ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သူငယ်တော်‌‌ ယေဇူးဆင်းတုတော်အား ကောင်းကြီးပေးခြင်း

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သူငယ်တော်‌‌ ယေဇူးဆင်းတုတော်အား ကောင်းကြီးပေးခြင်း

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သူငယ်တော်‌‌ ယေဇူးဆင်းတုတော်အား ကောင်းကြီးပေးခြင်း
ဒီဇင်ဘာလ ၁၅၊ ၂၀၁၉

အာဒ်ဝင်တူးကာလ တတိယ တနင်္ဂနွေနေ့တွင် ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ သူငယ်တော်‌‌ ယေဇူးဆင်းတုတော်အား ကောင်းကြီးပေး အခမ်းအနားကိုပြုလုပ်ခဲ့ပါသည်။

သူငယ်တော်‌‌ ယေဇူးဆင်းတုတော်ကို စိန့်ပီတာရင်ပြင်တော်သို့ ကလေးသူငယ်များကယူဆောင်လာခဲ့ကြပြီး ရဟန်းမင်းကြီးမှ ကောင်းကြီးပေးခြင်း
ယင်းကဲ့သို့ကောင်းကြီးပေးခြင်း အခမ်းအနားအစဉ်အလာကို လွန်ခဲ့သောနှစ်ပေါင်း ၅၀ က ရဟန်းမင်းကြီး ဆဥမမြောက် ပေါလ် မှစတင်ခဲ့သောအစဉ်အလာဖြစ်ပါသည်။ ယင်းတနင်္ဂနွေနေ့ကို သူငယ်တော်‌ ယေဇူးတနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ပါသည်။
စိန့်ပီတာရင်ပြင်တော်တွင် စုရုံးနေသောကလေးသူငယ်များကို ရဟန်းမင်းကြီးမှ ကောင်းကြီးပေးကာ သူငယ်တော်အိမ်၏အမှတ်လက္ခဏာသည် အသက်ရှင်သောနှုတ်ကပတ်တော်၏လက္ခဏာဖြစ်ကြောင်း၊ ခရစ်စမတ်အချိန်အခါသာမယသည် ဘုရားသခင်လူတို့ဆီသို့ ကြွလာတော်မူသော လမ်းခရီး‌ တော်ဖြစ်ပြီး ဘုရား၏ကြီးမားသောချစ်ခြင်းမေတ္တာအားဖြင့် ကျွနုပ်တို့လူသားများကဲ့သို့လူ့အဖြစ်ယူကာ လူသားတဦးကဲ့သို့ကြွလာခဲ့ပါသည်၊ ကျွနုပ်တို့လူသားများသည်လည်း ဘုရား၏ချစ်ခြင်းမေတ္တာတော်ကိုတုံ့ပြန်သောအားဖြင့် ဘုရားနှင့်တစ်လုံးတစ်ဝတည်းရှိကြရန်လိုအပ်ကြောင်း သတိပေးဟောကြားခဲ့ပါသည်။
https://bit.ly/34qx7lP
#rvamyanmarservice

Add new comment

4 + 8 =