ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အခြေအနေ

ရဟန်းမင်းကြီး ဘက်နဒစ်ရဲ့ ကျန်းမာရေး အခြေအနေ

၂၉ ဒီဇင်ဘာ ၂၀၂၂ ခုနှစ်

EWTN Portal reports ရဲ့ သတင်းတင်ပြချက် အရ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ က ကျန်းမာရေး နောက်ဆုံး စိုးရိမ်ရတဲ့ အဆင့်ကို ရောက်နေပြီး အချိန်မရွေး ပျံလွန်သွားနိုင်တယ်လို့ အရိပ်အမြွက်ပြောပါတယ်။

ရဟန်းမင်းကြီး ဘက်နဒစ်က မေ့မြောသွားခဲ့ပြီး သူ့ရဲ့ အရင်းနှီးဆုံး သူများက အနီးကပ် နေပြီး ပြုစုဆုတောင်းပေးနေခဲ့ပါတယ်။ ၂၈ ဒီဇင်ဘာလ၊ မနေ့ညနေမှာတော့ ပုပ်ဘက်နဒစ်ကို Gemelli Polyclinic ဆေးရုံခေါ်သွားဖို့ သင့်မသင့် စဉ်းစားခဲ့ပေမယ့် ဆေးရုံခေါ်မသွားဘဲ Mater Ecclesiae Monastery မှာသာ အနီးကပ်ပြုစုမယ်လို့ လတ်တလော ဆုံးဖြတ်ခဲ့ပါတယ်။

အချိန်မရွေး ပျံလွန်သွားနိုင်တာကြောင့် ရဟန်းမင်းကြီး ဘက်နဒစ် အနေနဲ့ သေတမ်းစာ တစ်စောင်ကိုလည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ဗာတီကန် သတင်းဌာနကလည်း ကျန်းမာရေး အခြေအနေ ဆိုးရွားလာကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကျန်းမာရေး အခြေအနေ ပြန်လည် တည်ငြိမ်လာပြီး ရဟန်းမင်းကြီးကို အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှု ပေးထားကြောင်း သိရပါတယ်။

“လွန်ခဲ့တဲ့ နာရီပိုင်းမှာတော့ ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ရဲ့ အသက်အရွယ် ကြီးမြင့်မှုကြောင့် ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့တာ ကျွန်တော် အတည်ပြုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ကျန်းမာရေး အခြေအနေကို ထိန်းသိမ်းလာနိုင်ပြီး ဆရာဝန်များက ရဟန်းမင်းကြီးကို အနီးကပ် စောင့်ကြည့်ပေးနေပါတယ်။”လို့ ဗာတီကန် သတင်းပြန်ကြားရေး ဌာနရဲ့ ဒါရိုက်တာ ဖြစ်သူ မာတေးအို ဘရူနီက သတင်းထောက်များကို ဒီဇင်ဘာလ ၂၈ ရက်‌နေ့က ဖြေကြားပြောဆိုပါတယ်။

ကိုးကား - Escolástica da Depressão

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Add new comment

3 + 3 =