ရဟန်းမင်းကြီး ဘက်နဒစ် အတွက် ဗာတီကန် နိုင်ငံတော် စျာပန အခမ်းအနား အချိန်ဇယား

ရဟန်းမင်းကြီး ဘက်နဒစ် အတွက် ဗာတီကန် နိုင်ငံတော် စျာပန အခမ်းအနား အချိန်ဇယား

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ရုပ်ကလာပ်အား ဇန်နဝါရီလ ၂ ရက်နေ့၊ တနင်္လာနေ့ မတိုင်မီ အထိ Mater Ecclesiae Monastery တွင်သာ ထားရှိမည် ဖြစ်သည်။

ထိုအချိန်အထိ စျာပနရှုခွင့်၊ အစုအဖွဲ့ဖြင့် လာရောက်ဆုတောင်းခွင့် ပြုသည့် အစီအစဉ် မရှိပေ။

ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် ၉ နာရီမှ စ၍ ယုံကြည်သူ ပြည်သူအများက ရဟန်းမင်း ကြီး၏ ရုပ်ကလာပ်အား စိန့်ပီတာ ရင်ပြင်တွင် လာရောက် အရိုအသေပြုခွင့် ရရှိမည် ဖြစ်သည်။

ဇန်နဝါရီလ ၂ ရက်‌၊ နေ့တွင် တနင်္လာနေ့၊ နံနက် ၉ နာရီမှ ညနေ ၇ နာရီ၊ ဇန်နဝါရီလ၃ ရက်၊ အင်္ဂါနေ့နှင့် ဇန်နဝါရီလ ၄ ရက်၊ ဗုဒ္ဓဟူးနေ့တွင် နံနက် ၇ နာရီမှ ညနေ ၇ နာရီကြားတွင် ယုံကြည်သူများက ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား လာရောက် အရိုအသေပေးပြုနိုင်ရန် အချိန် သတ်မှတ်ထားသည်။

ရဟန်းမင်းကြီး ဖရန်စစ်သည် ဇန်နဝါရီလ ၅ ရက်၊ ကြာသပတေးနေ့တွင် နံနက် ၉:၃၀ နာရီတွင် ပျံလွန်တော်မူသွားသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အတွက် န့်ပီတာ ရင်ပြင်၌စျာပန အခမ်းအနား မစ္ဆားတရားတော်မြတ်အား ဦးဆောင်ကျင်းပမည် ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ ရုပ်ကလာပ် အား လာရောက် အရိုအသေပေးရန်နှင့် စျာပန မစ္ဆားတရားတွင် ပါဝင်ရန် အခကြေးငွေယူ၍ လက်မှတ်ရောင်းချခြင်း

မရှိပါ။

ရဟန်းများ စျာပန မစ္ဆားတရားတွင် ပါဝင်လိုပါက မစ္ဆားပူဇော်ခြင်း ဆိုင်ရာ ရဟန်းမင်းကြီးရုံးသို့ (၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နောက်ဆုံးထား၍) အကြောင်းကြားရန် လိုအပ်ပြီး စျာပန မစ္ဆား အတွက် ဂျာမနီနှင့် အီတလီမှ ရဟန်း၊ ဆရာတော်၊ ကာဒီနယ်များအား တရားဝင် ကိုယ်စားလှယ်များ အဖြစ် သတ်မှတ်ထားသည်ဟုကြေငြာခဲ့သည်။

ရဟန်းမင်းကြီး ဖရန်စစ် ဦးဆောင်သည့်

စျာပန မစ္ဆား အခမ်းအနား အပြီးတွင် ရဟန်းမင်းကြီး ဘက်နဒစ်၏ ရုပ်ကလာပ်အား ဗာတီကန် မြေအောက်ရှိ ရဟန်းမင်းကြီးများ မြုပ်နှံရာ နေရာတွင် သွားရောက် မြေချမည် ဖြစ်ပါသည်။

 

 

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Reference

Vatican News

Ratzinger Foundation

https://bit.ly/3Cf67cK

Add new comment

2 + 2 =