ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သံတာမော်နီကား၏ သချိုင်းဂူတွင် ဆုတောင်းရန် ရှင်သြဂုတ်စတင်း ဘာစီလီကာသို့ ကြွရောက်တော်မူ

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သံတာမော်နီကား၏ သချိုင်းဂူတွင် ဆုတောင်းရန် ရှင်သြဂုတ်စတင်း ဘာစီလီကာသို့ ကြွရောက်တော်မူ

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သံတာမော်နီကား၏ သချိုင်းဂူတွင် ဆုတောင်းရန် ရှင်သြဂုတ်စတင်း ဘာစီလီကာသို့ ကြွရောက်တော်မူ

ကမ်ပိုမာဇီယို (Campo Marzio)ရှိ ဘာစီလီကာသို့ အလည်အပတ်ခရီးတွင် ရဟန်းမင်းကြီး အရှင်သူမြတ်သည် သံတာမော်နီကား၏ သချင်္ု ိင်းဂူရှိသော ဘုရားကျောင်းငယ်သို့ သူမ၏ပွဲနေ့ဖြစ်သော သြဂုတ်လ(၂၇)ရက်နေ့တွင် ကြွရောက်ဆုတောင်းတော်မူခဲ့သည်။ 

သံတာမော်နီကားသည် သူမ၏ စံနမူနာကောင်းပြသခြင်း နှင့် သူမ၏သား သြဂုတ်စတင်း အကျင့်တရားပြောင်းလဲရန်အတွက် စဉ်ဆက်မပြတ်ဆုတောင်းခဲ့ခြင်းတို့အတွက် ဂုဏ်ပြုခြင်းခံခဲ့ရသည်။ သံတာမော်နီကားကို သာသနာတော်မှ ဝေးကွာသွားသော မိသားစုဝင်များအတွက် ကြားဝင်တောင်းလျှောက်ပေးသူအဖြစ် သာသနာတော်မှ သတ်မှတ်ပေးခဲ့သည်။ သူမသည် မိခင်များ၊ မယားများ၊ မုဆိုးမများ၊ ဒုက္ခတွေ့နေသာ စုံတွဲများနှင့် မတရားပြုကျင့်ခံခဲ့ရသော သားကောင်းများအတွက် ကိုးစားရာ ရဟန္တာဖြစ်သည်။ 

သံတာမော်နီကားသည် သူမ၏ အမျိုးသား ပက်ထရိတ်နှင့် သူမ၏သား သြဂုတ်စတင်းတို့ အကျင့်တရားပြောင်းလဲရန်အတွက် မျက်ရည်များဖြင့် အဆက်မပြတ်ဆုတောင်းခြင်းကို ပြုလုပ်ခဲ့သည်။ သူမ၏ ဆုတောင်းခြင်းအစွမ်းဖြင့် သူမ၏အမျိုးသားသည် မသေမှီတွင် ဆေးကြောခြင်းခံယူခဲ့ပြီး သူမ၏သား သြဂုတ်စတင်းသည်လည်း အကျင့်တရားပြောင်းလဲကာ ဆရာတော်တစ်ပါးဖြစ်လာခဲ့သည်။

ကမ်ပိုမာဇီယိုရှိ ရှင်သြဂုတ်စတင်းဘာစီလီကာတွင် ၁၆ရာစုလက်ရာဖြစ်ပြီး ကောင်းမွန်စွာမီးဖွားခြင်း၏မယ်တော်ဟု အမည်တွင်သော ကညာစင်မယ်တော်မာရီယား၏ ဆင်းတုတော် တည်ရှိပြီး များစွာသော အမျိုးသမီးများလည်း ကောင်းမွန်စွာ မီးဖွားနိုင်ရန်အတွက် လာရောက်ဆုတောင်းကြသည်။

 

ဘာသာပြန် - Bro.Patrick Aye Shine Aung

https://bit.ly/3jGW6tl

Photo courtesy of CNA

Add new comment

2 + 0 =