ရဟန်းအမတ်ကာဒီနယ်ကြီးများအွန်လိုင်းအစည်းအဝေးကျင်းပမည်

ရဟန်းအမတ်ကာဒီနယ်ကြီးများအွန်လိုင်းအစည်းအဝေးကျင်းပမည်

ရဟန်းအမတ်ကာဒီနယ်ကြီးများအွန်လိုင်းအစည်းအဝေးကျင်းပမည်

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပြတ်လတ်နေခဲ့သည့် အစည်းအဝေးကို ကာဒီနယ် ရဟန်း အမတ်ကြီးများဟာ အင်္ဂါနေ့မှာ ပြုလုပ်ကျင်းပမှာဖြစ်တယ်လို့ ဗာတီကန် သတင်းတိုက်မှ တရားဝင်ကြေငြာလိုက်ပြီဖြစ်ပါတယ်။

C6 ထိပ်သီး ကာဒီနယ်အဖွဲ့ဟာ အင်္ဂါနေ့ နေ့လည်မှာ အွန်လိုင်းဖြင့်အစည်းအဝေးကျင်းပမည်ဖြစ်ကြောင်း ဖြစ်ပွားနေတဲ့ ကျန်းမာရေး ပြဿနာများ အကြား အစည်းအဝေးကို ဘယ်လိုဆက်လက်လုပ်ကြတွေ့ဆုံကြမည်ကိုလည်း ဒီအစည်းအဝေးကြီးမှာ ဆွေးနွေးသွားကြမှာဖြစ်တယ်လို့ ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို ဘရူနီက ပြောကြားခဲ့ပါတယ်။

၃၃ ကြိမ်မြောက်အစည်းအဝေးကို ကာဒီနယ်ကြီးမျာစဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ မှ ၁၉ အထိကျင်းပခဲ့ကြပြီး ဒီနောက်မှာတော့ ကိုဗစ်ကြောင့် မကျင်းပနိုင်ခဲ့ကြောင်း

ဖေဖော်၀ါရီအစည်းအဝေးမှာ ထိပ်သီး ကာဒီနယ်ကြီး ၆ ပါးတို့ ဟာ ရောမရုံးတော်များအတွက် တမန်တော်ကြီး ဉပဒေ မူကြမ်းကို ပြင်ဆင်ခဲ့ကြပြီး အတည်ပြုချက်ရရှိတာနဲ့ ပုပ်စိန့်ဂျွန်ပေါလ် ၂ ထုတ်ပြန်ခဲ့သော "Pastor Bonus" ဟူ သည့် ဉပဒေ နေရာမှာအစားထိုးမှာဖြစ်တယ်လို့ဆိုပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3jWhz1H

 

Add new comment

13 + 0 =