ရို​မေးနီးယားနိုင်ငံသည် အကြမ်းဖက်ခြင်းခံရ​သော ခရစ်ယာန်များအတွက် ​အောက်​မေ့ရာ​နေ့ကို ကျင်းပ

ရို​မေးနီးယားနိုင်ငံသည် အကြမ်းဖက်ခြင်းခံရ​သော ခရစ်ယာန်များအတွက် ​အောက်​မေ့ရာ​နေ့ကို ကျင်းပ

ရို​မေးနီးယားနိုင်ငံသည် အကြမ်းဖက်ခြင်းခံရ​သော ခရစ်ယာန်များအတွက် ​အောက်​မေ့ရာ​နေ့ကို ကျင်းပ

ဥ​ရောပ​ရှေ့ပိုင်းတွင်တည်ရှိ​သော ရို​မေးနီးယားနိုင်ငံသည် နှစ်စဥ် သြဂုတ်လ၁၆ရက်​နေ့ကို နှိပ်စက်ညှင်းပန်းခြင်းခံရ​သော ခရစ်ယာန်များအား ​အောက်​မေ့ရာ​နေ့အဖြစ် သတ်မှတ်ထားသည်။ထို​နေ့တွင် ဘုရား​ကျောင်းများ၊လွတ်တော် နှင့် နန်း​တော်စသည့် ​နေရာများတွင် အနီ​ရောင်အမှတ်အသား ပြုလုပ်ထားမည်ဟုဆိုသည်။

ထို​နေ့ကျင်းပ​ရေးကို ပါလီမန်လွှတ်​တော်မှ အတည်​ပြုခဲ့ပြီး ရို​မေးနီးယားသမိုင်းတွင်အ​ရေးပါခဲ့​သော ခရစ်ယာန်အာဇာနည်များကို ​ခေတ်လူငယ်များ သတိပြု​စေရန်နှင့် ယ​နေ့​ခေတ်တွင် နှိပ်စက်ခြင်းခံ​နေရ​​သော ခရစ်ယာန်များစွာရှိ​ကြောင်း သတိမူ​စေရန် ရည်ရွယ်သည်။

သြဂုတ်၁၆ရက်သည် ​အော်​သို​ဒေါ့စ် ခရစ်ယာန်များအတွက် ၁၉၉၂တွင် ရဟန္တာတင်​မြှောက်ခဲ့​သော Brancoveanu ဓမ္မအာဇာနည်ပွဲ​နေ့လည်း ဖြစ်သည်။ရိုး​မေးနီးယားမင်းသား ကွန်စတန်တင်းနှင့် သား​တော်​လေးပါး၊သူ၏အကြံ​ပေးတစ်ဦးတို့သည် ၁၇၁၄ခုနှစ်တွင် ​အောတိုမန် တူရကီတို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြသည်။

သူတို့အား အစ္စလာမ်ဘာသာကိုးကွယ်ရန် စည်းရုံးခဲ့​သော်လည်း မ​အောင်မြင်​သော​ကြောင့် တူရကီလူမျိုးများက ​ခေါင်းဖြတ်သတ်ခဲ့ကြသည်။မင်းသားနှင့်သား​တော်များ၏ယုံကြည်ခြင်းကြီးမားမှု​ကြောင့် သြဂုတ်၁၆ရက်ကို ပွဲ​နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ရို​မေးနီးယားတွင် ​အော်သို​ဒေါ့စ်သာမက ကက်သလစ်ရဟန္တာများလဲ ​ပေါ်ထွန်းခဲ့သည်။

၂၀၁၉​မေလတွင် ပုပ်ဖရန်စစ်က Cardinal Iuliu Hossuနှင့်ဆရာ​တော် ငါးပါးကို ရဟန္တာတင်​မြှောက်ခဲ့သည်။သူတို့သည် ၁၉၄၈မှ၁၉၈၄အတွင်း ရို​မေးနီးယားကွန်မြူနစ်များက နှိပ်စက်သတ်ဖြတ်ခြင်းခံရသူများဖြစ်သည်။

 

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of Vatican Media/AFP

https://bit.ly/3iQgZlh

Add new comment

8 + 0 =