Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတရားမျှတမှုရှိရန်ရည်ရွယ်၍ ပိုလန်မှစကော့တလန်သို့ချီတက်
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတရားမျှတမှုရှိရန်ရည်ရွယ်၍ ပိုလန်မှစကော့တလန်သို့ချီတက်
ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတရားမျှတမှုရှိရန်ရည်ရွယ်၍ ပိုလန်မှစကော့တလန်သို့ချီတက်ခဲ့ကြသည်။ ယခုကဲ့သို့ချီ တက်ခြင်းသည် (၅) ကြိမ်မြောက်ဖြစ်ပြီး၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံပါ၀င်သည်။ ဤစီတန်းလမ်းလျှောက်သောအဖွဲ့သည် စကော့ တလန်နိုင်ငံ၊ Glasgow မြို့၌ နို၀င်ဘာလ၌ကျင်းပမည့် ကုလ၏ရာသီဥတုဆိုင်ရာအစည်းေ၀းကြီး (COP26) အမှီရောက် အောင်သွားမည်ဖြစ်သည်။ ဤအဖွဲ့၌ လူဦးရေ (၃၀) ဦးပါ၀င်သည်။ ဤအစီအစဉ်ကို Westphalia မှပရိုတက်စတန်အဖွဲ့၊ ပိုလန် ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ပိုလန်ဧ၀ံဂေလိအသင်း၊ ဘာလင်နှင့် Brandenburg မှခရစ်ယာန်များပူးပေါင်းထား ခြင်းဖြစ်သည်။ ဤ အဖွဲ့သည်ခရီးကီလိုမီတာ (၁၄၅၀) ကိုနေရာ (၇၇) နေရာတွင်စခန်းချကာအရောက်သွားမည်ဖြစ်သည်။
ရာသီဥတု၏ဆိုးကျိုးများကြောင့်အရေးအပေါ်ကိုင်တွယ်ရန်လိုအပ်
အဘယ်ကြောင့်ဤသို့ပြုလုပ်ရသနည်းဟုမူ ရာသီဥတု၏ဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရန်အရေးပေါ်လိုအပ်နေသည်။ နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် လေထုညစ်ညမ်းမှုနှင့်ကပ်ရောဂါဆိုးများကြောင့် သဘာ၀ပတ်၀န်းကျင်ကိုထိခိုက်ပျက်စီးစေ မည့်လုပ်ရပ်များကိုလျော့ချလုပ်ဆောင်နေကြသော်လည်း ပုံမှန်အနေအထားသို့ပြန်လည်ရောက်ရှိရန်မှာ လောင်စာများစွာကိုအ သုံးပြုရန်လိုအပ်နေသည်။ ထိုအတောအတွင်း သန်းပေါင်းများစွာသောအပင်များမျိုးပြုန်းပျောက်ကွယ်နေခြင်း၊ တိရစ္ဆာန်များ သေကြေနေခြင်းနှင့်အလွန်ဆိုးရွားသောရာသီဥတုပြောင်းလဲခြင်းများသည် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာကြီးကတွေ့ကြုံရင်ဆိုင်နေရသော အကြပ်အတည်းများ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့်ထိခိုက်ပျက်စီးမှုကိုခံစားနေရ သည်များကို နိုင်ငံတကာခေါင်းဆောင်များသတိထားမိစေရန်၊ ဖြစ်နိုင်သည့်နည်း များဖြင့် ကမ္ဘာသူကမ္ဘာသားများလည်းပါ၀င် လာစေရန်လှုံ့ဆော်ခြင်းဖြစ်သည်။
အပြောင်းအလဲအတွက်ကမ္ဘာကြီး၏အားထုတ်မှုလိုအပ်
ယူကေအနေဖြင့် စကော့တလန်နိုင်ငံ၊ Glasgow မြို့၌ကျင်းပမည့် (၂၆) ကြိမ်မြောက် ကုလ၏ရာသီဥတုဆိုင်ရာအစည်အေဝးကြီး (COP26) ကိုအိမ်ရှင်အဖြစ်လာမည့် (၂၀၂၁၊ အောက်တိုဘာ (၁) ရက်မှ နိုင်၀င်ဘာ (၁၂) အထိလက်ခံကျင်းပမည် ဖြစ်သည်။ ဤအစည်းအေ၀းကြီးသို့ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀) မှခေါင်းဆောင်များတက်ရောက်ကြမည်ဖြစ်ပြီး၊ ‘ပါရီ’ ဆုံးဖြတ် ချက်ကိုလက်တွေ
ဖော်ဆောင်ရန် နိုင်ငံ့ခေါင်းဆောင်များသဘောတူနိုင်ကြလိမ့်မည်ဟုမျှော်လင့်ထားသည်။
Ref: Vatican News
ဘာသာပြန်- ဖာသာရ်ကလေးမင့်အားတယ်
#rvamyanmar #rvapastoralcare #RVANews
Add new comment