ရဟန်းအမတ်ချားစ်ကာဒီနယ်ဘို၏ ခရစ္စမတ်မင်္ဂလာစကား

ရဟန်းအမတ်ချားစ်ကာဒီနယ်ဘို၏ ခရစ္စမတ်မင်္ဂလာစကား

ရဟန်းအမတ်ချားစ်ကာဒီနယ်ဘို၏

ခရစ္စမတ်မင်္ဂလာစကား

ခရစ္စမတ်နေ့အတူတကွ စုပေါင်း ဆုတောင်းခြင်းနှင့်မိတ်ဆုံစားပွဲ

ကာသီဒြယ်၊ ရန်ကုန်

25th December, 2019

၂၀၁၉ခု၊ ဒီဇင်ဘာလ ၂၅ရက်၊ ခရစ်တော်ဘုရားရှင်ရဲ့ လူ့ဇာတိပကတိနဲ့မွေးဖွား လာခဲ့တဲ့၊ ထူးမြတ်လှတဲ့၊ ဤခရစ္စမတ်ပွဲတော်နေ့မှာ အတူတကွ စုပေါင်း ဆုတောင်းခြင်းနှင့် မိတ်ဆုံစားပွဲသို့ ကိုယ်တိုင်<ကရောက်ချီးမြှင့်ပေးကြသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် မိသားစုဝင်များ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ။ မွေးနေ့ရှင်ခရစ်တော်ဘုရား၏ ကောင်းကြီးမင်္ဂလာတော်နှင့် မွေးနေ့ရှင်ကိုယ်တိုင် ဤကမ္ဘာလောကထဲသို့ သယ်ဆောင်လာသောငြိမ်းချမ်းခြင်း၊ ငြိမ်သက်ခြင်း၊ ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများအပေါ် သက်ရောက်ပါစေကြောင်း ရှေးဦး ပထမ ကျွနု်ပ်ဆန္ဒပြုဆုမွန်ကောင်း ပို့သလိုက်ပါတယ်။ ခရစ္စမတ်ပွဲတော်ဆိုတာ၊ ကျွနု်ပ်တို့ ခရစ်ယာန်များအတွက်သာမက၊ မကောင်းမှုအပြစ်နွံမှာ နစ်မွန်းနေကြတဲ့ မျှော်လင့်ချက်မဲ့ လောကလူသား အားလုံးအတွက်၊ အံ့မခမ်းဝမ်းမြောက်ဖွယ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ နေ့ကြီးရက်ကြီး ဖြစ်ပါတယ်။ ဤကဲ့သို့ထူးမြတ်လှတဲ့ ခရစ္စမတ်ပွဲတော်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် မိသားစုဝင်များအနေနဲ့ ကိုယ်တိုင်လာရောက်ပြီး မိသားစုစိတ်ဓါတ် အပြည့်အဝနဲ့၊ ဒီမှာရှိကြတဲ့ သားသမီးညီအစ်ကို မောင်နှမများနဲ့အတူတကွ ကြောသားရင်သား မခွဲခြားဘဲ၊ တလုံးတဝတည်း ပါဝင်ကျင်းပပေးကြတဲ့အတွက်လည်း ကျွနု်ပ်အနေနဲ့ အထူး နှစ်ထောင်းအားရ၊ ဝမ်းသာပီတိ ဖြစ်ရပါကြောင်းနဲ့၊ ရင်ထဲက လှိုက်လှိုက်လဲှလှဲ ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြား လိုပါတယ်။

ခရစ္စမတ်ရဲ့အဓိကအနှစ်သာရက ဘာများဖြစ်မလဲလို့စဉ်းစားလိုက်ရင်၊အအအဖြေက ရိုးရိုး ရှင်းရှင်းလေး တွေ့ရမှာပါ။ လူသားတိုင်းအပေါ် ဘုရားရှင်ရဲ့ကြီးမားလှတဲ့ ချစ်ခြင်းမေတ္တာကိုဘဲ ခရစ္စမတ်ရဲ့အနှစ်သာရအဖြစ်ညွှန်ပြရမှာပါ။ သံယောဟန် ၃း ၁၆ မှာ “မိမိ၏ တစ်ပါး တည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် ဤလောကကို ချစ်တော်မူ၏ဆိုတဲ့ ကျမ်း စကားအတိုင်း မိမိရဲ့တစ်ပါးတည်းသောသားတော်ဖြစ်တဲ့ ခရစ်တော်ဘုရားကို ဒီကမ္ဘာလောကထဲ ကို စေလွတ်ပြီး၊ အပြစ်မကောင်းမှုနွံမှာ နစ်မွန်းနေကြတဲ့ မျှော်လင့်ချက်မဲ့ လောကလူသား တွေကို ကယ်တင်စေခဲ့တယ်။ ကယ်ချွတ်စေခဲ့တယ်။ မကောင်းမှု၊ မတရားမှု၊ မေတ္တာ ကင်းမဲ့မှုအားလုံးရဲ့ ပင်မကြီးဖြစ်တဲ့ ရန်သူနတ်ဆိုးရဲ့လက်တွင်းကနေ လောကလူသားတွေကို ကယ်တင်တဲ့အခါ၊ ခရစ်တော်အသုံးပြုခဲ့တဲ့တစ်ခုတည်းသောဗျူဟာ၊ အစွမ်းထက်ဆုံးလက်နက်က သူ့ရဲ့ကြီးမားတဲ့ ချစ်ခြင်းမေတ္တာဘဲဖြစ်တယ်။ ဒါကြောင့်ခရစ္စမတ်စ်ရဲ့ အနှစ်သာရကို တနည်း ပြောရရင်၊ လောကလူသားတွေကို ချစ်ခြင်းမေတ္တာပေးဝေဖို့၊ ချစ်ခြင်းမေတ္တာပြသဖို့၊ ဘုရားရှင် ကိုယ်တိုင် လူ့ဇာတိကိုယူခဲ့ခြင်းဘဲဖြစ်တယ်။ ဒါကြောင့် ခရစ္စမတ်ပွဲတော်ကာလမှာ တစ်ဦးနဲ့ တစ်ဦး Merry Christmas လို့ နှုတ်ဆက်ခြင်းဟာ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ခြင်း မေတ္တာ ရှိခြင်းဆိုတဲ့ ခရစ္စမတ်ရဲ့အနှစ်သာရကို ဖော်ပြခြင်းဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တုာသည်သာလျှင် ညီအစ်ကိုအချင်းချင်းကြား နာကျဉ်းမှုများကို ကုသပေးနိုင်စွမ်းရှိပါတယ်။ ညီအစ်ကို အချင်းချင်း ကြား သံသယကြီးထွားမှုတွေကိုလျော့ကျပြီး တစ်ဦးကတစ်ဦးအပေါ် ယုံကြည်မှုတိုးပွားစေနိုင် ပါတယ်။ ကြမ်းတမ်းခက်ထန်မှုများနေရာမှာ ငြိမ်းချမ်းခြင်းကိုအစားထိုးနိုင်စွမ်းရှိပါတယ်။ ချစ်ခြင်းမေတ္တာသည်သာလျှင် ပဋိပက္ခအားလုံးရဲ့ အရင်းအဖြစ်ဖြစ်တဲ့ မတရား၊ မမျှတမှုများကို မြင်တွေ့နိုင်ပြီး ဖယ်ရှားနိုင်စွမ်းကိုပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာသည်သာလျှင် ညီအစ်ကိုများ ၏ အမှန်တကယ်လိုအပ်ချက်တွေကိုမြင်တွေ့ပြီး ကူညီဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ အတို ချုပ်ပြောရရင်၊ သွေးချင်းညီအစ်ကိုအချင်းချင်းကြား၊ အပြန်အလှန်ချစ်ခြင်းမေတ္တာထားနိုင်မှသာ ကျွနု်ပ်တို့တစ်ဦးဆီရဲ့နှလုံးသားထဲမှာ စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်တယ်။ တစ်ဦးစီတစ်ယောက်စီတိုင်း၊ အတွင်းနှလုံးသားမှာ ငြိမ်းချမ်းမှလည်း မိမိတို့ပတ်ဝန်းကျင် မိမိတို့ရဲ့နိုင်ငံ၊ မိမိတို့ရဲ့ကမ္ဘာကြီးမှာလိုအပ်နေတဲ့ ငြိမ်းချမ်းခြင်းကို အမှန်တကယ် ဖော်ဆောင်နိုင် မှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းခြင်းနှင့်ပါတ်သက်လို့ ပုပ်ရဟန်းမင်းကြီး Francis အရှင်သူမြတ်က ၂၀၁၆ခုနှစ် ကမ္ဘာငြိမ်းချမ်းရေးနေ့မှာ လောကလူသားအားလုံးကို သတိပေးနိုးဆော်တဲ့ အချက်လေးတစ်ချက် ကိုလဲ ပြန်လည်ဝေမျှလိုပါတယ်။ ပုပ်ရဟန်းမင်းကြီး မိန့်ဆိုခဲ့တာကတော့ “ကောင်းမြတ်တော် မူတဲ့ဘုရားရှင်ကိုယ်တိုင် ဒီကမ္ဘာလောကထဲ ငြိမ်းချမ်းရေးမျိုးစေ့တွေကို ကြဲချပေးခဲ့တယ်။ ဒီငြိမ်း ချမ်းခြင်းမျိုးစေ့တွေ အပင်ပေါက်နိုင်ခွင့်ရရှိပြီး ဆက်လက်ရှင်သန်ကြီးထွားနိုင်ဖို့ အသီးအပွင့်များ ဝေဆာနေဖို့ ကျွနု်ပ်တို့တစ်ဦးဆီက အင်တိုက်အားတိုက်စိုက်ပျိုးကြရမယ်။ ပြုစုကြရမယ်။ ကျွနု်ုပ်တို့ လေးလေးနက်နက်သတိထားသင့်တဲ့အချက်တစ်ခုကတော့ ဒီနေ့ငြိမ်းချမ်းခြင်းရဲ့အကြီး မားဆုံးရန်သူဟာ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေလောက်ဘဲလို့ ယူဆလို့မရပါဘူး။ ပတ်ဝန်း ကျင်မှာ ဖြစ်ပျက်နေတဲ့ပြဿနာ၊ မမျှတမှု၊ ပဋိပက္ခတွေကို ရေငုံနှုတ်ပိတ်လစ်လျူရှု ထားခြင်း ဟာလည်း ငြိမ်းချမ်းခြင်းရဲ့ ကြီးမားတဲ့ရန်သူဖြစ်တယ်” လို့ ထောက်ပြခဲ့ပါတယ်။

မြန်မာပြည်ရဲ့အခြေအနေတွေကို ကောင်းစွာနားလည်သဘောပေါက်ထားတဲ့ ပုပ်ရဟန်း မင်းကြီး Francis အရှင်သူမြတ်က ကျွနု်ပ်တို့နဲ့တွေ့တဲ့အချိန်၊ မြန်မာပြည်ကြီးငြိမ်းချမ်း သာယာရေးအတွက် လူ့အခွင့်အရေးများကို ပိုမိုလေးစားတန်ဖိုးထားတဲ့၊ စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီး တနေ့တခြားပီပီပြင်ပြင်ဖြစ်တည်လာရေအတွက်၊ လုပ်ဆောင်ကြရာမှာ ဗိုလ်ချုပ် မှူးကြီးထံမှလည်း သူအနေနဲ့ များစွာမျှော်လင့်ထားကြောင်း သူရဲ့မျှော်လင့်ချက်ကို ပွင့်ပွင့် လင်းလင်း ထုတ်ဖော်ပြောခဲ့ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဘို့ဆိုတာကလဲ တကယ်တော့ လူသားတိုင်းအတွက် ဘုရားရှင်ကိုယ်တိုင်တာဝန်ပေးထားတဲ့ ဘုရားပေးတာဝန်တစ်ရပ်လည်းဖြစ် တယ်။ ခရစ္စမတ်စ်ပွဲရဲ့ မင်္ဂလာသတင်းစကားလဲဖြစ်ပါတယ်။

ခရစ်တော်ဘုရားရှင် ဒီကမ္ဘာလောကထဲ လူသားတစ်ယောက်အနေနဲ့ <ကမြန်းလာတဲ့ အခါ၊ ငြိမ်းချမ်းခြင်းသတင်းကောင်းကို သယ်ဆောင်လာခဲ့တယ်။ “မြေကြီးပေါ်၌ စိတ်ကောင်း နှလုံးကောင်းရှိသူတို့အား ငြိမ်းသက်ခြင်းရှိစေသတည်း”။ ယနေ့ကမ္ဘ္ဘာကြီးမှာ ငြိမ်းချမ်းရေး ဘယ်လောက်လိုအပ်သလဲ၊ အထူးသဖြင့် ကျွနု်ပ်တို့သွေးချင်းညီအစ်ကိုများ မှီတည်းနေထိုင်ကြတဲ့ မြန်မာပြည်ကြီးမှာငြိမ်းချမ်းခြင်း ဘယ်လောက်လိုအပ်နေသလဲ၊ ကျွနု်ပ်တို့ အသိဆုံးဖြစ်တယ်။ အကြမ်းဖက်မှုတွေ မကြာခဏတွေ့ကြုံနေရတယ်။ အဆုံးမသတ်နိုင်တဲ့ ပြည်တွင်းစစ်တွေ၊ ဒီစစ်ပွဲ တွေရဲ့အကျိုးဆက်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြစ်မဲ့ ပြည်သူဒုက္ခသည်တွေနဲ့ ပြည့်နက် နေသေးတဲ့အခြေအနေတွေ၊ စတဲ့အနိဌာန်ရုံတွေနဲ့တွေ့ကြုံခံစား နေရဆဲဖြစ်တယ်။ အချင်းချင်း မညီညွတ်မှုအပေါ်အခြေခံပြီး နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ထိုးနှက်မှု ဖိအားပေးမှုတွေလဲ ခံစားနေရဆဲဖြစ်တယ်။ ခရစ္စမတ်စ်အချိန်က ကျွနု်ပ်တို့အားလုံးကို တစ်ဦးနှင့်တစ်ဦး မေတ္တာ မျှဝေကြဖို့၊ သွေးစည်းညီညွတ်ကြဖို့၊ တရားမျှတမှုကိုအလေးထားကြဖို့၊ ကွဲပြားမှုတွေရဲ့ အကြောင်းအရင်းတွေကိုရှာဖွေပြီး၊ ရင်ကြားစေ့ရေး ကြိုးပမ်းကြဖို့ ဖိတ်ခေါ်နေပါတယ်။ ဤအချက်များကို ဖော်ဆောင်တဲ့အခါ၊ ဤယနေ့ထူးမြတ်လှတဲ့ ခရစ္စမတ်ပွဲတော်နေ့ရဲ့ မွေးနေ့ရှင် ခရစ်တော်ဘုရား သူ့ရဲ့အသက်တာအားဖြင့်၊ သူ့ရဲ့သွန်သင်ချက်များဖြင့် ကျွနု်ပ်တို့လူသားတိုင်း ကိုသင်ပြနေတာကတော့၊ ငြိမ်းချမ်းသောနည်းများဖြင့် ဖြေရှင်းကြမှသာလျှင် ခွင့်လွှတ်ခြင်း တရားကို လက်ကိုင်ထားနိုင်ကြမှသာလျှင်၊ မေတ္တာတရားနဲ့ပြည့်ဝတဲ့ ငြိမ်းချမ်းတဲ့ လူ့ဘောင်ကြီး ကိုတည်ဆောက်နိုင်မယ်ဆိုတာကို ခရစ္စမတ်ပွဲတော်က မီးမောင်း ထိုးပြနေပါတယ်။

နောက်ဆုံးအနေနဲ့ ကျွနု်ပ်ထပ်မံဆုတောင်းပေးခြင်းတာကတော့၊ ကျွနု်ပ်တို့ အလွန် ချစ်မြတ်နိုးတဲ့ ကျွနု်ပ်တို့ရဲ့မြန်မာနိုင်ငံတော်ကြီး ဘုရားရှင်၏ ကောင်းကြီးမင်္ဂလာတော်နှင့် ပြည့်ဝပြီး ထာဝရတည်တံ့သောငြိမ်းခြင်း အမြန်ဆုံးတည်ဆောက်နိုင်ပါစေ။ ဤနိုင်ငံတော် ကြီးတွင်မှီတင်းနေထိုင်ကြသော သားသမီးတစ်ဦးစီတိုင်း ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာပြီး၊ သားသမီးတိုင်းသည်သာယာဝပြောသော၊ ငြိမ်းချမ်းသော၊ ထွန်းလင်းတောက်ပသော မျှော်လင့် ချက်များပေးစွမ်းနိုင်သော ခေတ်သစ်မြန်မာပြည်ကြီး၏ သားသမီးရတနာများ ဖြစ်နိုင်ကြပါ စေလို့ ခရစ္စမတ်ဆုတောင်းဖြင့် ထပ်လောင်း ဆန္ဒ ပြုလိုက်ပါတယ်။

 

                                                        ချားစ်ကာဒီနယ်ဘို

                                                    ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး

                                                        ခရစ္စမတ်ပွဲနေ့၊ ၂၀၁၉

 

Zawgyi:
ရဟန္းအမတ္ခ်ားစ္ကာဒီနယ္ဘုိ၏

ခရစၥမတ္မဂၤလာစကား

ခရစၥမတ္ေန႔အတူတကြ စုေပါင္း ဆုေတာင္းျခင္းႏွင့္မိတ္ဆုံစားပြဲ

ကာသီျဒယ္၊ ရန္ကုန္

25th December, 2019

၂၀၁၉ခု၊ ဒီဇင္ဘာလ ၂၅ရက္၊ ခရစ္ေတာ္ဘုရားရွင္ရဲ႕ လူ႔ဇာတိပကတိနဲ႔ေမြးဖြား လာခဲ့တဲ့၊ ထူးျမတ္လွတဲ့၊ ဤခရစၥမတ္ပြဲေတာ္ေန႔မွာ အတူတကြ စုေပါင္း ဆုေတာင္းျခင္းႏွင့္ မိတ္ဆုံစားပြဲသုိ႔ ကုိယ္တုိင္<ကေရာက္ခ်ီးျမွင့္ေပးၾကေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ မိသားစု၀င္မ်ား မဂၤလာအေပါင္းႏွင့္ျပည့္စုံၾကပါေစ။ ေမြးေန႔ရွင္ခရစ္ေတာ္ဘုရား၏ ေကာင္းၾကီးမဂၤလာေတာ္ႏွင့္ ေမြးေန႔ရွင္ကုိယ္တုိင္ ဤကမၻာေလာကထဲသုိ႔ သယ္ေဆာင္လာေသာျငိမ္းခ်မ္းျခင္း၊ ျငိမ္သက္ျခင္း၊ ဗုိလ္ခ်ဳပ္မွဴးႀကီးႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားအေပၚ သက္ေရာက္ပါေစေၾကာင္း ေရွးဦး ပထမ ကြၽႏု္ပ္ဆႏၵျပဳဆုမြန္ေကာင္း ပုိ႔သလုိက္ပါတယ္။ ခရစၥမတ္ပြဲေတာ္ဆုိတာ၊ ကြၽႏု္ပ္တုိ႔ ခရစ္ယာန္မ်ားအတြက္သာမက၊ မေကာင္းမႈအျပစ္ႏြံမွာ နစ္မြန္းေနၾကတဲ့ ေမွ်ာ္လင့္ခ်က္မဲ့ ေလာကလူသား အားလုံးအတြက္၊ အ့ံမခမ္း၀မ္းေျမာက္ဖြယ္၊ တန္ဖုိးမျဖတ္ႏုိင္တဲ့ ေန႔ၾကီးရက္ၾကီး ျဖစ္ပါတယ္။ ဤကဲ့သုိ႔ထူးျမတ္လွတဲ့ ခရစၥမတ္ပြဲေတာ္အခမ္းအနားကုိ ဗုိလ္ခ်ဳပ္မွဴးႀကီးႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ မိသားစု၀င္မ်ားအေနနဲ႔ ကုိယ္တုိင္လာေရာက္ၿပီး မိသားစုစိတ္ဓါတ္ အျပည့္အ၀နဲ႔၊ ဒီမွာရွိၾကတဲ့ သားသမီးညီအစ္ကုိ ေမာင္ႏွမမ်ားနဲ႔အတူတကြ ေၾကာသားရင္သား မခြဲျခားဘဲ၊ တလုံးတ၀တည္း ပါ၀င္က်င္းပေပးၾကတဲ့အတြက္လည္း ကြၽႏု္ပ္အေနနဲ႔ အထူး ႏွစ္ေထာင္းအားရ၊ ၀မ္းသာပီတိ ျဖစ္ရပါေၾကာင္းနဲ႔၊ ရင္ထဲက လႈိက္လႈိက္လဲွလွဲ ေက်းဇူးတင္ရွိ ပါေၾကာင္း ေျပာၾကား လုိပါတယ္။

ခရစၥမတ္ရဲ့အဓိကအႏွစ္သာရက ဘာမ်ားျဖစ္မလဲလုိ႔စဥ္းစားလုိက္ရင္၊အအအေျဖက ရုိးရုိး ရွင္းရွင္းေလး ေတြ႔ရမွာပါ။ လူသားတုိင္းအေပၚ ဘုရားရွင္ရဲ့ၾကီးမားလွတဲ့ ခ်စ္ျခင္းေမတၱာကုိဘဲ ခရစၥမတ္ရဲ့အႏွစ္သာရအျဖစ္ညႊန္ျပရမွာပါ။ သံေယာဟန္ ၃း ၁၆ မွာ “မိမိ၏ တစ္ပါး တည္းေသာသားေတာ္ကုိ စြန္႔ေတာ္မူသည့္တုိင္ေအာင္ ဤေလာကကုိ ခ်စ္ေတာ္မူ၏ဆုိတဲ့ က်မ္း စကားအတိုင္း မိမိရဲ့တစ္ပါးတည္းေသာသားေတာ္ျဖစ္တဲ့ ခရစ္ေတာ္ဘုရားကုိ ဒီကမၻာေလာကထဲ ကုိ ေစလြတ္ျပီး၊ အျပစ္မေကာင္းမႈႏြံမွာ နစ္မြန္းေနၾကတဲ့ ေမွ်ာ္လင့္ခ်က္မဲ့ ေလာကလူသား ေတြကုိ ကယ္တင္ေစခဲ့တယ္။ ကယ္ခြၽတ္ေစခဲ့တယ္။ မေကာင္းမႈ၊ မတရားမႈ၊ ေမတၱာ ကင္းမဲ့မႈအားလုံးရဲ့ ပင္မၾကီးျဖစ္တဲ့ ရန္သူနတ္ဆုိးရဲ့လက္တြင္းကေန ေလာကလူသားေတြကုိ ကယ္တင္တဲ့အခါ၊ ခရစ္ေတာ္အသုံးျပဳခဲ့တဲ့တစ္ခုတည္းေသာဗ်ဴဟာ၊ အစြမ္းထက္ဆုံးလက္နက္က သူ႔ရဲ့ၾကီးမားတဲ့ ခ်စ္ျခင္းေမတၱာဘဲျဖစ္တယ္။ ဒါေၾကာင့္ခရစၥမတ္စ္ရဲ့ အႏွစ္သာရကုိ တနည္း ေျပာရရင္၊ ေလာကလူသားေတြကုိ ခ်စ္ျခင္းေမတၱာေပးေ၀ဖုိ႔၊ ခ်စ္ျခင္းေမတၱာျပသဖုိ႔၊ ဘုရားရွင္ ကိုယ္တုိင္ လူ႔ဇာတိကုိယူခဲ့ျခင္းဘဲျဖစ္တယ္။ ဒါေၾကာင့္ ခရစၥမတ္ပြဲေတာ္ကာလမွာ တစ္ဦးနဲ႕ တစ္ဦး Merry Christmas လုိ႔ ႏႈတ္ဆက္ျခင္းဟာ တစ္ဦးအေပၚတစ္ဦး ခ်စ္ခင္ျခင္း ေမတၱာ ရွိျခင္းဆုိတဲ့ ခရစၥမတ္ရဲ႕အႏွစ္သာရကုိ ေဖာ္ျပျခင္းျဖစ္ပါတယ္။ ခ်စ္ျခင္းေမတၱုာသည္သာလွ်င္ ညီအစ္ကုိအခ်င္းခ်င္းၾကား နာက်ဥ္းမႈမ်ားကုိ ကုသေပးႏုိင္စြမ္းရွိပါတယ္။ ညီအစ္ကုိ အခ်င္းခ်င္း ၾကား သံသယၾကီးထြားမႈေတြကုိေလ်ာ့က်ျပီး တစ္ဦးကတစ္ဦးအေပၚ ယုံၾကည္မႈတုိးပြားေစႏုိင္ ပါတယ္။ ၾကမ္းတမ္းခက္ထန္မႈမ်ားေနရာမွာ ၿငိမ္းခ်မ္းျခင္းကုိအစားထုိးႏုိင္စြမ္းရွိပါတယ္။ ခ်စ္ျခင္းေမတၱာသည္သာလွ်င္ ပဋိပကၡအားလုံးရဲ့ အရင္းအျဖစ္ျဖစ္တဲ့ မတရား၊ မမွ်တမႈမ်ားကုိ ျမင္ေတြ႔ႏုိင္ျပီး ဖယ္ရွားႏုိင္စြမ္းကုိေပးႏုိင္ပါတယ္။ ခ်စ္ျခင္းေမတၱာသည္သာလွ်င္ ညီအစ္ကုိမ်ား ၏ အမွန္တကယ္လုိအပ္ခ်က္ေတြကုိျမင္ေတြ႔ျပီး ကူညီျဖည့္ဆည္းေပးႏုိင္စြမ္းရွိပါတယ္။ အတို ခ်ဳပ္ေျပာရရင္၊ ေသြးခ်င္းညီအစ္ကုိအခ်င္းခ်င္းၾကား၊ အျပန္အလွန္ခ်စ္ျခင္းေမတၱာထားႏုိင္မွသာ ကြၽႏု္ပ္တုိ႔တစ္ဦးဆီရဲ့ႏွလုံးသားထဲမွာ စစ္မွန္တဲ့ျငိမ္းခ်မ္းျခင္းကုိ ရရွိပုိင္ဆုိင္ႏုိင္မွာျဖစ္တယ္။ တစ္ဦးစီတစ္ေယာက္စီတုိင္း၊ အတြင္းႏွလုံးသားမွာ ျငိမ္းခ်မ္းမွလည္း မိမိတို႔ပတ္၀န္းက်င္ မိမိတုိ႔ရဲ့ႏုိင္ငံ၊ မိမိတုိ႔ရဲ့ကမၻာၾကီးမွာလုိအပ္ေနတဲ့ ျငိမ္းခ်မ္းျခင္းကုိ အမွန္တကယ္ ေဖာ္ေဆာင္ႏုိင္ မွာ ျဖစ္ပါတယ္။

ျငိမ္းခ်မ္းျခင္းႏွင့္ပါတ္သက္လုိ႔ ပုပ္ရဟန္းမင္းၾကီး Francis အရွင္သူျမတ္က ၂၀၁၆ခုႏွစ္ ကမၻာျငိမ္းခ်မ္းေရးေန႔မွာ ေလာကလူသားအားလုံးကုိ သတိေပးႏုိးေဆာ္တဲ့ အခ်က္ေလးတစ္ခ်က္ ကုိလဲ ျပန္လည္ေ၀မွ်လုိပါတယ္။ ပုပ္ရဟန္းမင္းႀကီး မိန္႔ဆုိခဲ့တာကေတာ့ “ေကာင္းျမတ္ေတာ္ မူတဲ့ဘုရားရွင္ကုိယ္တုိင္ ဒီကမၻာေလာကထဲ ျငိမ္းခ်မ္းေရးမ်ိဳးေစ့ေတြကုိ ႀကဲခ်ေပးခဲ့တယ္။ ဒီျငိမ္း ခ်မ္းျခင္းမ်ိဳးေစ့ေတြ အပင္ေပါက္ႏုိင္ခြင့္ရရွိၿပီး ဆက္လက္ရွင္သန္ၾကီးထြားႏုိင္ဖုိ႕ အသီးအပြင့္မ်ား ေ၀ဆာေနဖုိ႔ ကြၽႏု္ပ္တုိ႔တစ္ဦးဆီက အင္တုိက္အားတုိက္စုိက္ပ်ိဳးၾကရမယ္။ ျပဳစုၾကရမယ္။ ကြၽႏု္ုပ္တုိ႔ ေလးေလးနက္နက္သတိထားသင့္တဲ့အခ်က္တစ္ခုကေတာ့ ဒီေန႔ျငိမ္းခ်မ္းျခင္းရဲ့အႀကီး မားဆုံးရန္သူဟာ စစ္ပြဲေတြ၊ အၾကမ္းဖက္မႈေတြေလာက္ဘဲလုိ႔ ယူဆလုိ႔မရပါဘူး။ ပတ္၀န္း က်င္မွာ ျဖစ္ပ်က္ေနတဲ့ျပႆနာ၊ မမွ်တမႈ၊ ပဋိပကၡေတြကုိ ေရငုံႏႈတ္ပိတ္လစ္လ်ဴ႐ႈ ထားျခင္း ဟာလည္း ျငိမ္းခ်မ္းျခင္းရဲ့ ၾကီးမားတဲ့ရန္သူျဖစ္တယ္” လုိ႕ ေထာက္ျပခဲ့ပါတယ္။

ျမန္မာျပည္ရဲ့အေျခအေနေတြကုိ ေကာင္းစြာနားလည္သေဘာေပါက္ထားတဲ့ ပုပ္ရဟန္း မင္းႀကီး Francis အရွင္သူျမတ္က ကြၽႏု္ပ္တုိ႕နဲ႔ေတြ႔တဲ့အခ်ိန္၊ ျမန္မာျပည္ႀကီးၿငိမ္းခ်မ္း သာယာေရးအတြက္ လူ႔အခြင့္အေရးမ်ားကုိ ပုိမုိေလးစားတန္ဖုိးထားတဲ့၊ စစ္မွန္ေသာ ဒီမုိကေရစီ ႏုိင္ငံေတာ္ႀကီး တေန႔တျခားပီပီျပင္ျပင္ျဖစ္တည္လာေရအတြက္၊ လုပ္ေဆာင္ၾကရာမွာ ဗုိလ္ခ်ဳပ္ မွဴးႀကီးထံမွလည္း သူအေနနဲ႕ မ်ားစြာေမွ်ာ္လင့္ထားေၾကာင္း သူရဲ႕ေမွ်ာ္လင့္ခ်က္ကုိ ပြင့္ပြင့္ လင္းလင္း ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ျငိမ္းခ်မ္းေရးတည္ေဆာက္ဘုိ႔ဆုိတာကလဲ တကယ္ေတာ့ လူသားတုိင္းအတြက္ ဘုရားရွင္ကုိယ္တုိင္တာ၀န္ေပးထားတဲ့ ဘုရားေပးတာ၀န္တစ္ရပ္လည္းျဖစ္ တယ္။ ခရစၥမတ္စ္ပြဲရဲ့ မဂၤလာသတင္းစကားလဲျဖစ္ပါတယ္။

ခရစ္ေတာ္ဘုရားရွင္ ဒီကမၻာေလာကထဲ လူသားတစ္ေယာက္အေနနဲ႔ <ကျမန္းလာတဲ့ အခါ၊ ျငိမ္းခ်မ္းျခင္းသတင္းေကာင္းကုိ သယ္ေဆာင္လာခဲ့တယ္။ “ေျမၾကီးေပၚ၌ စိတ္ေကာင္း ႏွလုံးေကာင္းရွိသူတုိ႔အား ျငိမ္းသက္ျခင္းရွိေစသတည္း”။ ယေန႔ကမၻၻာၾကီးမွာ ျငိမ္းခ်မ္းေရး ဘယ္ေလာက္လုိအပ္သလဲ၊ အထူးသျဖင့္ ကြၽႏု္ပ္တုိ႔ေသြးခ်င္းညီအစ္ကုိမ်ား မွီတည္းေနထုိင္ၾကတဲ့ ျမန္မာျပည္ၾကီးမွာျငိမ္းခ်မ္းျခင္း ဘယ္ေလာက္လုိအပ္ေနသလဲ၊ ကြၽႏု္ပ္တုိ႔ အသိဆုံးျဖစ္တယ္။ အၾကမ္းဖက္မႈေတြ မၾကာခဏေတြ႔ၾကံဳေနရတယ္။ အဆုံးမသတ္ႏုိင္တဲ့ ျပည္တြင္းစစ္ေတြ၊ ဒီစစ္ပြဲ ေတြရဲ့အက်ိဳးဆက္အျဖစ္ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့အျပစ္မဲ့ ျပည္သူဒုကၡသည္ေတြနဲ႔ ျပည့္နက္ ေနေသးတဲ့အေျခအေနေတြ၊ စတဲ့အနိဌာန္ရုံေတြနဲ႔ေတြ႔ၾကံဳခံစား ေနရဆဲျဖစ္တယ္။ အခ်င္းခ်င္း မညီညြတ္မႈအေပၚအေျခခံျပီး ႏုိင္ငံတကာအဖြဲ႔အစည္းအခ်ိဳ႕ရဲ့ ထုိးႏွက္မႈ ဖိအားေပးမႈေတြလဲ ခံစားေနရဆဲျဖစ္တယ္။ ခရစၥမတ္စ္အခ်ိန္က ကြၽႏု္ပ္တုိ႔အားလုံးကုိ တစ္ဦးႏွင့္တစ္ဦး ေမတၱာ မွ်ေ၀ၾကဖုိ႕၊ ေသြးစည္းညီညြတ္ၾကဖုိ႕၊ တရားမွ်တမႈကုိအေလးထားၾကဖုိ႕၊ ကြဲျပားမႈေတြရဲ့ အေၾကာင္းအရင္းေတြကုိရွာေဖြျပီး၊ ရင္ၾကားေစ့ေရး ၾကိဳးပမ္းၾကဖုိ႕ ဖိတ္ေခၚေနပါတယ္။ ဤအခ်က္မ်ားကုိ ေဖာ္ေဆာင္တဲ့အခါ၊ ဤယေန႔ထူးျမတ္လွတဲ့ ခရစၥမတ္ပြဲေတာ္ေန႔ရဲ့ ေမြးေန႔ရွင္ ခရစ္ေတာ္ဘုရား သူ႔ရဲ့အသက္တာအားျဖင့္၊ သူ႔ရဲ့သြန္သင္ခ်က္မ်ားျဖင့္ ကြၽႏု္ပ္တုိ႔လူသားတုိင္း ကုိသင္ျပေနတာကေတာ့၊ ၿငိမ္းခ်မ္းေသာနည္းမ်ားျဖင့္ ေျဖရွင္းၾကမွသာလွ်င္ ခြင့္လႊတ္ျခင္း တရားကုိ လက္ကုိင္ထားႏုိင္ၾကမွသာလွ်င္၊ ေမတၱာတရားနဲ႔ျပည့္၀တဲ့ ျငိမ္းခ်မ္းတဲ့ လူ႔ေဘာင္ႀကီး ကုိတည္ေဆာက္ႏုိင္မယ္ဆုိတာကုိ ခရစၥမတ္ပြဲေတာ္က မီးေမာင္း ထုိးျပေနပါတယ္။

ေနာက္ဆုံးအေနနဲ႔ ကြၽႏု္ပ္ထပ္မံဆုေတာင္းေပးျခင္းတာကေတာ့၊ ကြၽႏု္ပ္တုိ႔ အလြန္ ခ်စ္ျမတ္ႏုိးတဲ့ ကြၽႏု္ပ္တုိ႔ရဲ့ျမန္မာႏုိင္ငံေတာ္ၾကီး ဘုရားရွင္၏ ေကာင္းၾကီးမဂၤလာေတာ္ႏွင့္ ျပည့္၀ျပီး ထာ၀ရတည္တံ့ေသာျငိမ္းျခင္း အျမန္ဆုံးတည္ေဆာက္ႏုိင္ပါေစ။ ဤႏုိင္ငံေတာ္ ႀကီးတြင္မွီတင္းေနထုိင္ၾကေသာ သားသမီးတစ္ဦးစီတုိင္း ကုိယ္စိတ္နွစ္ျဖာ၊ က်န္းမာခ်မ္းသာျပီး၊ သားသမီးတုိင္းသည္သာယာ၀ေျပာေသာ၊ ျငိမ္းခ်မ္းေသာ၊ ထြန္းလင္းေတာက္ပေသာ ေမွ်ာ္လင့္ ခ်က္မ်ားေပးစြမ္းႏုိင္ေသာ ေခတ္သစ္ျမန္မာျပည္ၾကီး၏ သားသမီးရတနာမ်ား ျဖစ္ႏုိင္ၾကပါ ေစလုိ႔ ခရစၥမတ္ဆုေတာင္းျဖင့္ ထပ္ေလာင္း ဆႏၵ ျပဳလုိက္ပါတယ္။

 

                                                        ခ်ားစ္ကာဒီနယ္ဘုိ

                                                    ရန္ကုန္ဂုိဏ္းခ်ဳပ္ဆရာေတာ္ၾကီး

                                                        ခရစၥမတ္ပြဲေန႔၊ ၂၀၁၉

 

 

 

 

 

 

 

 

Add new comment

8 + 4 =