Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် စပိန်အခြေဆိုက် COPE ရေဒီယိုဌာ၏ စိတ်ဝင်စားဖွယ်ရာ တွေ့ဆုံ မေးမြန်းခြင်း
ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် နှင့် စပိန်အခြေဆိုက် COPE ရေဒီယိုဌာ၏ စိတ်ဝင်စားဖွယ်ရာ တွေ့ဆုံ မေးမြန်းခြင်း
ရဟန်းမင်းကြီးသည် ခွဲစိတ်မူခံယူပြီးနောက် စပိန်အခြေဆိုက် COPE ရေဒီယိုဌာ၏ တွေ့ဆုံ မေးမြန်းခြင်းကို ပထမဦးဆုံးစတင်ဖြေကြားလိုက်သည်။ တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်း အရာများ အနက် အူမခွဲစိတ်ခြင်းခံယူပြီး နောက်ပိုင်း အလွန်နေကောင်းကျန်းမာကြောင်း၊
ယခုအခါသူစားချင်ရာကိုလည်း ဆရာ၀န်များကခွင့်ပြုထားကြောင်း၊ ယခုတွေ့ဆုံမေးမြန်ခြင်း၌ ကာဒီနယ်အန်းဂျေလို Becciu နှင့်ပတ်သက်၍တရားရင်ဆိုင်နေရသည့်အကြောင်းကို ပထ မဦးဆုံးအကြိမ် လူသိရှင်ကြားထုတ်ဖော်ပြောကြားလိုက်သည်။ ယင်း ကာဒီနယ်သည် ယခင်ကရဟန်းမင်းကြီး နှင့်အလွန်နီး စပ်ခဲ့သူလည်းဖြစ်သည်။
ယခုကြုံနေရသော စွပ်စွဲချက်နှင့်ပတ်သက်၍ ရဟန်းမင်းကြီးအနေဖြင့် ကာဒီနယ်သည် ပြစ်မူကင်းရှင်းပါစေဟု ဆုတောင်းပေးပါကြောင်း၊ သူသည်ရဟန်းမင်းကြီး၏အကြံပေးသူလည်း ဖြစ်သည်။ အကူအညီများစွာရရှိခဲ့ကြောင်း၊ သူ့အား ပုဂ္ဂိုလ်ရေးအရလည်းလေးစားကြောင်း၊ ထို့ကြောင့်စွပ်စွဲချက်များမှဖြေရှင်းအောင်မြင်နိုင်ပါစေဟုဆုတောင်း ပေးခဲ့သည်။
လွိင်အကြမ်းဖက်မူနှင့်ပတ်သက်၍မေးမြန်းရာ အစိုးရများအနေဖြင့်ပိုမိုတင်းကြပ်သော အရေးယူမူဖြင့် ကလေးညစ်ညမ်းဗွီဒီယိုများကိုထိန်းချုပ်နှိမ်နင်းရန် ရဟန်းမင်းကြီးကတောင်းဆို ထားသည်။ ဤပြဿနာသည် ကမ္ဘာ တစ်၀ှမ်းနှင့်ဆိုင်သော အလွန်အရေးကြီးသည့်အကြောင်းအရာ ဖြစ်ကြောင်း၊ ယခုအခါနည်းပညာအကူအညီဖြင့် အ ရာရာကိုသိနိုင်ကြောင်း၊ ထို့ကြောင့် အစိုးရများ အနေဖြင့် မိမိတို့၏နိုင်ငံအတွင်း၌ မည်သည့်ရုပ်ရှင်ကုမဏီသည် ကလေးညစ်ညမ်းဗွီဒီယိုကားများ ကိုထုတ်လုပ်နေကြောင်းသိနိုင်သည်။
အာဖကန်နစ္စတန်အရေးနှင့်ပတ်သက်၍မေးမြန်းရာ ဒေသ၏ယဉ်ကျေးမူကိုလစ်လျူရူကာ ပြင်ပမှ၀င်ရောက် စွပ်ဖက်ပြီး၊ အခြားနိုင်ငံ၏ဒီမိုကရေစီကိုတည်ထောင်သည့်လုပ်ရပ်ကိုရပ်တန့်ရမည် ဖြစ်ကြောင်းရုရှားသမ္မတပူတင်၏ ပြောကြားချက်ကိုကိုးကားပြောဆိုခဲ့သည်။ ဤအခြေအနေသည် ကျောက်သွေးသည့်အလုပ်သည်ကဲ့သို့ အလွန်ကျယ် ပြောသည်။ လူတိုင်းမိမိတို့၏အတွေးအမြင် ရှိကြသည်။ သို့သော် အထက်ကအတိုင်းပြောဆိုချက်သည် အတွေးအမြင် ပါသောပြောဆိုချက် ဖြစ်သည် ဟုခံယူကြောင်းပြောကြားခဲ့သည်။
ရဟန်းမင်းကြီးနှင့်တွေ့ဆုံမေးမြန်းချက်ကိုပြုလုပ်သူမှာ စပိန်နိုင်ငံ၌အလွန်နာမည်ရသော သတင်းထောက် Carlos Herrera ဖြစ်သည်။ ရဟန်းမင်းကြီးနှင့်တွေ့ဆုံမေးမြန်းရခြင်းနှင့်ပတ်သက်၍ သူ၏ခံစားချက်ကိုပြောပြရာ၌ ရဟန်းမင်းကြီးနှင့်နေ့စဉ်တွေ့ဆုံမေးမြန်းရခြင်းမဟုတ်သောကြောင့် အလွန်စိတ်လှုပ်ရှားရကြောင်း၊ ရဟန်းမင်းကြီး သည်တွေ့ဆုံမေးမြန်းချက်ကို ၊ ယခုမေးယခုဖြေကြားခြင်း၊ မဟုတ်သောကြောင့် အချိန်ယူပြင်ဆင်ခဲ့ရကြောင်း၊ အမှန်တ ကယ်တွေ့ဆုံရချိန်၌ ရဟန်းမင်းကြီးသည် လိုလိုလားလားရှိပြီး၊ တစ်ဖက်သားမေးမြန်းရခက်အောင်လည်းမဖန်တီး ဘဲ၊ သက်တောင့်သက်သာဖြင့် မေးမြန်းသမျှကိုသူ၏ထင်မြင်ယူဆချက်များဖြင့်လိုရင်းတိုရှင်းဖြေကြားပေးခဲ့ သည်။ ရဟန်းမင်းကြီးလည်း တွေ့ဆုံမေးမြန်းမူကိုကျေနပ်ပုံရပါသည်။
အမှတ်တရာအဖြစ် ရဟန်းမင်းကြီးက Candelaria မယ်တော်ပုံတော်ကိုပေးခဲ့သည်။ တစ်ဆက်တည်း၌ပင် နောက်နှစ်သန့်ရှင်းသောရက်သတ္တပတ်ကို စပိန် နိုင်ငံ၊ Seville ၌ဆုံကြမည်ဟုဖိတ်ခေါ်လိုက်ကြောင်း၊ သို့သော် ထိုကာလမျိုး၌ ပုံမှန်အားဖြင့် သူအလွန်အလုပ်များနေ တတ်ကြောင်း ရယ်ရယ်ပြုံးပြုံးဖြင့်ပြောကြားခဲ့သည်။
ဘာသာပြန် - ဖာသာရ်ကလေးမင့်အားတယ်
Credit: https://youtu.be/HhRhWryT2tg
Add new comment