ရဟန်းသစ်မှ မိခင်ဖြစ်သူကို အားပါးတရပွေ့ဖက်သည့်ပုံသည် လူမှုကွန်ရက်၌လူကြည့်များခဲ့ဟုဆို

ရဟန်းသစ်မှ မိခင်ဖြစ်သူကို အားပါးတရပွေ့ဖက်သည့်ပုံသည် လူမှုကွန်ရက်၌လူကြည့်များခဲ့ဟုဆို

ရဟန်သိက္ခာထပ်ပေးသည့် မစ္ဆားတရားအပြီး ရဟန်းသစ်များသည် မိမိတို့၏ သက်ရှိထင်ရှားရှိကြ မိဘများအား မိမိတို့၏ရဟန်းသစ်ကောင်းကြီးကိုဦးစွာပေးလေ့ရှိသည်။ ထို့အတူ အချို့သောရဟန်းသစ်များသည် မိဘတို့ကို ၀မ်းသာအားရပွေ့ဖက်လေ့ရှိသည်။ ဘေးမှမြင်ကြရသူများလည်း အလွန်စိတ်လှုပ်ရှားပီတိပွားရသည်။ လူမှုကွန်ယက်မှာလည်း တမဟုတ်ချင်းပျံ့နှဲ့သွားခဲ့သည်။

"ကျွန်မရဲ့အံ့အားသင့်သွားမှုကိုကျွန်မသတိရနေမိတယ်။ အဲ့ဒါကဘာလဲဆိုတော့ လက်ထပ်ထိမ်းမြှားခြင်းစက္ကရာ မင်တူးခံယူတုန်းကပြုခဲ့တဲ့ကတိသစ္စာစကားတွေဆိုပြီးတဲ့နောက် ကျွန်မက သတို့သမီးဖြစ်သွားတယ်။ ကျွန်မမှာ တရား၀င်အကြင်လင်ယောကျာ်းရှိသွားတယ်ဆိုတာပါဘဲ။ အဲ့ဒီကတိသစ္စာစကားဆိုတဲ့အချိန်လေးကတော့ မိနစ်ပိုင်းလောက် ပေါ့။ အဲ့အချိန်လောက်နဲ့လည်း လုံလောက်ပါတယ်။ အချိန်သိပ်များများယူပြီးပြောနေဖို့မလိုဘူး။ အဲ့ဒီတိုတောင်းတဲ့အ ချိန်က ကျွန်မအတွက်လုံလောက်ပါတယ်။ အဲ့ဒီ စာကြောင်းအနည်းငယ်က ကျွန်မရဲ့အနာဂတ်ဘ၀တစ်ခုလုံးကိုပြောင်းလဲ သွားစေခဲ့တယ်။ အဲ့လိုပြောင်းလဲသွားစေခဲ့တာက ကျွန်မဘ၀တစ်ခုထဲမဟုတ်ဘူး။ အဲ့လိုဖြစ်ရတာဟာ စက္ကရာမင်တူးရဲ့ အစွမ်းကြောင့်ပါ။ အဲ့သလိုပါဘဲ။ အခုဒီရဟန်းသစ်လေး၏ရဲ့ဘ၀၊ ခံစားချက်လေးက တိုတောင်းလှတဲ့အချိန် အတောအ တွင်းသူ့ရဲ့သာသနာပိုင်ဆရာတော်ကနေပြီးတော့ ဆုတောင်းမေတ္တာတွေရွတ်ဆိုပူဇော်ပြီးတဲ့အခါ ထာ၀ရရဟန်းတော်ဖြစ် လာတယ်။ ဒီအခမ်းအနားတိုလေးကြောင့် သူ့ရဲ့အနာဂတ်ဟာ လုံး၀ပြောင်းလဲသွားတယ်။ သူဟာလူငယ်ဖြစ်နေပေမယ့် တိုတောင်းတဲ့အချိန်ကာလအတွင်း သူပြုခဲ့တဲ့ကတိသစ္စာကြောင့် အပြင်ကလူငယ်တစ်ယောက်လိုသူနေလို့မဖြစ်ဘူး။ ၀တ်စားလို့မရဘူး။ ကျင့်ကြံနေထိုင်လို့မရတော့ဘူး "ဟုမိခင်ဖြစ်သူကဆိုသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3zj4F8h

Add new comment

4 + 2 =