ရဟန်းမင်းအမတ် ကာဒီနယ် လီဗာဒါ ပျံလွန်တော်မူခဲ့ခြင်းအတွက် ရဟန်းမင်းကြီး ဝမ်းနည်းသဝဏ်လွှာ ပေးပို့

ရဟန်းမင်းအမတ် ကာဒီနယ် ဝီလျှံ ဂျိုးဇက် လီဗာဒါ William Joseph Levada

ရဟန်းမင်းအမတ် ကာဒီနယ် လီဗာဒါ ပျံလွန်တော်မူခဲ့ခြင်းအတွက် ရဟန်းမင်းကြီး ဝမ်းနည်းသဝဏ်လွှာ ပေးပို့
စက်တင်ဘာလ ၂၇၊ ၂၀၁၉

သာသနာတော်၏ ယုံကြည်ခြင်းဆိုင်ရာ တာဝန်ခံအကြီးအကဲဟောင်း ရဟန်းမင်းအမတ် ကာဒီနယ် ဝီလျှံ ဂျိုးဇက် လီဗာဒါ William Joseph Levada သည် စက်တင်ဘာလ ၂၆ ရက်နေ့က အသက်တော် ၈၃ နှစ်တွင် ရောမမြို့၌ ပျံလွန်တော်မူခဲ့ခြင်းအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ ကာဒီနယ်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဆန်ဖရန်စစ်ကို (USA) ဂိုဏ်းချုပ်သာသနာနယ်သို့ ဝမ်းနည်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော ဆန်ဖရန်စစ်ကို (USA) ဂိုဏ်းချုပ်သာသနာနယ် ဂိုဏ်းချုပ်ဆရာတော် ဆာလဗာတိုရေ ဂျေ ကော်ဒီလီရောနီ Salvatore J. Cordileone နှင့် ဘုန်းတော်ကြီးများ၊ ဘာသာဝင်များ ထံသို့ ရဟန်းမင်းကြီး ပေးပို့သော သဝဏ်လွှာတွင် ချီးကျူးဂုဏ်ပြုထိုက်သော ရဟန်းမင်းကြီးရုံးတော် သာသနာတော်၏ ပညာရေး၊ ဘာသာတရားသင်ကြားရေး နှင့် စီမံခန့်ခွဲးရေး လုပ်ငန်းများ၊ ဘုန်းတော်ကြီးဘဝ၊ ဆရာတော်ဘဝ လော့စ်အန်ဂျေးလိစ်၊ ပိုလန် နှင့် ဆန် ဖရန်စစ်ကို (USA) တို့တွင် ကျေပွန်စွာထမ်းဆောင်ခဲ့သော သာသနာအလုပ်များ နှင့် ပေးဆပ်အနစ်နာခံခဲ့မူ့များအတွက် ကျေးဇူးတင်ကြောင်း နှင့် အဖဘုရားသခင်သည် သူ၏သစ္စာရှိသော အစေခံကို ကြိုဆိုနေမည်ဖြစ်ကြောင်း ရေးသားပေးပို့ခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2oKlO8P

 

Zawgyi

ရဟန္းမင္းအမတ္ ကာဒီနယ္ လီဗာဒါ ပ်ံလြန္ေတာ္မူခဲ့ျခင္းအတြက္ ရဟန္းမင္းႀကီး ဝမ္းနည္းသဝဏ္လႊာ ေပးပုိ႔
စက္တင္ဘာလ ၂၇၊ ၂၀၁၉

သာသနာေတာ္၏ ယုံၾကည္ျခင္းဆုိင္ရာ တာဝန္ခံအႀကီးအကဲေဟာင္း ရဟန္းမင္းအမတ္ ကာဒီနယ္ ဝီလၽွံ ဂ်ဳိးဇက္ လီဗာဒါ William Joseph Levada သည္ စက္တင္ဘာလ ၂၆ ရက္ေန႔က အသက္ေတာ္ ၈၃ ႏွစ္တြင္ ေရာမျမဳိ႕၌ ပ်ံလြန္ေတာ္မူခဲ့ျခင္းအတြက္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ အရွင္သူျမတ္မွ ကာဒီနယ္ႀကီး တာဝန္ထမ္းေဆာင္ခဲ့ေသာ ဆန္ဖရန္စစ္ကုိ (USA) ဂုိဏ္းခ်ဳပ္သာသနာနယ္သုိ႔ ဝမ္းနည္းသဝဏ္လႊာ ေပးပုိ႔ခဲ့ပါသည္။

လက္ရွိတာဝန္ထမ္းေဆာင္ေနေသာ ဆန္ဖရန္စစ္ကုိ (USA) ဂုိဏ္းခ်ဳပ္သာသနာနယ္ ဂုိဏ္းခ်ဳပ္ဆရာေတာ္ ဆာလဗာတုိေရ ေဂ် ေကာ္ဒီလီေရာနီ Salvatore J. Cordileone ႏွင့္ ဘုန္းေတာ္ႀကီးမ်ား၊ ဘာသာဝင္မ်ား ထံသုိ႔ ရဟန္းမင္းႀကီး ေပးပုိ႔ေသာ သဝဏ္လႊာတြင္ ခ်ီးက်ဴးဂုဏ္ျပဳထုိက္ေသာ ရဟန္းမင္းႀကီးရုံးေတာ္ သာသနာေတာ္၏ ပညာေရး၊ ဘာသာတရားသင္ၾကားေရး ႏွင့္ စီမံခန္႔ခြဲးေရး လုပ္ငန္းမ်ား၊ ဘုန္းေတာ္ႀကီးဘဝ၊ ဆရာေတာ္ဘဝ ေလာ့စ္အန္ေဂ်းလိစ္၊ ပုိလန္ ႏွင့္ ဆန္ ဖရန္စစ္ကုိ (USA) တုိ႔တြင္ ေက်ပြန္စြာထမ္းေဆာင္ခဲ့ေသာ သာသနာအလုပ္မ်ား ႏွင့္ ေပးဆပ္အနစ္နာခံခဲ့မူ႔မ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ႏွင့္ အဖဘုရားသခင္သည္ သူ၏သစၥာရွိေသာ အေစခံကုိ ၾကဳိဆုိေနမည္ျဖစ္ေၾကာင္း ေရးသားေပးပုိ႔ခဲ့ပါသည္။
By Kyi Maung
Credit to Vatican News
https://bit.ly/2oKlO8P

Add new comment

1 + 0 =