေချရန်ကြိုးစားရင်း အသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြရသလို၊  စွန့် စားထွက်ပြေးသူများထဲ၌ မိဘများ သွားရာလိုက်ပါကြရသော အရွယ်မရောက်သေးသည်ကလေးများလည်းပါသည်။ ပင်လယ်ကိုကူးဖြတ်စဉ်အသက်ဆုံးရှုံးခဲ့ရသောအမျိုးသမီးငယ်လေး၀တ်ဆင်ခဲ့သော အသက်ကယ်အကျီကိုဗာတီကန် ၌ထားရှိနိုင်ရန်ပေးအပ်ခဲ့သည်။ ဤသို့ထားရှိခြင်းမှာ အဆိုပါကလေးအားသာအမှတ်ရရန်မဟုတ်ဘဲ ဤအဖြစ်မျိုးကို ပြန်လည် အမှတ်ရ စေရန်ဖြစ်သည်ဟုဆိုသည်။

 

            (၂၀၁၆) ခုနှစ်က ရဟန်းမင်းကြီးဖရန်စစ် ဂရိနိုင်ငံ၊ Lesbos ရှိဒုက္ခသည်စခန်းသို့ကြွရောက်နှစ်သိမ့်ခဲ့ပြီးနောက် ဗာတီကန်သို့ပြန်ကြွလာစဉ် ဒုက္ခသည်အချို့ကို ရောမသို့ပြန်ခေါ်လာခဲ့ရာ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) တစ်ဖွဲ့ကလည်း ရဟန်းမင်းကြီးအားအဆိုပါ အသက်ကယ်အကျီကိုလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။   

 

            အဆိုပါအစိုးရမဟုတ်သောလူမှုကူညီရေးအသင်းကိုတည်ထောင်သူဖြစ်သော OSCAR CAMPS က ဤကဲ့သို့ပြု လုပ်ရသည်မှာ Lesbos ဒုက္ခသည်စခန်း၏ အဖြစ်အပျက် အမှန်ကို ကျွန်ုပ်တို့နှင့်အတူယူလာရန်ဖြစ်ကြောင်း၊ ယခုအ သက်ကယ်အကျီမှာ ၄င်းတို့မကယ်နိုင်ခဲ့သော (၆) နှစ် ဒုက္ခသည်သမီးငယ်လေး၀တ်ဆင်ခဲ့သည့်အကျီဖြစ်ကြောင်း၊ သူသည် သူ၏မိ သားစုနှင့်အတူရေနစ်သွားခဲ့ကြောင်း၊ ဤအကြောင်းအရာကို ရဟန်းမင်းကြီးအားရှင်းပြရာ ရဟန်းမင်းကြီးလည်းအ လွန်စိတ်မကောင်းဖြစ်သွားခဲ့ကြောင်း၊ ထိုအသက်ကယ် အကျီကို ဆုတ်ကိုင်လိုက်ပြီး၊ သူယူသွားခဲ့ကြောင်း၊ (၂၀၁၉) ခု နှစ်ကလည်း အဘယ်ဒုက္ခသည် လွယ်ခဲ့၍၀တ်ဆင်ခဲ့သည်ကိုမသိသော ခရူးစူးတစ်ခုနှင့်အသက်ကယ်အကျီတစ်ထည် ကိုလည်း ရဟန်းမင်းကြီးအားပေးအပ်ခဲ့သည်ဟုရှင်းပြပါသည်။

 

            ရဟန်းမင်းကြီးကလည်း (၂၀၁၉၊ ဒီဇင်လာ၊ ၁၉) ရက်နေ့က လက်ခံရရှိခဲ့သော ထိုခရူးစူးနှင့်အသက်ကယ် အကျီတို့ကို လူမြင်သာသောနေရာ၌ပြထားမည်။ ရင်နစ်စရာ ဤအဖြစ်မျိုးကိုမြင်တွေ့၊ ခံစားစေ၍အမှတ်ရစေရန်၊ လူ့ အသက်ကိုကူညီရန် လူတိုင်း၌ တာ၀န်ရှိ ကြောင်းအသိပေးရန်၊ ဤအဖြစ်သနစ်သည် ဘာသာတူတူမတူတူ၊ လူမျိုးတူတူ မတူတူ လူတိုင်းကူညီပေးရမည့်စံတရားဖြစ်ကြောင်း ရဟန်းမင်းကြီးဖရန်စစ်က မိန့်ကြားခဲ့သည်။ ထိုအသက်ကယ် အကျီကိုရဟန်းမင်းကြီး၏ ရုံးတော်အ၀င်၌ ခင်းကျင်းပြသထားသည်။ ဤအခင်းအကျင်းမှာ လူထောင်ပေါင်းများ စွာသည် မိမိတို့၏နေရပ်များကိုနာကြင်ခက်ခဲစွာစွန့်၍ ရေသစ်မြေသစ်ကို စွန့်စားရှာဖွေနေကြ ရသူများရှိသည်ကို သတိရန်ဖြစ်သည်ဟုဆိုသည်။        

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3lrZXxx

Add new comment

14 + 4 =