Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရုပ်သံအစီအစဉ်မှနုတ်ထွက်လိုက်သော်လည်း တရားရစရာသတင်းစကားချန်ထားပေးခဲ့သူ
ရုပ်သံအစီအစဉ်မှနုတ်ထွက်လိုက်သော်လည်း တရားရစရာသတင်းစကားချန်ထားပေးခဲ့သူ
Jane Marczewski သည် လူသိများသောအဆိုတော်တစ်ဦးဖြစ်သည်။ သူသည်အမေရိကား၌သာမဟုတ်၊ ကမ္ဘာတစ်၀ှမ်းလုံးကစောင့်ကြည့်ရသည့် ‘America’s Got Talent (AGT - အမေရိကန်သားတို့၏အစွမ်းအစ ထုတ်ပြသည့်ရုပ်သံအစီအစဉ်)’ ၌ပါ၀င်ယှဉ်ပြိုင်နေသူဖြစ်သည်။ သို့သော် သူ၏ကျန်းမာရေးဆုတ်ယုတ်ဆိုး၀ါးလာ နေမူကြောင့် ထိုအစီအစဉ်မှနုတ်ထွက်ရန်ဖြစ်လာစေခဲ့သည်။ သူ၏ပရိသတ်များသည် သူ၏အသံကောင်းရုံတစ်ခုဖြင့် သာသူ့အားအားပေးကြသည်မဟုတ်။ မယုံကြည်နိုင်လောက်သော သူ၏ဘာသာရေးယုံကြည်မူဖြင့် တစ်နေ့တစ်ခြား ဆိုး၀ါးလာနေသောကင်ဆာရောဂါကိုကြံ့ကြံ့ခံတိုက်နေခြင်းကြောင့်လည်းဖြစ်သည်။ သူနှင့်ပတ်သက်၍ကြားလိုက်ရ သောသတင်းကား ကျွန်မတို့အားလုံး လုံး၀မကြားချင်သောသတင်းဖြစ်ပါသည်။ သူနှင့်ပတ်သက်သောသတင်း ကြောင့်၀မ်းနည်းစိတ်မကောင်းဖြစ်နေမည့်သူ၏ပရိသတ်များအားပါးလိုက်သောသူ၏သတင်းစားကား ကျေးဇူးတော်၊ ကျေးဇူးတင်ခြင်းနှင့်မျှော်လင့်ခြင်းများဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ‘သူ၏၀ါသနာကို ဤ America’s Got Talent (AGT) အစီအစဉ်၏စင်မြင့်ပေါ်တွင် ထုတ်ဖော်ခွင့်ရရန်မှာ သူ့အတွက်ဂုဏ်တစ်ခုဖြစ်ခဲ့သကဲ့ သို့ သူ့၏အိမ်မက်တစ်ခုလည်းဖြစ်သည်။ ထိုအိမ်မက်သည် အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်သည်။ ကျွန်မအတွက် ယခု နွေရာသီသည် အံ့အားသင့်ဖွယ်ရာဖြစ်ခဲ့သည်။ ကျွန်မခံစားလျှောက်လှမ်းနေရသော ေ၀ဒနာလမ်းသည် အလှတရား အဖြစ်သို့ပြောင်းလဲသွားလိုက်သည်။ ထို့ပြောင်းလဲမူသည် ကမ္ဘာတစ်၀ှမ်းရှိလူသားများ၏အမြင်များကိုပိုမိုကျယ် ပြောလာစေခဲ့သည်။ ပြိုင်ပွဲအတွက်အသံစမ်းသပ်အောင်မြင်ပြီးနောက်ပိုင်း၌ ကျွန်မ၏ကျန်းမာရေးသည် ဆိုးသည် ထက်ဆိုးလာသည်။ ကင်ဆာရောဂါကိုခုခံကာကွယ်ရန်မှာ ရှိသမျှသောအင်အားကိုထုတ်သုံးတိုက်ခိုက်ရသည်။ သတိ လည်းရှိရသည်။ America’s Got Talent (AGT) ၀င်မပြိုင်နိုင်တော့ကြောင်းကို အသိပေးကြေညာရသည်မှာ အလွန် စိတ်မကောင်းဖြစ်ရပါသည်။ သင့်တို့အားလုံး၏အားပေးထောက်ခံမူအတွက်ကျေးဇူးတင်ပါသည်။ သင်တို့၏အားပေး မူသည် ကမ္ဘာကြီးသမျှကြီးမားသောအင်အားဖြစ်စေသည်။ ဆက်လက်ပြီးကျွန်မကိုအားပေးနေပါနော်။ မကြာမီကျွန် မပြန်ကောင်းလာမှာပါ။ ကျွန်မ၏အနာဂါတ်ကိုလည်းကျွန်မအသေအချာရေးဆွဲနေပါသည်။ အမွေအနစ်တော့မဟုတ် ပါ။ အတော်ပင်ပန်းနေပြီဖြစ်သော်လည်း ကျွန်မ၏အိမ်မက်ကို ဆက်လက်ရှင်သန်စေချင်သေးသည်။
Nightbirde သတ်ပုတ်နေရသောကင်ဆာရောဂါအမြန်ဆုံးသက်သာပျောက်ကင်းစေရန်အတွက် ကျွန်ုပ်တို့ ဆက်လက်ဆုတောင်းပေးနေမည်။
ကင်ဆာရောဂါသည်များအားမှိုင်းမသော စိန့်ပေရေဂရီးနီထံပြုအပ်သောဆုတောင်းမေတ္တာ
စိန့်ပေရေဂရီးနီ
၀မ်းမြောက်ဖွယ်အမူများကိုလုပ်ဆောင်သူ၊ အရှင်သည် ဘုရားသခင်၏ခေါ်သံကို အသင့်ပြန်လည်ဖြေကြားခဲ့ သည်။ အရှင့်ဘ၀တစ်ခုလုံးကိုလည်း သန့်ရှင်းသောဘုရားမယ်တော်၏ လမ်းညွှန်မူနှင့်အညီ ဘုရားသခင်အား၀ကွပ် အပ်နှံနိုင်ရန် လောကပျော်အရွှင်များအားလုံးကိုလည်း ချန်လှပ်ထားခြံသည်။
အရှင်သည် ၀ိညာဉ်ကယ်တင်ရေးအတွက် ကာယအလုပ်ကြမ်းများကိုလည်းလုပ်ဆောင်ပူဇော်ပေးခဲ့သည်။ လက်၀ါးကပ်တိုင်တင်သတ်ခံရသော ယေဇူးသခင်နှင့်ပေါင်းစပ်၍ အရှင်သည် အလွန်နာကျင်သောေ၀ဒနာများကိုခံ ထမ်းခဲ့သည်။ အရှင်၏ခြေ၌ စွဲကပ်ခံစားနေရသော ကုရာနထိဆေးမရှိသည့် ကင်ဆာေ၀ဒနာကို မငြီးမငြူဘဲ စိတ် ရှည်စွာခံထမ်းခဲ့သောကြောင့် နောက်ဆုံး၌ဘုရားသခင်၏တို့ထိလိုက်ခြင်းဖြင့် အံ့ဩဖွယ်ပျောက်ကင်းသွားခဲ့သည်။
ကျွန်ုပ်၏ဘ၀အဖြစ်အပျက်တိုင်း၌ ဘုရားသခင်၏ခေါ်သံကိုပြန်လည်ဖြေကြားနိုင်ရန်၊ သူ၏သန့်ရှင်းသောအ လိုကိုဖြည့်ဆည်းနိုင်ရန် ကျေး ဇူးတော်ကိုတောင်းခံပေးတော်မူပါ။ ၀ိညာဉ်ကယ်တင်ရေးကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ရန် ကျွန်ုပ်၏နှလုံးသားထဲ၌ စွဲညှိတောက်လောင်စေတော်မူပါ။ ကျွန်ုပ်၏ခန္ဓာကိုယ်အား မကျန်းမမာ ဖြစ်စေမည့် အနာရောဂါအမျိုးမျိုးကိုလည်းကင်းေ၀းစေတော်မူပါ။
(တောင်းခံလိုသောကျေးဇူးကို ဤနေရာ၌တိတ်ဆိတ်စွာဆုတောင်းရန်)
အနာရောဂါမှ လုံး၀ပျောက်ကင်းစေရန်ဆုတောင်းပေးတော်မူပါ။ ကျွန်ုပ်၏ေ၀ဒနာပျောက်ကင်းသွားခြင်း သည် ဘုရားသခင်အားကျေနပ်ပျော်ရွှင်စေမည်။ လက်၀ါးကပ်တိုင်ပေါ်၌တင်သတ်ခံရသော ကယ်တင်ရှင်အား လည်းကောင်း၊ သူ၏ကြေကွဲသောမယ်တော်အားပုံတုယူလိုက်ကျင့်ခြင်းအားဖြင့် ကျွန်ုပ်သည်လည်း ကောင်းကင်ဘုံ၌ ထာ၀ရဘုန်းတော်ကိုခံစားခွင့်ရရှိပေမည်။ အာမင်
စိန့်ပယ်ရီဂရီးနီ - ကျွန်ုပ်နှင့်သင်၏ထက်ဆင့်ဆုတောင်းခြင်းကိုတောင်းအဖို့ဆုတောင်းပေးတော်မူပါ။ (၃) ကြိမ်ရွတ်ဆိုပူဇော်ပါ။
Ref; Aleteia.org
ဘာသာပြန် - ဖာသာရ် ကလေးမင့်အားတယ်
Add new comment