ရဟန်းမင်းကြီး ယူကရိန်းသမ္မတနှင့်ဖုန်းဖြင့်စကားပြော

ရဟန်းမင်းကြီး ယူကရိန်းသမ္မတနှင့်ဖုန်းဖြင့်စကားပြော

ရဟန်းမင်းကြီး ယူကရိန်းသမ္မတနှင့်ဖုန်းဖြင့်စကားပြော

            ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့၊ စနေနေ့က ယူကရိန်းသမ္မတနှင့် ဖုန်းဖြင့်စကားပြောဖြစ်ခဲ့သည်။ ထိုဖုန်းစကားပြောနေစဉ်၌ပင်လျှင် မြို့တော်ကြီးပေါ်၌ ကမ္ဘာပျက် သယောင်ဖြစ်နေသည့်အသံကိုကြားနေရသည်။ ယူကရိန်းနိုင်ငံ၏ဗာတီကန်သံအမတ်က ‘ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ရဟန်းမင်းကြီးလွန်စွာစိတ်ခိုက်ခံစားရကြောင်း’ တွီတာလူမှုကွန် ရက်တွင်ရေးတင်ထားသည်။ ယူကရိန်းသမ္မတကလည်း ‘ယူကရိန်းနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် စစ်မီးချုပ်ငြိမ်းရေးအတွက် ဆုတောင်းပေးသော ရဟန်းမင်းကြီးအားကျေးဇူးတင်ကြောင်း၊ ယူက ရိန်းနိုင်ငံသားများအနေဖြင့် ရဟန်းမင်းကြီး၏၀ိညာဉ်ရေးအားပေးမှုကိုခံစားရကြောင်း’ ဖြင့်သူ၏တွီတာလူမှုစာမျက်နှာတွင်ရေးတင်ထားသည်။

ရဟန်းမင်းကြီးကလည်း ‘ယူကရိန်း၌ စစ် ပွဲမလိုလားသကဲ့သို့ ရုရှား၌လည်းမလိုလား။ ယေဇူးသခင်ကျွန်ုပ်တို့အား နတ်ဆိုး၏ဆင်ခြင်မဲ့အကြမ်းဖက်လုပ်ရပ်ကို ဘုရား သခင်၏လက်နက်ဖြင့်တုန့်ပြန်ရန်သင်ကြားပေးခဲ့ကြောင်း၊ ထို လက်နက်ကား ဆုတောင်းခြင်းနှင့်၀ါရှောင်ခြင်းဖြစ်ကြောင်း၊  ငြိမ်သက်ခြင်း၏ဘုရင်မ ကမ္ဘာကြီးအား စစ်၏မကောင်းဆိုး၀ါးအင်အားမှကာကွယ်တော်မှုပါ’ ဟုတွီတာ၌ ရေးတင်ထားသည်။

ယူကရိန်းအတွက်အတူတကွဆုတောင်းစို့ဟု နိုးဆော်သော လူမှုကွန်ရက်အဖွဲ့တစ်ဖွဲ့ကလည်း ခရူးစူးပုံတော်ဖြင့် ယူကရိန်းနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် ရဟန်းမင်းကြီးမှ ၀ါရှောင်ဆု တောင်းရန်တောင်းဆိုထားသော မတ်လ (၂) ရက်နေ့နီးကပ်လာနေပြီ။ ရဟန်းမင်းကြီး ယူကရိန်းသမ္မတအားဖုန်းဆက်စကားပြောသောနေ့ကား ရဟန်းမင်းကြီးရုရှားသံရုံးသို့သွားပြီး၊ မိ နစ်သုံးဆယ်ကြာစကားပြောဆိုပြီးနောက်တစ်နေ့၌ဖုန်းဆက်လိုက်ခြင်းဖြစ်သည်သိရသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

  https://bit.ly/36NKByX

Add new comment

9 + 4 =